ကွမ်းစား သူများ စစ်ဆေး သင့်တဲ့ လျှာကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

ကွမ်းစားသူတိုင်း သိထားသင့်တဲ့ လျှာကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၇)ချက်ကိုကျန်းမာရေးဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လျှာကင်ဆာရဲ့ရှေ့ပြေးလက္ခဏာတွေဟာ လျှာရဲ့အဖျားပိုင်း ၃ ပုံ ၂ ပုံကို ကြည့်ခြင်းအားဖြင့် ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။ဆေးပညာရှင်တွေကတော့လျှာရဲ့အဖျားပိုင်း ၃ ပုံ ၂ ပုံမှာဖြစ်ပွားနေတဲ့ကင်ဆာကိုပါးစပ်ကင်ဆာအမျိုးအစားအဖြစ်သတ်မှတ်ကြပါတယ်။

အကယ်၍လျှာရဲ့အရင်းပိုင်းမှာဖြစ်ပွားနေရင်တော့လည်ချောင်းကင်ဆာအမျိုးစားထဲမှာသတ်မှတ်ကြပါတယ်။

ဆေးလိပ်သောက်သူတွေ၊ကွမ်းစားသူတွေနဲ့ အရက်အလွန်ကျွံသောက်သုံးသူတွေမှာလျှာကင်ဆာနဲ့လည်ချောင်းကင်ဆာဖြစ်နိုင်ချေပိုပြီးမြင့်မားပါတယ်။

ယူကေနိုင်ငံရဲ့ကင်ဆာသုတေသနဌါနကလျှာကင်ဆာဖြစ်နိုင်တဲ့အောက်ပါရှေ့ပြေးလက္ခဏာ(၇)ချက်ကိုဖော်ပြထားပါတယ်။

၁။လျှာပေါ်မှာအနီရောင်(သို့)အဖြူရောင်အကွက်တွေပေါ်လာပြီးပြန်ပျောက်မသွားခြင်း ၂။လည်ချောင်းနာကြာရှည်နေပြီးမပျောက်ခြင်

း ၃။လျှာပေါ်မှာပြည်တည်နာ(သို့) အဖုရှိနေပြီးမပျောက်ခြင်း ၄။တစ်ခုခုမြိုချလိုက်ရင်နာကျင်ခြင်း ၅။လျှာထုံနေခြင်း ၆။လျှာကိုမထိခိုက်မကိုက်မိပါပဲအလိုလျှောက်သွေးထွက်ခြင်း ၇။နားရွက်နာကျင်ခြင်း(ဖြစ်ခဲပါတယ်)

အထက်ဖော်ပြပါအချက်(၇)ချက်ထဲကတစ်ခုခုကိုခံစားနေရပြီဆိုရင်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ကင်ဆာရောဂါပျောက်ကင်းနိုင်တဲ့ဆေးမရှိသေးတာမှန်သော်ငြားလည်းစောစောသိရှိပါကမပြန့်ပွားအောင်တားမြစ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

လည်ချောင်းကင်ဆာ၊ပါးစပ်ကင်ဆာတို့ကိုကုသနည်းကကင်ဆာအမျိုးအစားနဲ့အရွယ်အစားပေါ် မူတည်သလို၊ဘယ်အဆင့်ရောက်ပြီးဘယ်လောက်တောင်ပြန့်နှံ့နေပြီလဲဆိုတာလည်းစစ်ဆေးရပါတယ်။

ဒါ့အပြင်လူနာရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးကုသနည်းတွေကိုရွေးချယ်ရပါတယ်။အကယ်၍ကင်ဆာဟာပါးစပ်ရဲ့အတွင်းပိုင်းနဲ့ လည်ချောင်းထိမပျံ့နှံ့သေးဘူးဆိုရင်ခွဲစိပ်ကုသတာနဲ့ပဲလုံလောက်နိုင်ပါတယ်။

အကယ်၍အတော်လေးပြန့်နှံ့နေပြီဆိုရင်တော့ ခွဲစိပ်တာ၊ဓါတ်ကင်တာ၊ဓာတုကုထုံးနဲ့ကုတာတွေလိုအပ်သလိုပြုလုပ်ရမှာဖြစ်ပါတယ်။ခံတွင်းကိုစစ်ဆေးကြည့်ခြင်းဖြင့်ကင်ဆာရောဂါကိုသာမကအစားသောက်မှာဗီတာမင်ချို့တဲ့ခြင်းစတဲ့ကျန်းမာရေးပြသနာတွေကိုလည်းသိရှိနိုင်ပါတယ်။
credit

Leave a Reply

Your email address will not be published.