မြန်မာငွေ သိန်းဆယ်ချီ ရာချီ တန်ဖိုးရှိတဲ့ ကြက်နက်မျိုးဆိုတာ ဘယ်လိုတွေ ထူးခြားလို့လဲ

ရေမြေ ဒေသကြာင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥက အစ အနက်ရောင် ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာ ပေါ်မှာ တစ်နေရာတည်း မှာပဲ ရှိပါတယ်။

အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံ မှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါ တယ်။ မလေးရှာ းမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့်

အင်ဒိုက တကယ့် မိခင်ရင်းမြစ် နေရာ ပါ။ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစား တစ်ခု ဖြစ်ပါတယ်။

ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြ တယ်လို့ ဆိုပါတယ်။ ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရ ပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာ ပေးရတယ်။

ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင် ပေးဝယ် ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam Cemani လို့ ခေါ်ကြတယ်။

ဒီကြက် အနက်ရောင် ဖြစ်နေတာက မျိုးရိုးဗီဇ ဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာ ဖြစ်ပါတယ်။ဒီကြက် ဟာ တစ်ခါ ဥရင် အနည်းဆုံး

အလုံး ၂၀ ကနေ ၃၀ ကြား ဥ ပါတယ် ။ ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့ မတူဘဲ အကုန်လုံး နက်မှောင် နေတယ်။

ဒါပေမဲ့ အတွင်းသား ကတော့ ဖြူတယ်။ သူ့ရဲ့ အသား၊ အရိုး နဲ့ အရေပြား အားလုံး ကလည်း အနက်ရောင်ပါ။ စူပါမားကက် တွေမှာ ရောင်းလေ့ ရှိပါတယ်။

မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။ ဒီကြက်ဘုရင် ကြက်နက်ကို

ကံကောင်းခြင်း လို့ အင်ဒိုသားတွေက ယူဆကြတယ်။ တိုင်းရင်းဆေး မှာလည်း ဆေးဖက်ဝင် အမယ် အဖြစ် အသုံးပြုကြ ပါသေးတယ်။
credit

Leave a Reply

Your email address will not be published.