သွေးတိုးလာရင်၂မိနစ်အတွင်းအမြန်ဆုံးသက်သာစေမည့် နည်းလမ်းများ…
Posted by
သွေးတိုးရောဂါရှိတဲ့သူတွေဟ ာသွေးတိုးတဲ့ဝေဒနာကို အချိန်နေရာမရွေ းခံစားရတတ်ပါတယ်
အကြောင်းကြောင်းကြောင့် ရုတ်တရက်သွေးတိုးလာပြီ းသောက်နေကျဆေးလည်းအနားမှာမရှိ၊ ကုသမှုခံယူဖို့လည်းမလွယ်ကူတဲ့အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကို တစ်မိနစ်အတွင်း သက်သာပျောက်ကင်းစေမယ့် အရေးပေါ်နည်းလမ်းလေးကိုေ ဝမျှလိုက်ရပါတယ်။
တစ်ကယ်တေ ာ့သွေးတိုးနေလား မတိုးဘူးလားဆိုတာ လွယ်လွယ်နဲ့သိနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။
အချို့လူတွေဆိုရင်ကိုယ့်မှာသွေးတိုးရောဂါရှိနေတယ်ဆိုတာတောင်သတိမထားမိတာမျိုးတွေရှိပါတယ်။
ဒါကြောင့်မို့ ဆရာဝန်တွေက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ နာမည်ပေးထားကြတာပါ ။သွေးတို့ရောဂါရဲ့သက်ရောက်မှုကတစ်ကယ်စိုးရိမ်စရာကောင်းပါတယ်။
ဒီရောဂါဟာ ချက်ခြင်းကြီး ဝုန်းဒိုင်းဆိုပြီ းပေါ်လာတာမျိုးမဟုတ်ပဲ တစ်ဖြည်းဖြည်းချင် းဖွဲ့စည်းဖြစ်တည်လာတာဖြစ်ပါတယ်
သွေးတိုးရောဂါရဲ့လက္ခဏာရပ်တွကလည်း အမျိုးမျိုးရှိပါတယ် သိသာထင်ရှားတာတွေကတော့ ခေါင်းအုံခေါင်းကိုက်တာ၊ အမြင်အာရုံမကြည်မလင်တာ၊ နားတွေအူ၊ ရင်ဘတ်တွေနာသလို ဖြစ်လာတာတွေဖြစ်ပါတယ်။
သွေးတိုးရာကနေလေဖြတ်၊ နှလုံးဖောက်ပြန်ခြင်းနဲ့ ဦးနှောက်ကိုပါထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်
ဒါကြောင်မို့ သွေးတိုးရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့စစ်ဆေးပြီး သွေးပေါင်ချိန် မကြာခဏတိုင်းပါ အောက်ဖော်ပြပါဇယားကတော့ လူတစ်ယောက်မှာရှိသင့်တဲ့သွေးပေါင်ချိန်၊သွေးတိုးတာနဲ့သွေးကျတာတို့ကိုဖော်ပြပေးထားပါတယ်။
အသက်အရွယ်နဲ့အမျိုးသား၊ အမျိုးသမီးလိင်ကွဲပြားမှုတို့အပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်ကွဲလွဲမှု ရှိပါတယ်
သွေးတိုးနေချိန်မှာ တစ်မိနစ်အတွင်း သက်သာစေမယ့် ဖော်ပြပါနည်းလမ်းက အရေးပေါ်ရှေးဦးသူနာပြုနည်းလမ်းသာဖြစ်ပြီး ကုသနည်းမဟုတ်ပါကြောင်း ကြိုတင်အသိပေးပါရစေ
နည်းလမ် း၁သွေးတိုးဝေဒနာခံစားနေရချိန်မှာ လက်ဖဝါးတစ်ဖက်ဖြန့်ပြီး ပုံတွင်ပြထားသည့်အတိုင်းလက်ခလယ်ရဲ့ ထိပ်ပိုင်းနေရာကို ဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့်ဖိထောက်ထားပါ ပြန်လည်သက်သာလာတာကိုခံစားရပါလိမ့်မယ်။
နည်းလမ်း(၂) ခြေဖျားကိုဆန့်တန်းလိုက်ပြီး ခြေမနဲ့ခြေညိုးကြာထဲကနေရာကို လက်ညိုးနဲ့ထောက်ပြီး အောက်ကိုဖိဆွဲချပါ။ ကြွက်သားဆုံးသွားပြီး အရိုးကိုစမ်းမိတဲ့နေရာကို ဘောပင်ထိပ်ဖျားလေးနဲ့၃စက္ကန့်ကြာဖိထောက်ထားပါ၊
အဲဒီနောက် ပြန်လွှတ်ပြီး ၅စက္ကန့်နားပါ၊ ဒီလိုဖိလိုက်နားလိုက်လုပ်ငန်းစဉ်နှစ်ခုကို ၂ မိနစ်ခန့်လုပ်ပေးရင်လည်းသက်သာစေပါတယ်
ထပ်မံ၍သတိပေးပါရစေ ဖော်ပြပါနည်းဟာ သက်သာလျော့ပါးစေသောနည်းလမ်းသာဖြစ်ပြီး သွေးတိုးရောဂါကုသတဲ့နည်းလမ်းမဟုတ်ပါ။
Zawgyi(version)