မျက်နှာပေါ်က ဝက်ခြံတွေ တကယ်ပျောက်ချင်ရင် ဒီအစားအသောက် (၆) မျိုးကို ရှောင်လိုက်ပ

ဒီ article ကို ဆက်မဖတ်မီ သင်ဟာ အစားအသောက်နဲ့ ဝက်ခြံ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အချက်ကိုတော့ လုံးဝလက်ခံထားဖို့လိုပါလိမ့်မယ်။တကယ်လည်း အစားအသောက်နဲ့ ဝက်ခြံတွေရဲ့ ဆက်စပ်မှုကို သုတေသနပေါင်း မြောက်များစွာက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

သင်ဟာ အိပ်ရေးဝအောင်အိပ်တယ်၊ ရေများများသောက်တယ်၊ နောက်ပြီး skin care တွေလည်း ကောင်းကောင်းသုံးရဲ့သားနဲ့ ဝက်ခြံတွေက မပျောက်ဘူးဆိုရင်တော့ အဓိက တရားခံဟာ ဒီ အစားအစာတွေကြောင့်ဆိုတာ ချွင်းချက်မရှိ ယုံလိုက်ပါ။

၁။ ဖြူအောင်ဖွတ်ထားတဲ့ အစေ့အဆန်နဲ့ ပြုပြင်ထားတဲ့သကြားတွေဖွေးဆွတ်နေအောင် ဖွတ်ထားတဲ့ ဆန်နဲ့ ဂျုံတွေဟာ သင့်ကို ဝက်ခြံမပြတ်ဖြစ်စေတဲ့ အခြေခံ အချက်တွေပါပဲ။

Refined Grains အုပ်စု တွေထဲမှာဆိုရင် ပေါင်မုန့်ဖြူဖြူနုနုလေးတွေ၊ ဆန်ခေါက်ဆွဲနဲ့ pasta လို အစားအစာတွေတောင်ပါဝင်နေပါတယ်။ ပြုပြင်ထားတဲ့သကြားဆိုတာကတော့ gas ပါတဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ဂျယ်လီလို အစားအစာတွေ ပါဝင်ပါတယ်။

ဒီအစားအသောက်တွေဟာ သွေးတွင်း သကြားဓါတ်နဲ့ ဖိုဟော်မုန်းဓါတ်ကို မြင့်တက်စေတာကြောင့် အရေပြားကို အဆီပိုထွက်စေပြီး သင့်မျက်နှာပေါ်မှာ အဆီဖုလေးတွေ ဖြစ်ပေါ်လာစေတော့တာပါ။

၂။ နို့နဲ့ နို့ထွက်အစားအစာတွေ

မြောက်များစွာသော သုတေသနတွေအရ နို့နဲ့ နို့ထွက် အစားအစာတွေဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ မလိုင် ၊ ရေခဲမုန့် စတာတွေ စားသုံးတဲ့သူတွေမှာဆိုရင် မစားတဲ့သူတွေထက် ဝက်ခြံထွက်နှုန်း ၄ဆလောက်တောင် ပိုများပါသတဲ့။

အထူးသဖြင့် နွားနို့ဟာဆိုရင် insulin level ကို မြင့်တက်စေရုံသာမက၊ သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ဝက်ခြံထွက်စေတဲ့ IGF-1 ဆိုတာကိုလည်း အသည်းကနေ ပိုထုတ်လုပ်ပေးဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ပါတဲ့။

၃။ fast food တွေ

အာလူးကြော်၊ ဟော့ဒေါ့ နဲ့ ဘာဂါတွေကြောင့်လည်း သင့်ကို ဝက်ခြံ ဆိုးဆိုးရွားရွားထွက်စေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီအစားအစာတွေဟာ အဆီတွေ အများကြီးပါလေ့ရှိတာကြောင့် ကယ်လိုရီတွေတက်စေပြီး ဝက်ခြံတွေလည်း ထွက်ပြီးရင်းကို ထွက်နေစေမှာပါ။

