ေက်ာင္းစရိတ္အတြက္ပန္းကန္ေဆးၿပီး ရွာေဖြရင္း တကၠသိုလ္ 2 ခုကို တခ်ိန္တည္း ဝင္ခြင့္ရရွိခဲ့ၿပီး အခုေဆးတကၠသိုလ္မွာ ကထိက ျဖစ္ေနတဲ့ မိန္းကေလး

Posted by

ေက်ာင္းစရိတ္အတြက္ပန္းကန္ေဆးၿပီး ရွာေဖြရင္း တကၠသိုလ္ 2 ခုကို တခ်ိန္တည္း ဝင္ခြင့္ရရွိခဲ့ၿပီး အခုေဆးတကၠသိုလ္မွာ ကထိက ျဖစ္ေနတဲ့ မိန္းကေလး

Tuoi Tre မွ သတင္းအခ်က္အလက္မ်ားအရ ေဖာ္ျပထားတဲ့ ထက္ျမတ္လြန္းတဲ့အမ်ိဳးသမီးဟာ Tran Thi O Xin လို့ အမည္ရပါတယ္ ။ သူမက ဆင္းရဲတဲ့ မိသားစုမွ ေမြးဖြားႀကီးျပင္းလာခဲ့ၿပီး 2015 ခုႏွစ္မွာ O Xin က တကၠသိုလ္ 2 ခုကို တခ်ိန္တည္း ဝင္ခြင့္ရရွိခဲ့ၿပီး တစ္ခုမွာ Hue Medicine နဲ႔ Pharmacy ၊ ေနာက္တစ္ခုက Da Nang Polytechnic ျဖစ္ပါတယ္ ။

သူမက ဆရာဝန္ျဖစ္ခ်င္ေသာေၾကာင့္ Hue Medicine နဲ႔ Pharmacy ကို ေရြးခ်ယ္ခဲ့ေသာ္လည္း ေအာင္ျမင္မွုဆီသို့ သူမရဲ့ ခရီးက မလြယ္ကူခဲ့ပါဘူး ။ မိသားစုမွာ ေယာက္်ားသားေတြ မရွိတာေၾကာင့္ အေမကဘဲ စီးပြားေရးကို ဦးစားေပးသူျဖစ္လာခဲ့ပါတယ္ ။ သမီးကို ျပဳစုဖို့ လယ္ကြင္းထဲ သြားၿပီး ပိုက္ဆံရွာ၊ အဝတ္ေလၽွာ္၊ အဝတ္ေလၽွာ္ၿပီးမွ ပန္းကန္ေဆးတဲ့ အငွားအလုပ္သမားအျဖစ္ လုပ္ခဲ့ပါတယ္ ။ ေနာက္ၿပီး ပ်က္စီးယိုယြင္းေနတဲ့ အိမ္ကိုလည္း ၾကင္နာတဲ့ ေဆြမ်ိဳးမ်ားထံ ငွားထားရပါတယ္ ။

သူ႔မိသားစုမွာ အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရ႐ုံသာမက O Xin ကလည္း သူ႔ရဲ့ “ထူးဆန္းတဲ့” နာမည္ေၾကာင့္ သူ႔သူငယ္ခ်င္းမ်ားရဲ့ ေလွာင္ေျပာင္ျခင္းကို ခံရတဲ့ ႏွစ္မ်ားတစ္ေလၽွာက္ ျဖတ္သန္းခဲ့ရပါတယ္ ။ သမီးျဖစ္သူကို O Xin လို့ အမည္ေပးရျခင္းဟာ အေမျဖစ္သူက ဂ်ပန္ဒရာမာတြင္ Osin ဇာတ္ေကာင္ကို ႏွစ္သက္ေသာေၾကာင့္ သမီးအတြက္ စာရြက္စာတမ္းလုပ္စဥ္မွာ အနည္းငယ္ရွုပ္ေထြးေနၿပီး O Xin အမည္လို့ ေပၚလာခဲ့ပါတယ္ ။

သို့ေသာ္ O Xin က ေဝဖန္တဲ့လူကို အေရးမစိုက္ေတာ့ဘဲ တျခားသူေတြထက္စာရင္ သူမဟာ ႀကိဳးႀကိဳးစားစားေလ့လာမွသာ သူ႔ဘဝကို ေျပာင္းလဲဖို့ အခြင့္အလမ္းက ပိုေကာင္းလာၿပီး ပိုေကာင္းတဲ့ဘဝကို ပိုင္ဆိုင္လာမယ္ဆိုတာကို သူမကိုယ္တိုင္ သိရွိနားလည္ခဲ့ပါတယ္ ။12 ႏွစ္ဆက္တိုက္ O Xin က သူ႔အေမအတြက္သာမက တစ္ေက်ာင္းလုံးအတြက္ ဂုဏ္ယူစရာျဖစ္တဲ့ နယ္ပယ္ေပါင္းစုံတြင္ ထူးခၽြန္တဲ့ ေက်ာင္းသားဘြဲ႕ကို ရရွိခဲ့ၿပီး ထိပ္တန္းအဆင့္ပညာေရးမွတ္တမ္းတစ္ခုပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္ ။

ေနာက္ၿပီး ေက်ာင္းခ်ိန္ျပင္ပတြင္ O Xin က အခ်ိန္အမ်ားစုကို သူမရဲ့ မိခင္ကို ပန္းကန္မ်ားေဆးကုခဲ့ပါတယ္ ။ အားထုတ္ျခင္းက လူကို ဘယ္ေတာ့မွ သစၥာမေဖာက္တဲ့ တစ္ခုတည္းေသာ အရာျဖစ္ပါတယ္ ။

