စွယ်စုံရအနုပညာရှင်ကြီး မင်းသား ဝင်းဦး ရဲ့ ဘဝ အကြောင်း

Posted by

ဝင်းဦးဆိုတာကတော့ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ အနုပညာရှင်တေွထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အဆိုတော်၊ မင်းသား၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ကုမ္ပပဏီပိုင်ရှင်၊ စာအုပ်ထုတ်ဝေသူ၊ အစရှိသဖြင့် တကယ့်ကို မတူညီတဲ့ အနုပညာနယ်ပယ် အမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စွယ်စုံရပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ သူလိုလူမျိုးမှာ မြန်မာ့သမိုင်းမှာ တစ်ယောက်ပဲရှိခဲ့သလို ယနေ့အချိန်ထိလည်း နောက်တစ်ယောက် ထပ်မံပေါ်ထွန်းလာခြင်းမျိုး မရှိသေးပါဘူး။

ဝင်းဉီးကိုတော့ ၁၉၃၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ဖခင် ဦးဘညွန့်(ချစ်ဒုက္ခ)၊ မိခင် ဒေါ်နှင်းရီ တို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်ကတော့ ကိုဦးဖြစ်ပါတယ်။ ဇာတိကတော့ ရန်ကုန်မြို့ကပဲဖြစ်ပါတယ်။ မွေးချင်း ၅ ယောက်ရှိပြီး ဝင်းဦးဟာ တတိယမြောက်သား ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ညီအစ်ကို မောင်နှမတွေ အကုန်လုံးဟာ အနုပညာသမားတွေ ဖြစ်နေတာပါပဲ။ စာရေးဆရာမ မေယု(အမည်ရင်း တင်တင်ဦး)၊ မင်းသား ဝင်းညွန့်၊ မင်းသား အောင်မိုး၊ တက္ကသိုလ် ကြည်ရွှင် စတဲ့သူတွေပဲဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူကတော့ တစ်ချိန်တုန်းက ကျော်ကြားခဲ့တဲ့ ဦးဘညွန့် ရဲ့ ချစ်ဒုက္ခ ဆိုတဲ့ သီချင်းကို သီဆိုခဲ့သူဖြစ်ပါတယ်။ သီချင်းနှစ်ပုဒ်နဲ့ နိုင်ငံကျော်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဝင်းဦးဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ တီတီစီ လေ့ကျင့်ရေးကျောင်းမှာ အတန်းပညာကို တက်ရောက် သင်ယူခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ် ပညာရေး မပြီးဆုံးခင်မှာပဲ ဗိုလ်လောင်းအပတ်စဥ်(၈) ကို တက်ရောက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ‌တော့ ဗိုလ်ကိုဦးဆိုတဲ့ အမည်နဲ့ တပ်မဟာ(၅)၊ တပ်ရင်း(၇) မှာ အမှုထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ Australia နိုင်ငံမှာ လေထီးပညာရပ်တွေကို သင်ယူခဲ့ပါတယ်။ ပြန်လည်‌ရောက်ရှိလာချိန်မှာတော့ မှော်ဘီ လေထီးသ်တန်းကျောင်းမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၆၂ ခုနှစ်မှာတော့ မြန်မာ့တပ်မတော်ကနေ ဗိုလ်ကြီးအဆင့်နဲ့ အနားယူခဲ့ပါတယ်။

