ချစ်သူကွယ်လွန်တာ တစ်လပြည့်တိုင်း ကောင်းမူ့ကုသိုလ်တစ်ခုကို မပျက်မကွက်လုပ်ပေးတဲ့ ညီထွဋ်ခေါင်

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အမြဲတမ်းလိုလိုတွေ့ရတတ်တဲ့ သူကတော့ သရုပ်ဆောင် ညီထွဋ်ခေါင် ပဲ ဖြစ်ပါတယ်။

သူကတော့ ပီပြင်တဲ့သရုပ်ဆောင်တွေနဲ့ အဓိကဇာတ်ဆောင်ရဲ့ ကာရိုက်တာပီပြင်အောင် ပံ့ပိုးသရုပ်ဆောင်ပေးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

ညီထွဋ်ခေါင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပေါင်းများစွာရှိခဲ့ပြီး “ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ”ဆိုတဲ့ ဟာသဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဆိုရင်တော့ အရမ်းကိုအောင်မြင်ခဲ့တာလဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ညီထွဋ်ခေါင် ဟာ ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ပီပြင်တဲ့အပြင် ချစ်သူကိုလဲ ချစ်တတ်လွန်းသူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ချစ်သူကတော့ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေချိန်မှာ ရုတ်တရတ် အသက်ရှု့ရပ်ပြီး ကွယ်လွန်သွားခဲ့တာကြောင့် ညီထွဋ်ခေါင် ဟာ အရမ်းကိုခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ချစ်သူကွယ်လွန်ချိန်မှစပြီး တစ်လပြည့်တိုင်းမှာ ကောင်းမူ့ကုသလိုလ်တစ်ခုကို မပျက်မကွက်လုပ်ပေးပြီး သူ့ရဲ့ချစ်ခြင်းတွေကို ဖော်ပြနေတာလဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာလဲ ချစ်သုမေအတွက် ၁၀ လပြည့်ကုသိုလ်အနေနဲ့ ဆေးရုံကြီးတွင် စတုဒီသာအလှူ လှူဒါန်းပြီး ကုသိုလ်ယူလိုက်ပြန်ပါပြီ။

သရုပ်ဆောင် ညီထွဋ်ခေါင် ရဲ့ ချစ်သူအတွက် ရည်စူးပြီးလှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်း ပရိသတ်ကြီးရေ။

ညီထွဋ်ခေါင် ရဲ့ ချစ်သူ မေလဲ ရောက်ရှိတဲ့ဘုံဌာနကနေ ကောင်းမူ့ကုသိုလ်တွေကို သိနိုင်မြင်နိုင်ပြီး သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
credit

Leave a Reply

Your email address will not be published.