၄။ ချောကလက်

အံ့သြစရာပါပဲ။ ချောကလက်ကလည်း ဝက်ခြံထွက်စေတဲ့ ထိပ်တန်းအစား အစာတွေထဲမှာ ပါနေပါသေးတယ်။ အရင်တုန်းကတော့ dark chocolate တွေဟာ ဝက်ခြံမထွက်စေဘူးလို့ ဆိုခဲ့ကြပေမဲ့ အခုနောက်ဆုံး လေ့လာမှုတွေအရ ချောကလက်မှာ အဓိကပါဝင်တဲ့ ကိုကိုးပေါင်ဒါကိုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တစ်ဖက်တစ်လမ်းက အားပေးအားမြှောက် လုပ်နေတာပါတဲ့နော်။ ကဲ. . . ဒါဆို ချောကလက်လည်း ရှောင်ရတော့မှာပေါ့။

၅။ Whey Protein Powder

gym ကစားတဲ့သူတွေ သောက်နေကြတဲ့ ဖြည့်စွက်အဟာရမှုန့်ကလည်း ဝက်ခြံထွက်စေတဲ့ အထဲမှာ နံပါတ် ၅ နေရာက ဗိုလ်စွဲထားပါတယ်။ Protein Powder မှုန့်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာလည်း အင်ဆူလင်ဓါတ်တွေကို မြင့်တက်စေပြီး သင့်ကို ဝက်ခြံတွေနဲ့ အဆက်မပြတ်စေဖို့ ဒုက္ခလှလှပေးနေဦးမှာပါ။

၆။ ထူးထူးခြားခြား ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်တွေ. . .

တချို့လူတွေဟာ အစားအသောက်တွေနဲ့ တော်တော်ကို sensitive ဖြစ်ပါတယ်။ ဥပမာ ပင်လယ်စာတွေ၊ ကျပ်တိုက်ထားတဲ့အစားအစာတွေနဲ့ မြေပဲလိုဟာမျိုးတွေ စားမိလို့ အလာ့ဂျစ်ဖြစ်တတ်တဲ့သူတွေအနေနဲ့ ကိုယ်နဲ့ မတည့်တဲ့အစားအစားတွေကို လုံးဝရှောင်ကြည်ဖို့ လိုအပ်ပါတယ်။ မတည့်တာတွေ စားမိလို့ အလာ့ဂျစ်ဖြစ်တာက ခဏဆိုပေမယ့် အကျိုးဆက်အနေနဲ့ကတော့ ဝက်ခြံတွေကို လပေါင်းများစွာ အထိ ဆက်ထွက်နေစေဦးမှာပါ။

ဒီလောက်ဆိုရင် ဝက်ခြံကြောင့်စိတ်ညစ်နေရတဲ့သူတွေအနေနဲ့ လုံးဝ လုံး၀ ရှောင်ကျဉ်သင့်တဲ့ အစားအသာက်တွေ သိလောက်ပြီလို့ ထင်ပါတယ်။ တကယ်ရှောင်ရင်တော့ တကယ်ပျောက်မှာ သေချာပါတယ်။ ပြီးပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်ဖို့ဆိုရင် ဒီလောက်လေးတော့ ရှောင်ကျဉ်သင့်တယ်မဟုတ်လား. . . ။
credit
zawgyi

ဒီ article ကို ဆက္မဖတ္မီ သင္ဟာ အစားအေသာက္နဲ႕ ဝက္ၿခံ ဆက္စပ္မႈရွိတယ္ဆိုတဲ့ အခ်က္ကိုေတာ့ လုံးဝလက္ခံထားဖို႔လိုပါလိမ့္မယ္။တကယ္လည္း အစားအေသာက္နဲ႕ ဝက္ၿခံေတြရဲ႕ ဆက္စပ္မႈကို သုေတသနေပါင္း ေျမာက္မ်ားစြာက သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။