ဝင်းဦးရဲ့ ဘဝကို လေ့လာကြည့်မယ်ဆိုရင်တော့ တပ်မတော်သားဘဝ၊ စာရေးဆရာဘဝ၊ ရုပ်ရှင်သရုပ်ဆောင်ဘဝ၊ အဆိုတော်ဘဝ စသဖြင့် စုံလင်ဆန်းပြားလှပါတယ်။ ကျောင်းသားဘဝကတည်းက ညိုမင်းလွင်ဆိုတဲ့ ကလောင်အမည်နဲ့ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးသားခဲ့ပါတယ်။ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထုကတော့ ဂျိန်း လို့ အမည်ရတဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် ရှုမဝ မဂ္ဂဇင်းမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးဆိုတဲ့ မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကိုလည်း ရေးသားခဲ့ပါတယ်။ ဝင်းဦးဟာ စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေလောကမှာ ပထမဆုံးသော ရောင်စုံ Off-set နည်းနဲ့ ထုတ်လုပ်တဲ့ စန္ဒာပုဂ္ဂလိက ရောင်စုံ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်။ ဒီမဂ္ဂဇင်းမှာ ဝင်းဦးဟာ ခင်မောင်ဝင့် ဆိုတဲ့ ကလောင်အမည်နဲ့ ကမ္ဘ့ ရုပ်ရှင်လောကအကြောင်း၊ မြန်မာ့ ရုပ်ရှင်လောက အကြောင်းတွေကို ဝေဝေဆာဆာ ရေးသားခဲ့ပါတယ်။ ကလေးများအတွက် ဦးဦး ပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး စတဲ့ အခန်းကဏ္ဍတွေ ပါဝင်မှုတွေကြောင့် စာဖတ်သူ ပရိသတ်တွေ အလွန်ပဲ နှစ်ခြိုက်ခဲ့ပြီး အဲ့ဒီ့အချိန်က စောင်ရေအများဆုံး ထုတ်ဝေခဲ့ရတဲ့ မဂ္ဂဇင်း တစ်စောင် ဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်လောကထဲကိုတော့ မင်းထင်ရွှေမှန် ဆိုတဲ့ ရာဇဝင် ဇာတ်ညွှန်းရေးသားပေးခဲ့ရာကနေ အစပြုခဲ့ပါတယ်။ ဝင်းဦးရဲ့ ပထမဆုံး ပွဲဦးထွက်အနေနဲ့ ရှုမဝမဂ္ဂဇင်းမှာ သူကိုယ်တိုင်ရေးသားခဲ့တဲ့ နှစ်ယောက်ထဲနေချင်တယ် ဆိုတဲ့ ဝတ္ထုကို မင်းသမီးတင်တင်မူနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ မီးပုံပွဲ သီချင်းဟာလည်း ပရိသတ်တွေကြားမှာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပြီး သရုပ်ဆောင်သစ် ဝင်းဦးကို လူတွေစသိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားဟာ ဝင်းဦးရဲ့ ပထမဆုံး ရုံတင်ကားတော့ မဟုတ်ခဲ့ပါဘူး။ ချစ်သောသူတစ်ယောက်ဆိုတဲ့ ဇာတ်ကားကို အဆိုပါဇာတ်ကားထက်စောပြီးတော့ ရုံတင်ခဲ့ပါတယ်။ သို့သော်လည်း အောင်မြင်မှု ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

ဝင်းဦးဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း စန္ဒာဆိုတဲ့ အမည်နဲ့ပဲ ရုပ်ရှင်ကုမ္ပဏီတည်ထောင်ခဲ့ပြီး ရုပ်ရှင်ကားတွေကို ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ခဲ့ပါသေးတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ဆောင်းအိမ်မက် ဆိုတဲ့ ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူးခဲ့ပြီး နှစ်ကိုယ်ခွဲ သရုပ်ဆောင်မှုနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီ ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၇၀ ခုနှစ်မှာ နာမည်ကျော် မှုန်ရွှေရည် ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူး ပုံဖော်ခဲ့ပြန်ပါတယ်။ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို ထပ်မံရရှိခဲ့ပါတယ်။ ဝင်းဦးဟာ သူ့ရဲ့အနုပညာခရီးလမ်းတစ်လျှောက်မှာ အကယ်ဒမီမှတ်တိုင် လေးခုအထိ စိုက်ထူနိုင်ခဲ့ပါတယ်။ အကောင်းဆုအမျိုးသားဇာတ်ဆောင်ဆုနှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဝင်းဦးရိုက်ကူးခဲ့တဲ့ ချစ်သူရွေးမယ် ချစ်ဝဲလည် ဆိုတဲ့ ဇာတ်ကားဟာ ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံးနဲ့ တစ်ကားတည်းသော ရှစ်ကိုယ်ခွဲ ဇာတ်ကားဖြစ်ပါတယ်။ နှစ်ယောက်ထဲနေချင်တယ်၊ မှုန်‌‌ရွှေရည်၊ တိမ်လွှာမို့မို့လွင်၊ ဘယ်ပြေးမလဲမိချိုသဲ၊ ဆောင်းအိမ်မက်၊ တစ်ကျော့နှစ်‌ကျော့ တေးကိုသီ၊ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ခိုင်မာလာနှင်းဆီ စတဲ့ဇာတ်ကားတွေဟာ ဝင်းဦးရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

