ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။
မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။
မင်းသမီး ဖွေးဖွေး ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် င့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ ကကြောင့် အိမ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။
အိမ်နဲ့ဝေးကွာနေတဲ့ ဖွေးဖွေးဟာ အရင်တုန်းကပျော်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်လည်လွမ်းမိနေတဲ့အကြောင်းကို ” Some days I wish I could go back in life…just to Feel the few things Twice “လို့ သူမရဲ့ဓာတ်ပုံလေးနဲ့အတူ စာသားလေးကိုတွဲတင်ထားတာကို တွေ့ရပါတယ်။
ဖွေးဖွေး ကိုတော့ ချစ်တဲ့ပရိသတ်တွေနဲ့ သူငယ်ချင်းတွေကလဲ လွမ်းနေတဲ့အကြောင်းကို ကောမန့်တွေမှတစ်ဆင့် ရေးသားထားတာကို တွေ့ရပါတယ်။
အနုပညာလှုပ်ရှားမူ့တွေနဲ့ ဝေးကွာနေပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ ဖွေးဖွေး ကို ချစ်တဲ့ပရိသတ်ကြီးကလဲ လွမ်းနေလောက်ပြီထင်ပါတယ်။
credit
zawgyi
credit