မိဘမဲ့ကလေးပေါင်း ၈၇ ယောက်တို့အား နှစ် ၄၀ ကျော် တစ်ကိုယ်တည်း ပြုစုပျိုးထောင်ပေးခဲ့တဲ့ မေတ္တာရှင်အမျိုးသမီး

တရုတ်နိုင်ငံ Guangxi ပြည်နယ်မှ Mai Qiongfang အမည်ရှိအမျိုးသမီးဟာ နှစ်ပေါင်း ၄၀ ကျော်ကြာ ဆင်းရဲနွမ်းပါးတဲ့ရပ်ကွက်မှကလေး ၈၇ ဦးအား သူမကိုယ်တိုင်ထောက်ပံ့ပေးခဲ့ပါတယ်။

သူမကို ကျေးဇူးတင်သောအားဖြင့် အဆိုပါမိဘမဲ့ကလေး ၈၇ ယောက်မှ အယောက်၂၀ ဟာ Beijing တက္ကသိုလ်နှင့် Tsinghua တက္ကသိုလ်ကဲ့သို့ ထိပ်တန်းတက္ကသိုလ်များတွင် လက်ရှိပညာသင်ကြားလျက်ရှိပါတယ်။

၎င်းအဖြစ်ဟာ Baise မြို့ People’s Hospital ရဲ့အဝတ်လျှော်စက်၌ လက်လုပ်လက်စားအဖြစ် အလုပ်လုပ်ခဲ့တဲ့ ၁၉ နှစ်အရွယ် Mai ဟာ ဖျားနာနေတဲ့အဘွားကြောင့် သူ့ရဲ့အလယ်တန်းကျောင်းကို ဆက်မတက်နိုင်တော့တဲ့ကောင်လေးကို တွေ့ခဲ့တဲ့ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

ကောင်လေးဟာ Guilin မြို့ရှိအလယ်တန်းကျောင်းတစ်ကျောင်းသို့တက်ရန် စိတ်ကူးခဲ့သော်လည်း အဖွားဖြစ်သူရဲ့ဆေးရုံစရိတ်များအတွက်သာ ငွေအနည်းငယ်ကျန်တာကြောင့် Guilin မြို့သို့မသွားနိုင်ခဲ့ပါဘူး။

နောက်ပိုင်းတွင် Mai ဟာ သူကျောင်းတက်နိုင်ရန် ကောင်လေးအားထောက်ပံ့ပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာ ၁၉၈၃ ခုနှစ်တွင် Tianlin မြို့မှအမျိုးသမီးတစ်ဦးဟာ သူမအလုပ်လုပ်တဲ့ဆေးရုံ၌ဆေးရုံတက်ခဲ့ရပါတယ်။

Mai ဟာထိုအမျိုးသမီးအား တစ်စုံတစ်ယောက်က ဂရုစိုက်ရန်နှင့် သူမအားလာရောက်တွေ့ဆုံခြင်းမရှိကြောင်းသိရှိပြီးနောက် ထိုအမျိုးသမီးအား အကူအညီပေးခဲ့ပါတယ်။ သူမဆေးရုံမှဆင်းပြီးနောက်မှာ Mai ဟာ သူမရဲ့အိမ်သို့သွားရောက်လည်ပတ်ခဲ့ပါတယ်။

ထိုအချိန်တွင် ထိုအမျိုးသမီးရဲ့အနီးအနားရှိလူများဟာ အစားအစာနှင့်အဝတ်အစားများချို့တဲ့နေသည်ကိုတွေ့ရှိခဲ့ရတာကြောင့် Mai ဟာ တပတ်ရစ်အဝတ်အစားများနှင့်အစာခြောက်အချို့ကိုစုဆောင်းကာ ရပ်ကွက်သို့ပို့ဆောင်ခဲ့ပါတယ်။

ထိုအဖြစ်အပျက်နှစ်ခုမှစ၍ သူမဟာ ဆင်းရဲတဲ့ကျောင်းသားများအပါအဝင် ချို့တဲ့သူများကို ကူညီခဲ့ပြီး အများစုမှာကျောင်းမတက်နိုင်တဲ့မိဘမဲ့များဖြစ်ပါတယ်။