မင်းသားကြီး ဝင်းဦးဟာ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အူမကြီး ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ခဲ့ပေမယ့်လည်း သူ့ရဲ့ဝတ်စားဆင်ယင်ပုံ၊ ဟန်ပန်အမူအယာ၊ အသံနေအသံထားတို့ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားလှတဲ့အတွက် ယနေ့တိုင် စင်မြင့်တွေမှာ လူရွှင်တော် တုပပြီးတော့ ပြက်လုံးထုတ်ရအောင် အမှတ်တရ ရှိနေဆဲပါပဲ။ သူသေဆုံးတဲ့အချိန်မှာ ရိုက်ကူးဆဲဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ဆိုတဲ့ ဇာတ်ကားကြီးကို မင်းသား ရန်အောင်နဲ့ လူစားထိုးပြီး ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi(version)

ဝင်းဦးဆိုတာကတော့ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ အနုပညာရှငျတှေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အဆိုတော်၊ မင်းသား၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ကုမ္ပပဏီပိုင်ရှင်၊ စာအုပ်ထုတ်ဝေသူ၊ အစရှိသဖြင့် တကယ့်ကို မတူညီတဲ့ အနုပညာနယ်ပယ် အမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စွယ်စုံရပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ သူလိုလူမျိုးမှာ မြန်မာ့သမိုင်းမှာ တစ်ယောက်ပဲရှိခဲ့သလို ယနေ့အချိန်ထိလည်း နောက်တစ်ယောက် ထပ်မံပေါ်ထွန်းလာခြင်းမျိုး မရှိသေးပါဘူး။

ဝင်းဉီးကိုတော့ ၁၉၃၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ဖခင် ဦးဘညွန့်(ချစ်ဒုက္ခ)၊ မိခင် ဒေါ်နှင်းရီ တို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်ကတော့ ကိုဦးဖြစ်ပါတယ်။ ဇာတိကတော့ ရန်ကုန်မြို့ကပဲဖြစ်ပါတယ်။ မွေးချင်း ၅ ယောက်ရှိပြီး ဝင်းဦးဟာ တတိယမြောက်သား ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ညီအစ်ကို မောင်နှမတွေ အကုန်လုံးဟာ အနုပညာသမားတွေ ဖြစ်နေတာပါပဲ။ စာရေးဆရာမ မေယု(အမည်ရင်း တင်တင်ဦး)၊ မင်းသား ဝင်းညွန့်၊ မင်းသား အောင်မိုး၊ တက္ကသိုလ် ကြည်ရွှင် စတဲ့သူတွေပဲဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူကတော့ တစ်ချိန်တုန်းက ကျော်ကြားခဲ့တဲ့ ဦးဘညွန့် ရဲ့ ချစ်ဒုက္ခ ဆိုတဲ့ သီချင်းကို သီဆိုခဲ့သူဖြစ်ပါတယ်။ သီချင်းနှစ်ပုဒ်နဲ့ နိုင်ငံကျော်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဝင်းဦးဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ တီတီစီ လေ့ကျင့်ရေးကျောင်းမှာ အတန်းပညာကို တက်ရောက် သင်ယူခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ် ပညာရေး မပြီးဆုံးခင်မှာပဲ ဗိုလ်လောင်းအပတ်စဥ်(၈) ကို တက်ရောက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ဗိုလ်ကိုဦးဆိုတဲ့ အမည်နဲ့ တပ်မဟာ(၅)၊ တပ်ရင်း(၇) မှာ အမှုထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ Australia နိုင်ငံမှာ လေထီးပညာရပ်တွေကို သင်ယူခဲ့ပါတယ်။ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မှော်ဘီ လေထီးသ်တန်းကျောင်းမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၆၂ ခုနှစ်မှာတော့ မြန်မာ့တပ်မတော်ကနေ ဗိုလ်ကြီးအဆင့်နဲ့ အနားယူခဲ့ပါတယ်။

