အိမ်မှာမီးအလင်းရောင်မှိန်လွန်းတာကြောင့် မနက်တိုင်းလိုလို ခုံးကျော်တံတားပေါ်မှာ အိမ်စာသွားလုပ်နေရတဲ့ ကျောင်းသားတစ်ဦး

လူများစွာအတွက် စာလုပ်တာကို အပြင်မှာမလုပ်ဘဲ အိမ်ထဲမှာသာလုပ်လို့ရတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် ဒီကောင်လေးအတွက်ကတော့ သူနေ့စဉ်နေ့တိုင်းလုပ်နေကျအရာတစ်ခုပါပဲ။

တရုတ်ပြည် Guizhou ပြည်နယ်မှအသက် ၈ နှစ်အရွယ်ကောင်လေး Qu Sinian ဟာ သူ့ရဲ့အိမ်အနီးရှိ ခုံးကျော်တံတားပေါ်တွင် နေ့စဉ်နေ့တိုင်း အိမ်စာသွားလုပ်နေခဲ့ရပါတယ်။

သူဟာ အိမ်စာလုပ်ရန်လမ်းမီးမှဖြာကျတဲ့အလင်းရောင်မှိန်မှိန်လေးအတွက် ခုံးကျော်တံတားသို့သွားရန် အခြားနည်းလမ်းမရှိနေပါဘူး။

ဟုတ်ပါတယ်၊ သူ့အတွက် ခုံးကျော်တံတားက အလင်းရောင်မရှိတဲ့သူ့ရဲ့နေအိမ်ထက် အများကြီးပိုကောင်းနေပါတယ်။ ဒုတိယတန်းကျောင်းသား Qu ဟာ ဖျားနာနေတဲ့မိခင်ဖြစ်သူ Li Gaoju က ခုံးကျော်တံတားသို့သွားတိုင်း မိခင်နှင့်အတူ အမြဲလိုက်ပါသွားတတ်ပါတယ်။

ထို့နောက် သူ့အား ကားများဖြတ်မောင်းနေတဲ့လမ်းမထက်ရဲ့ ဘေးတစ်နေရာ၌ ဆူညံသော်လည်း အိမ်စာကို ပြီးအောင် လုပ်လေ့ရှိပါတယ်။

Qu ဟာ ဌားရမ်းထားတဲ့ ၈ မီတာစတုရန်းပတ်လည်ရှိတဲ့နေအိမ်သို့မပြန်ခင်မှာ ၎င်းလမ်းဘေး၌ ၄ နာရီကြာ အိမ်စာလုပ်ပါတယ်။ “ ကျွန်မတို့အခန်းက အလင်းရောင်မကောင်းဘူး။

အရမ်းမှောင်နေပြီ။ ကျွန်မတို့မိသားစုကလည်း အရမ်းဆင်းရဲတယ်။ သူအိမ်စာလုပ်ဖို့ ဒီကိုလာရမယ်၊ အဲ့ဒါအပြင် တစ်ခြားနည်းလမ်းမရှိဘူး။ ” ဟု မိခင်ဖြစ်သူက ငိုရင်း သတင်းထောက်အား ပြောကြားခဲ့ပါတယ်။

စီချွမ်ပြည်နယ်မှရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ Qu ရဲ့ဖခင်ဟာ လွန်ခဲ့သောရှစ်နှစ်က သူ၏လုပ်ငန်းခွင်၌ မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ပြီး မသန်စွမ်းဖြစ်သွားခဲ့ပြီးနောက် ၎င်းတို့မိသားစုဟာ ခက်ခဲလာခဲ့ရပါတယ်။

ပိုဆိုးတာက သူ့ရဲ့မိခင်ဖြစ်သူက သူမရဲ့နှလုံးအခြေအနေမကောင်းသလို အလုပ်လည်းမလုပ်နိုင်ခဲ့တာကြောင့် သူ့အဖေဟာ မိသားစုတွင်တစ်ခုတည်းသော၀င်ငွေရှာသူဖြစ်နေခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ လစဉ် အမေရိကန် ဒေါ်လာ 153 ဝန်းကျင်သာ၀င်ငွေရှိပြီး ၀င်ငွေ၏ထက်ဝက်ဟာ ၎င်းတို့၏ငှားရမ်းခ ဒေါ်လာ ၆၁နှင့် ဒေါ်လာ ၁၅ က ချက်ပြုတ်ရန်နှင့် အေးသောညများတွင် နွေးထွေးစေရန်လိုအပ်တဲ့ကျောက်မီးသွေးများအတွက်သာ ဖြစ်ပါတယ်။

Qu က သူကြီးလာရင် ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး သူ့ရဲ့သင့်တင့်လျောက်ပတ်တဲ့လစာနဲ့သူ့မိဘတွေကို ပြုစုကုသပေးနိုင်ဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Qu ဟာ ကျောင်းတွင် A အဆင့်ရှိကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲမှာ ဘာလိုချင်လဲလို့မေးတဲ့အခါ Quက လူများနေတဲ့ခုံးကျော်တံတားမှာထက် အိမ်မှာသာ အိမ်စာလုပ်ချင်တာကြောင့် မီးအားကောင်းတဲ့မီးအိမ်တစ်ခုကို လိုချင်ကြောင်းပြောခဲ့ပါတယ်။

ဒီနှစ်တွေမှာ Qu ရဲ့မိသားစုအခြေအနေပိုကောင်းလာဖို့ မျှော်လင့်ပြီး Qu က ဆရာဝန်တစ်ယောက်ဖြစ်လာဖို့နှင့် သူ့ရဲ့အိမ်မက်ကို လက်မလျော့ဘဲ ဆက်လက်ကြိုးစားနေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
credit

Leave a Reply

Your email address will not be published.