Mai မှာ သားအရင်းတစ်ယောက်ရှိသလို ယနေ့ထိတိုင် Mai ရဲ့ပံ့ပိုးမှုကြောင့် အနည်းဆုံးကလေး ၈၇ ဦး ရှိပါတယ်။ သူမဟာ ၎င်းတို့ကိုစပွန်ဆာပေးရုံသာမက ၎င်းတို့အား ကျောင်းသို့ ကိုယ်တိုင်ပို့ပေးလေ့ရှိပါတယ်။

သူမဟာ နေစရာနေရာမရှိတဲ့မိဘမဲ့များကိုလည်း သူမရဲ့နေအိမ်သို့ခေါ်ဆောင်လာတတ်ပြီး အိမ်ရှိအခန်းများတွင် ကလေးများ ၁၀ ယောက်အထက်အိပ်နိုင်တဲ့အမြင့်၊အနိမ့်သောကုတင်များစွာလည်းရှိပါတယ်။

Mai ရဲ့အိမ်တွင် အပိုကုတင်များ၊ စောင်များ၊ ထိုင်ခုံများနှင့်အခြားလိုအပ်ချက်များအမြဲရှိပါတယ်။ တစ်ချိန်တုန်းက သူမအမိုးအောက်မှာနေနေတဲ့ကလေး ၁၄ ယောက်ရှိပြီး ၎င်းတို့ဟာ ၇ ရက်အတွင်း ဆန် ၉၀ ကီလိုဂရမ်အထိ ကုန်ခဲ့ပါသေးတယ်။

သူမရဲ့ထောက်ပံ့မှုကြောင့် သူမပံ့ပိုးပေးတဲ့ကလေးတိုင်းဟာ တက္ကသိုလ်များမှဘွဲ့ရပြီး၊ နိုင်ငံခြားတွင် အလုပ်လုပ်ပြီး သို့မဟုတ် ဆက်လက်ပညာသင်ယူနေကြပါတယ်။

၎င်းတို့ထဲမှ ၁၁ ဦး ဟာ Tsinghua တက္ကသိုလ်မှဘွဲ့ရများဖြစ်ပြီး ကျန်တဲ့သူများက အလုပ်စလုပ်နေချိန်မှာ ၎င်းတို့အနက်မှ ၉ ဦး ကလည်း ပေကျင်းတက္ကသိုလ်မှဘွဲ့များရရှိခဲ့ပါတယ်။

မချမ်းသာတဲ့နောက်ခံအခြေအနေရှိနေပေမဲ့လည်း Mai ဟာ အကူအညီလိုအပ်နေသူများအား အကူအညီနှင့်ရိက္ခာများဆက်လက်ပေးပို့နေဆဲဖြစ်ပါတယ်။

လိုအပ်နေတဲ့အခြားသူတွေကိုကူညီဖို့ဘာက သူမအားတွန်းအားပေးလဲလို့မေးတဲ့အခါ Maiက အကူအညီရတဲ့သူတွေက သူမပေးတဲ့အဝတ်တွေကသူတို့ကိုနွေးစေပြီး အစားအစာကသူတို့ကိုပြည့်စေတယ်လို့ပြန်ပြောတဲ့အခါတိုင်း သူမအပျော်ဆုံးဘဲလို့ ဖြေကြားခဲ့ပါတယ်။

လက်ရှိ Mai ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က သူမပံ့ပိုးခဲ့တဲ့ကလေးများအားလုံးရဲ့ဘဝများ ဆက်လက်အောင်မြင်ဖို့အတွက်ပါဘဲ။ “ ကျွန်မ ကလေးတွေကိုအသိပညာမသင်ပေးနိုင်ဘူး၊ ဒါမဲ့ သူတို့ကိုလူသားတစ်ယောက်ဖြစ်အောင် သင်ပေးနိုင်ခဲ့တယ်” ဟု Mai က ဆိုခဲ့ပါသေးတယ်။
credit

Leave a Reply

Your email address will not be published.