သင္ဟာ အိပ္ေရးဝေအာင္အိပ္တယ္၊ ေရမ်ားမ်ားေသာက္တယ္၊ ေနာက္ၿပီး skin care ေတြလည္း ေကာင္းေကာင္းသုံးရဲ႕သားနဲ႕ ဝက္ၿခံေတြက မေပ်ာက္ဘူးဆိုရင္ေတာ့ အဓိက တရားခံဟာ ဒီ အစားအစာေတြေၾကာင့္ဆိုတာ ခြၽင္းခ်က္မရွိ ယုံလိုက္ပါ။

၁။ ျဖဴေအာင္ဖြတ္ထားတဲ့ အေစ့အဆန္နဲ႕ ျပဳျပင္ထားတဲ့သၾကားေတြေဖြးဆြတ္ေနေအာင္ ဖြတ္ထားတဲ့ ဆန္နဲ႕ ဂ်ဳံေတြဟာ သင့္ကို ဝက္ၿခံမျပတ္ျဖစ္ေစတဲ့ အေျခခံ အခ်က္ေတြပါပဲ။

Refined Grains အုပ္စု ေတြထဲမွာဆိုရင္ ေပါင္မုန႔္ျဖဴျဖဴႏုႏုေလးေတြ၊ ဆန္ေခါက္ဆြဲနဲ႕ pasta လို အစားအစာေတြေတာင္ပါဝင္ေနပါတယ္။ ျပဳျပင္ထားတဲ့သၾကားဆိုတာကေတာ့ gas ပါတဲ့ အခ်ိဳရည္ေတြ၊ အားျဖည့္အခ်ိဳရည္ေတြနဲ႕ ဂ်ယ္လီလို အစားအစာေတြ ပါဝင္ပါတယ္။

ဒီအစားအေသာက္ေတြဟာ ေသြးတြင္း သၾကားဓါတ္နဲ႕ ဖိုေဟာ္မုန္းဓါတ္ကို ျမင့္တက္ေစတာေၾကာင့္ အေရျပားကို အဆီပိုထြက္ေစၿပီး သင့္မ်က္ႏွာေပၚမွာ အဆီဖုေလးေတြ ျဖစ္ေပၚလာေစေတာ့တာပါ။

၂။ နို႔နဲ႕ နို႔ထြက္အစားအစာေတြ

ေျမာက္မ်ားစြာေသာ သုေတသနေတြအရ နို႔နဲ႕ နို႔ထြက္ အစားအစာေတြျဖစ္တဲ့ ႏြားနို႔၊ ဒိန္ခဲ၊ မလိုင္ ၊ ေရခဲမုန႔္ စတာေတြ စားသုံးတဲ့သူေတြမွာဆိုရင္ မစားတဲ့သူေတြထက္ ဝက္ၿခံထြက္ႏႈန္း ၄ဆေလာက္ေတာင္ ပိုမ်ားပါသတဲ့။

အထူးသျဖင့္ ႏြားနို႔ဟာဆိုရင္ insulin level ကို ျမင့္တက္ေစ႐ုံသာမက၊ သူ႕မွာပါဝင္တဲ့ အမိုင္နိုအက္ဆစ္ေတြဟာ ဝက္ၿခံထြက္ေစတဲ့ IGF-1 ဆိုတာကိုလည္း အသည္းကေန ပိုထုတ္လုပ္ေပးဖို႔ လႈံ႕ေဆာ္ေပးတဲ့အတြက္ေၾကာင့္ပါတဲ့။

၃။ fast food ေတြ

အာလူးေၾကာ္၊ ေဟာ့ေဒါ့ နဲ႕ ဘာဂါေတြေၾကာင့္လည္း သင့္ကို ဝက္ၿခံ ဆိုးဆိုး႐ြား႐ြားထြက္ေစနိုင္ပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအစားအစာေတြဟာ အဆီေတြ အမ်ားႀကီးပါေလ့ရွိတာေၾကာင့္ ကယ္လိုရီေတြတက္ေစၿပီး ဝက္ၿခံေတြလည္း ထြက္ၿပီးရင္းကို ထြက္ေနေစမွာပါ။

