ကြက်ဥပူတင်း ပြုလုပ်နည်းလေးပါ
ကြက်ဥပူတင်း ပြုလုပ်နည်းလေးပါ(၁ဘန်းစာအချိုးကိုပဲရေးထားပါတယ်ပုံထဲကတော့ ၂ဘန်းလုပ်ထားလို့ပါ)figure>
ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်)သေးရင် ၁လုံးပိုထည့်နွားနို့ = ၁လီတာသကြား= ၁၀ကျပ်သားဂျုံမှုန်၅ဇွန်း(ထမင်းစားဇွန်း)ဆား= လက်ဖက်ရည်ဇွန်းတဝက်ဗနီလာနံ့= ၁စက်(မရှိရင် custard powder တဇွန်းလောက်ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင်ထည့်တာပါထောပတ် =၁ဇွန်း(ထမင်းစားဇွန်း)
အရင်ဆုံး ကြက်ဥကို ကြေအောင်ခေါက်မွှေပါသကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ်လောက်ထပ်မွှေပါဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါအဖတ်တွေမဖြစ်အောင်ပါဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့နှံ့အောင်သုတ်ထားပါအိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည်ပျစ်လာအောင်ကျိုပါအဆက်မပြတ်မွေနေရပါမယ်figure>
ဗနီလာ တစက်လောက်ထည့်ပါမိနစ် ၂၀လောက်ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း၉+၁၁လကျမ ထဲထညျ့ အပူခြိနျ ၁၆ဝံစင်တီဂရိတ် မိနစ်၃၀ဖုတ်ပါနီရောင်သမ်းလာရင် အအေးခံပါလုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ပါ
မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ်(တခြားနည်းတွေလဲ ရှိပါတယ်ဒါလေးကတော့ ဆွမ်းကပ်တာပဲဖြစ်ဖြစ်အလှူပဲဖြစ်ဖြစ် ကျမတို့ မိုးကုတ်မြို့မှာအချိုပွဲအနေနဲ့ ထည့်ကြတာမို့ အဲ့ဒီနည်းလေးနဲ့ လုပ်ထားတာပါရှင်)figure>
ပေါင်းလို့လဲရပါတယ် ဒါပေမယ့်ဘန်းကကြီးလို့ ပေါင်းအိုးနဲ့ မဆန့်ရင်တဝက်အချိုးနဲ့ လုပ်လို့ရပါတယ်ကျမတို့ဆီမှာတော့ ပေါက်ဆီပေါင်းတဲ့အိုးအကြီးနဲ့ ၁၀ဘန်း တပြိုင်နက်ပေါင်းကြပါတယ် ပြီးမှ အပေါ်မီး နဲနဲတင်လိုက်တာပါရှင်။လေးစားလျှက်
credit
zawgyi
credit
Leave a Reply
Your email address will not be published.