ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက် ကတော့ ရော့ခ်သီချင်းတွေကို အများဆုံးသီဆိုသူတစ်ဦးဖြစ်ပြီး ယောက်ကျားလေးတွေရဲ့ အသည်းစွဲအဆိုတော်တစ်ဦးဖြစ်ပါတယ်။
ကျားပေါက် ဟာ ဝါရင့်အဆိုတော်ကြီး ရင်ဂို ရဲ့သားဖြစ်သူလဲ ဖြစ်ပါတယ်။
သီချင်းကောင်းများစွာကို ဖန်တီးသီဆိုနိုင်တဲ့အပြင် တူရိယာပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီး ဘက်စုံတော်တဲ့သူတစ်ဦးဖြစ်ပါတယ်။
လက်ရှိအခြေအေနတွေကြောင့် ကျားပေါက် ဟာ သီချင်းဖန်တီးသီဆိုမှု့တွေ နည်းပါးသွားပေမယ့် doodle art တွေရေးဆွဲလျှက်ရှိပါတယ်။
သူ့ရဲ့ Ukulele မှာဖန်တီးရေးဆွဲထားတဲ့ doodle art ကိုလေလံတင်ရောင်းချခဲ့တာဆိုရင် ကမ္ဘာအဆင့်စျေးအကြီးဆုံး Ukulele အဖြစ်စံချိန်တင်ခဲ့ပါတယ်။
အဆိုတော် ကျားပေါက် ဟာ လက်ရှိမှာ မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံထားရပြီး နိုင်ငံရပ်ခြားမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။
ဒါအပြင် ဖခင်ဖြစ်သူ အဆိုတော် ရင်ဂိုမှ ဟန်ထူးလွင် (ခေါ်) ကျားပေါက် ကို သားအဖြစ် အမွေပြတ်စွန်လွှတ်ခဲ့ထားရပါသေးတယ်။
ကျားပေါက် ရဲ့ အိမ်ထောင်ရေးကတော့ ဇနီးဖြစ်သူ ဆုလဲ့ဝင်းဇုံဇုံ (ဇုံဇုံ) နဲ့ ၂၀၀၆ ခုနှစ်မှာတရားဝင်ကွာရှင်းပြတ်စဲခဲ့ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။
လက်ရှိမှာတော့ ချစ်သူအသစ်လေး ရရှိသွားတဲ့ ကျားပေါက် ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး အွန်လိုင်းပေါ်မှာတော့ လူအများစိတ်ဝင်စားမူ့ကို ခံနေရပါတယ်။
ဒီကနေ့မှာတော့ ချစ်ရတဲ့ချစ်သူလေးကို တရားဝင်အလင်းပြလိုက်ပြီပဲ ဖြစ်ပါတယ်။
သူမကတော့ တစ်ခါကနာမည်ကြီးမော်ဒယ်တစ်ဦးလဲဖြစ် အေးဝတ်ရည်သောင်း၊နှင်းဝတ်ရည်သောင်း တို့ရဲ့ ညီမငယ်လေး ဆွီဝတ်ရည်သောင်း ပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက် ရဲ့ ချစ်သူကိုသိလိုက်ရပြီဖြစ်တာကြောင့် ကျေနပ်လောက်ကြပြီ ထင်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
credit