ဝင်းဦးရဲ့ ဘဝကို လေ့လာကြည့်မယ်ဆိုရင်တော့ တပ်မတော်သားဘဝ၊ စာရေးဆရာဘဝ၊ ရုပ်ရှင်သရုပ်ဆောင်ဘဝ၊ အဆိုတော်ဘဝ စသဖြင့် စုံလင်ဆန်းပြားလှပါတယ်။ ကျောင်းသားဘဝကတည်းက ညိုမင်းလွင်ဆိုတဲ့ ကလောင်အမည်နဲ့ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးသားခဲ့ပါတယ်။ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထုကတော့ ဂျိန်း လို့ အမည်ရတဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် ရှုမဝ မဂ္ဂဇင်းမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးဆိုတဲ့ မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကိုလည်း ရေးသားခဲ့ပါတယ်။ ဝင်းဦးဟာ စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေလောကမှာ ပထမဆုံးသော ရောင်စုံ Off-set နည်းနဲ့ ထုတ်လုပ်တဲ့ စန္ဒာပုဂ္ဂလိက ရောင်စုံ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်။ ဒီမဂ္ဂဇင်းမှာ ဝင်းဦးဟာ ခင်မောင်ဝင့် ဆိုတဲ့ ကလောင်အမည်နဲ့ ကမ္ဘ့ ရုပ်ရှင်လောကအကြောင်း၊ မြန်မာ့ ရုပ်ရှင်လောက အကြောင်းတွေကို ဝေဝေဆာဆာ ရေးသားခဲ့ပါတယ်။ ကလေးများအတွက် ဦးဦး ပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး စတဲ့ အခန်းကဏ္ဍတွေ ပါဝင်မှုတွေကြောင့် စာဖတ်သူ ပရိသတ်တွေ အလွန်ပဲ နှစ်ခြိုက်ခဲ့ပြီး အဲ့ဒီ့အချိန်က စောင်ရေအများဆုံး ထုတ်ဝေခဲ့ရတဲ့ မဂ္ဂဇင်း တစ်စောင် ဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်လောကထဲကိုတော့ မင်းထင်ရွှေမှန် ဆိုတဲ့ ရာဇဝင် ဇာတ်ညွှန်းရေးသားပေးခဲ့ရာကနေ အစပြုခဲ့ပါတယ်။ ဝင်းဦးရဲ့ ပထမဆုံး ပွဲဦးထွက်အနေနဲ့ ရှုမဝမဂ္ဂဇင်းမှာ သူကိုယ်တိုင်ရေးသားခဲ့တဲ့ နှစ်ယောက်ထဲနေချင်တယ် ဆိုတဲ့ ဝတ္ထုကို မင်းသမီးတင်တင်မူနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ မီးပုံပွဲ သီချင်းဟာလည်း ပရိသတ်တွေကြားမှာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပြီး သရုပ်ဆောင်သစ် ဝင်းဦးကို လူတွေစသိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားဟာ ဝင်းဦးရဲ့ ပထမဆုံး ရုံတင်ကားတော့ မဟုတ်ခဲ့ပါဘူး။ ချစ်သောသူတစ်ယောက်ဆိုတဲ့ ဇာတ်ကားကို အဆိုပါဇာတ်ကားထက်စောပြီးတော့ ရုံတင်ခဲ့ပါတယ်။ သို့သော်လည်း အောင်မြင်မှု ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

ဝင်းဦးဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း စန္ဒာဆိုတဲ့ အမည်နဲ့ပဲ ရုပ်ရှင်ကုမ္ပဏီတည်ထောင်ခဲ့ပြီး ရုပ်ရှင်ကားတွေကို ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ခဲ့ပါသေးတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ဆောင်းအိမ်မက် ဆိုတဲ့ ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူးခဲ့ပြီး နှစ်ကိုယ်ခွဲ သရုပ်ဆောင်မှုနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီ ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၇၀ ခုနှစ်မှာ နာမည်ကျော် မှုန်ရွှေရည် ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူး ပုံဖော်ခဲ့ပြန်ပါတယ်။ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို ထပ်မံရရှိခဲ့ပါတယ်။ ဝင်းဦးဟာ သူ့ရဲ့အနုပညာခရီးလမ်းတစ်လျှောက်မှာ အကယ်ဒမီမှတ်တိုင် လေးခုအထိ စိုက်ထူနိုင်ခဲ့ပါတယ်။ အကောင်းဆုအမျိုးသားဇာတ်ဆောင်ဆုနှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဝင်းဦးရိုက်ကူးခဲ့တဲ့ ချစ်သူရွေးမယ် ချစ်ဝဲလည် ဆိုတဲ့ ဇာတ်ကားဟာ ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံးနဲ့ တစ်ကားတည်းသော ရှစ်ကိုယ်ခွဲ ဇာတ်ကားဖြစ်ပါတယ်။ နှစ်ယောက်ထဲနေချင်တယ်၊ မှုန်ရွှေရည်၊ တိမ်လွှာမို့မို့လွင်၊ ဘယ်ပြေးမလဲမိချိုသဲ၊ ဆောင်းအိမ်မက်၊ တစ်ကျော့နှစ်ကျော့ တေးကိုသီ၊ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ခိုင်မာလာနှင်းဆီ စတဲ့ဇာတ်ကားတွေဟာ ဝင်းဦးရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။