အခုမှပဲရှင်းသွားတော့တယ်

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလာခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဟိန်းထက် ကတော့ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီးနောက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး တော်လှန်ဖို့ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဟိန်းထက် ဟာ ခံယူချက်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့အပြင် တစ်ဖက်တစ်လမ်းမှလဲ အဓမ္မတရားကို ဓမ္မတရားနဲ့တွန်းလှန်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာပါ။

ဟိန်းထက် ရေးသားထားတာကတော့ ” ကျ​နော် commentတစ်ခုမှာ စစ်တပ်​ထောက်ခံတဲ့အမတစ်​ယောက်က ကျ​နော့်ကို ဟားငါး​ကောင်က ကိုတိုင်း​ကျော် သူ့ကိုသူ ဘုရားနဲ့နှိုင်းပြီး​ပြောတယ်ဆိုပြီး လာ​ပြောပြပါတယ်။

ကျ​နော်လည်း ဖြစ်စဥ်ကို ရှာကြည့်​တော့ အသိပညာနဲ့အတတ်ပညာ​ရော​နေတာကို​တွေ့ရပါတယ်။ကိုတိုင်း​ကျော်က​ပြောချင်တဲ့အရာကိုသိ​ပေမယ့် ​သေချာမရှင်းပြနိုင်ပဲ နှစ်ဖက် စကားနိုင်လုဖို့အတွက်သာ နိုင်ချင်​ဇောနဲ့​ပြောမိ​နေကြတယ်။

အဲ့​နောက်က ​​ဒေါသပါပြီး တည်ငြိမ်မှုသမာဓိ​လျော့ကာအမှန်က​နေအမှားဖြစ်သွားတာပါ။ စာမတတ်ရင် ​အမှားအမှန်ကို​ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူးဆိုပြီး ဦး​အောင်မင်းက​ပြောဆိုထားတာ​တွေ့ရပါတယ်။

ဒါ​ကြောင့် ဒီစာ​လေးနဲ့ ​သေချာသိ​စေချင်လို့ ​ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ အသိပညာဆိုတာ ကျ​နော်တို့ရဲ့ ကိုယ်ကျင့်တရား(သို့) အသိတရား(သို့) ဓမ္မကိုဆိုလိုတာပါ။

အတတ်ပညာဆိုတာဟာ ဘာသာရပ်တစ်ခုဖြစ်ပြီး ​ဆေးပညာ၊စစ်ပညာ၊သိပ္ပံပညာ​ နောက်ဆုံး ဆိုင်ကားနင်းပညာဆိုပြီး ရှိပါတယ်။ဒါကိုမှအတတ်ပညာလို့​ခေါ်ပါတယ်။

ဒါ​​ပေမယ့် တချို့က အသိပညာနဲ့အတတ်ပညာကို ​ရောပြီး စာတတ်ရင်ပဲ ပညာရှိဖြစ်သလိုလို ဖြစ်သွားပါတယ်။ ပညာရှိဆိုတာ မိမိရဲ့ကိုယ်ကျင့်တရား​ကောင်းမွန်ပြီး မိမိနဲ့သက်ဆိုင်တဲ့ အတတ်ပညာတစ်ခုကို တက်ကျွမ်းမှသာ ပညာရှိလို့​ခေါ်နိုင်ပါတယ်။

အတတ်ပညာတစ်ခုတည်း တက်ရုံနဲ့ ပညာရှိမဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆို အတတ်ပညာတစ်ခုကို ဘယ်​လောက်ပဲ တစ်ဖက်ကမ်းခက်တတ်ကျွမ်းပါ​စေ သူ့ရဲ့ကိုယ်ကျင့်တရားမ​ကောင်းရင် ​ကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်​စေပါတယ်။

ဒါပေမယ့် အတတ်ပညာမတက်​ပေမယ့် အသိပညာကိုယ်ကျင့်တရား​ကောင်းရင် ထိုသူဟာ လူ​ကောင်းတစ်​ယောက်ဖြစ်ပြီး အတတ်ပညာသင်ယူဖို့ မခက်ခဲ​တော့ပါဘူး။

ထိုလူလုပ်သမျှအများစုဟာလည်း မှန်ကန်​နေပါလိမိ့မယ်။ အတတ်ပညာ တတ်ပြီး အသိပညာဘက်သွားမယ်ဆို ခက်ပါတယ်။ဘာလို့လည်းဆို ငါဆို့တဲ့မာန်​ကြောင့်ပါ။

ငါကဆရာ ငါပိုတတ်တယ် ငါခိုင်းတာလုပ်ဆိုပြီး မာန်မာန​ကြောင်း လူ​တော်က​နေလူ​ကောင်းဖြစ်ဖို့ခက်ပါတယ်။ သူလုပ်သမျှအများစုဟာလည်း မမှန်ကန်​တော့ပါဘူး။

ဒါ​ကြောင့်​လောကမှာ လူ​ကောင်းနဲ့လူ​တော်ဘယ်သူက မြင့်မြတ်လည်းဆို လူ​ကောင်းကသာလျှင်မြင့်မြတ်ပါတယ်။ ကိုယ်ကျင့်တရားဆိုတာ ​မြေဆီလွှာနဲ့တူပါတယ်။ ​

မြေဆီလွှာ​ကောင်းရင် ဘာပင်ပဲစိုက်စိုက် ဘာအတတ်ပညာပဲသင်သင် ရှင်သန်ကြီးထွား​အောင်မြင်ဖို့ အန်မတန်မှလွယ်ပါတယ်။ဒါ​ကြောင့် ကိုယ်ကျင့်တရာဆိုတဲ့ အသိပညာ​မြေဆီလွှာကိုသာ အရင်ဆုံး ​လေ့ကျင့်ပျိုး​ထောင်​ပေးကြဖို့တိုက်တွန်းပါရ​စေ။

(မှတ်ချက်- သိဒ္ဓတ္ထကုမာရမင်းသားက ဘာအတတ်ပညာမှ သင်ယူခဲ့ခြင်းမရှိပါဘူး ငယ်စဥ်ကတည်းက တရားဓမ္မကိုသာကျင့်ကြံပြီးတစ်လအရွယ်မှာပင် ပဌမစျာန်ကိုဝင်စား​နေပါပြီ ​

တောထွက်မှာကိုစိုးရိမ်တဲ့ ခမည်း​တော် သုဒ္ဓေါဒနမင်းကြီးက သူ့ကို ပြသာဒ်၃ခုမှာ ဥတုအလိုက် မိန်းမအ​ခြွေအရံများဖြင့်သာ စည်းစိမ်အပြည်နဲ့ ​ပျော်​စေခဲ့တာ အသက် ၂၈နှစ်အထိပါ။

ထို​နောက်မှ နမိတ်ကြီး၄ပါးကို သိမြင်ပြီး ​တောထွက်ကာ သ​ဗ္ဗေညုတဥာဏ်ကို ရရှိခဲ့ပြီး ​လောကသုံးပါးရဲ့ကိုးကွယ်ရာမြတ်စွာဘုရားအဖြစ်သို့ရောက်ရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာ။)” လို့ ရှင်းလင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။

မင်းသား ဟိန်းထက် ဟာ အသိပညာ နဲ့ အတတ်ပညာကို ခွဲခြားပြောပြလိုက်တာကြောင့် ပရိသတ်တွေအားလုံးပဲ နားလည်ရှင်းလင်းလောက်ပြီ ထင်ပါတယ်။
credit

Leave a Reply

Your email address will not be published.