၄။ ေခ်ာကလက္

အံ့ၾသစရာပါပဲ။ ေခ်ာကလက္ကလည္း ဝက္ၿခံထြက္ေစတဲ့ ထိပ္တန္းအစား အစာေတြထဲမွာ ပါေနပါေသးတယ္။ အရင္တုန္းကေတာ့ dark chocolate ေတြဟာ ဝက္ၿခံမထြက္ေစဘူးလို႔ ဆိုခဲ့ၾကေပမဲ့ အခုေနာက္ဆုံး ေလ့လာမႈေတြအရ ေခ်ာကလက္မွာ အဓိကပါဝင္တဲ့ ကိုကိုးေပါင္ဒါကိုက ဝက္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို တစ္ဖက္တစ္လမ္းက အားေပးအားျမႇောက္ လုပ္ေနတာပါတဲ့ေနာ္။ ကဲ. . . ဒါဆို ေခ်ာကလက္လည္း ေရွာင္ရေတာ့မွာေပါ့။

၅။ Whey Protein Powder

gym ကစားတဲ့သူေတြ ေသာက္ေနၾကတဲ့ ျဖည့္စြက္အဟာရမႈန႔္ကလည္း ဝက္ၿခံထြက္ေစတဲ့ အထဲမွာ နံပါတ္ ၅ ေနရာက ဗိုလ္စြဲထားပါတယ္။ Protein Powder မႈန႔္မွာ ပါဝင္တဲ့ အမိုင္နိုအက္ဆစ္ေတြဟာလည္း အင္ဆူလင္ဓါတ္ေတြကို ျမင့္တက္ေစၿပီး သင့္ကို ဝက္ၿခံေတြနဲ႕ အဆက္မျပတ္ေစဖို႔ ဒုကၡလွလွေပးေနဦးမွာပါ။

၆။ ထူးထူးျခားျခား ကိုယ္နဲ႕ မတည့္တဲ့ အစားအေသာက္ေတြ. . .

တခ်ိဳ႕လူေတြဟာ အစားအေသာက္ေတြနဲ႕ ေတာ္ေတာ္ကို sensitive ျဖစ္ပါတယ္။ ဥပမာ ပင္လယ္စာေတြ၊ က်ပ္တိုက္ထားတဲ့အစားအစာေတြနဲ႕ ေျမပဲလိုဟာမ်ိဳးေတြ စားမိလို႔ အလာ့ဂ်စ္ျဖစ္တတ္တဲ့သူေတြအေနနဲ႕ ကိုယ္နဲ႕ မတည့္တဲ့အစားအစားေတြကို လုံးဝေရွာင္ၾကည္ဖို႔ လိုအပ္ပါတယ္။ မတည့္တာေတြ စားမိလို႔ အလာ့ဂ်စ္ျဖစ္တာက ခဏဆိုေပမယ့္ အက်ိဳးဆက္အေနနဲ႕ကေတာ့ ဝက္ၿခံေတြကို လေပါင္းမ်ားစြာ အထိ ဆက္ထြက္ေနေစဦးမွာပါ။

ဒီေလာက္ဆိုရင္ ဝက္ၿခံေၾကာင့္စိတ္ညစ္ေနရတဲ့သူေတြအေနနဲ႕ လုံးဝ လုံး၀ ေရွာင္က်ဥ္သင့္တဲ့ အစားအသာက္ေတြ သိေလာက္ၿပီလို႔ ထင္ပါတယ္။ တကယ္ေရွာင္ရင္ေတာ့ တကယ္ေပ်ာက္မွာ ေသခ်ာပါတယ္။ ၿပီးျပည့္စုံတဲ့ အလွကို ပိုင္ဆိုင္ဖို႔ဆိုရင္ ဒီေလာက္ေလးေတာ့ ေရွာင္က်ဥ္သင့္တယ္မဟုတ္လား. . . ။
credit

Leave a Reply

Your email address will not be published.