လစာမရဘဲ စေတနာ့ဝန်ထမ်းအနေဖြင့် စာလာသင်ပေးနေသည့် ဆရာဖြစ်သူကို ကျောင်းသားကျောင်းသူများက မုန့်ဖိုးလေးတွေစုပြီး လက်ဆောင်ပေးခဲ့ရာမှ အလွန်ပျော်ပြီး မျက်ရည်ကျနေသည့် ဆရာ

Posted by

တစ်ဦးမှာမေတ္တာ တစ်ဦးမှာစေတနာဆိုသော စကားလေးအတိုင်းပင် ရိုင်းပင်းကူညီပြီး ကျေးဇူးသိတတ်သော မင်္ဂလာတစ်ပါးကြောင့် ကြည်နူးချမ်းမြေ့ဖွယ် မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုမှ စာသင်ကျောင်းတစ်ကျောင်းတွင် လူငယ်အမျိုးသားတစ်ဦးဟာ လစာမရဘဲ စာသင်ကျောင်းတွင်နေထိုင်ရင်း စာသင်ပေးနေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ဆရာဖြစ်သူက သုံးစရာမရှိဘဲ ဝါသနာအရကူညီပေးနေတာကို တပည့်လေးများက သိရှိသွားခဲ့ပါတော့တယ်။ထိုအခါ တပည့်လေးတွေက မုန့်ဖိုးလေးတွေကို စုပြီး ဆရာစားပွဲပေါ်တွင် သွားထားခဲ့ကာ ဆရာကို အံ့အားသင့်သွားအောင် ပြုလုပ်ခဲ့ကြပါတယ်။

ဆရာဖြစ်သူကလည်း တပည့်လေးတွေ၏ စေတနာကို သိလိုက်ရသောအခါ ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျကာ ငိုနေမိခဲ့တော့တာဖြစ်ပါတယ်။

Zawgyi(version)