O Xin ရဲ့ ႀကိဳးစားအားထုတ္မွုအားလုံးက တကၠသိုလ္ႏွစ္ခုကို တစ္ၿပိဳင္နက္တည္း ေအာင္ျမင္ၿပီးတဲ့ အခါ ဆုခ်ီးျမႇင့္ျခင္းခံရပါတယ္ ။ သူမကဲ့သို့ ခက္ခဲတဲ့ အေျခအေနမ်ားမွ ဆရာဝန္တစ္ဦးျဖစ္လာရန္ သူမရဲ့ အိပ္မက္ေၾကာင့္ Hue University of Medicine နဲ႔ Pharmacy ကို အေထြေထြေရာဂါကု ဆရာဝန္အျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္ ။

သူမဘြဲ႕ရၿပီးေနာက္ သူမ Hue ေဆးတကၠသိုလ္နဲ႔ ေဆးဘက္ဆိုင္ရာေရာဂါေဗဒဌာနမွာ ကထိကအျဖစ္ ဆက္လက္ရွိေနေသာေၾကာင့္ သူမရဲ့ ေပ်ာ္ရႊင္မွုက မ်ားျပားခဲ့ပါတယ္ ။ O Xin က ေသးသြယ္တဲ့အသြင္အျပင္ရွိေပမယ့္ သူမရဲ့စြမ္းအင္က မေသးဘူးမဟုတ္လား ။ O Xin လို အခက္အခဲမ်ားကို ေက်ာ္လႊားနိုင္တဲ့ လွုံ႔ေဆာ္မွုဆိုင္ရာ အေၾကာင္းမ်ားနဲ႔ ဥပမာမ်ား ပ်ံ႕ႏွံ့ၿပီး ပိုမိုလူသိမ်ားလာလိမ့္မယ္လို့ ေမၽွာ္လင့္ပါတယ္ ။

ဘယ္သူမွ ေမြးရာပါအေျခအေနကို ေရြးခ်ယ္ပိုင္ခြင့္မရွိေပမယ့္ ဘယ္လိုရင္ဆိုင္ရလဲ၊ ဘယ္လိုျဖတ္ေက်ာ္မလဲဆိုတာကေတာ့ မင္းကိုယ္မင္း ဆုံးျဖတ္ဖို့လိုပါတယ္ ။ ဘဝက ပိုခက္ခဲေလေလ၊ ပိုႀကိဳးစားခ်င္စိတ္ရွိလာေလေလပါပဲ ။

Zawgyi(version)

ကျောင်းစရိတ်အတွက်ပန်းကန်ဆေးပြီး ရှာဖွေရင်း တက္ကသိုလ် 2 ခုကို တချိန်တည်း ဝင်ခွင့်ရရှိခဲ့ပြီး အခုဆေးတက္ကသိုလ်မှာ ကထိက ဖြစ်နေတဲ့ မိန်းကလေး

Tuoi Tre မွ သတင်းအချက်အလက်များအရ ဖော်ပြထားတဲ့ ထက်မြတ်လွန်းတဲ့အမျိုးသမီးဟာ Tran Thi O Xin လို့ အမည်ရပါတယ် ။ သူမက ဆင်းရဲတဲ့ မိသားစုမွ မွေးဖွားကြီးပြင်းလာခဲ့ပြီး 2015 ခုနှစ်မှာ O Xin က တက္ကသိုလ် 2 ခုကို တချိန်တည်း ဝင်ခွင့်ရရှိခဲ့ပြီး တစ္ခုမွာ Hue Medicine နဲ့ Pharmacy ၊ နောက်တစ်ခုက Da Nang Polytechnic ဖြစ်ပါတယ် ။

သူမက ဆရာဝန်ဖြစ်ချင်သောကြောင့် Hue Medicine နဲ့ Pharmacy ကို ရွေးချယ်ခဲ့သော်လည်း အောင်မြင်မှုဆီသို့ သူမရဲ့ ခရီးက မလြယ္ကူခဲ့ပါဘူး ။ မိသားစုမွာ ယောက်ျားသားတွေ မရှိတာကြောင့် အေမကဘဲ စီးပွားရေးကို ဦးစားပေးသူဖြစ်လာခဲ့ပါတယ် ။ သမီးကို ပြုစုဖို့ လယ်ကွင်းထဲ သွားပြီး ပိုက္ဆံရွာ၊ အဝတ်လျှော်၊ အဝတ်လျှော်ပြီးမှ ပန်းကန်ဆေးတဲ့ အငှားအလုပ်သမားအဖြစ် လုပ်ခဲ့ပါတယ် ။ နောက်ပြီး ပျက်စီးယိုယွင်းနေတဲ့ အိမ်ကိုလည်း ကြင်နာတဲ့ ဆွေမျိုးများထံ ငှားထားရပါတယ် ။

သူ့မိသားစုမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရရုံသာမက O Xin ကလည်း သူ့ရဲ့ ထူးဆန်းတဲ့ နာမည်ကြောင့် သူ့သူငယ်ချင်းများရဲ့ လှောင်ပြောင်ခြင်းကို ခံရတဲ့ နှစ်များတစ်လျှောက် ဖြတ်သန်းခဲ့ရပါတယ် ။ သမီးဖြစ်သူကို O Xin လို့ အမည်ပေးရခြင်းဟာ အေမျဖစ္သူက ဂျပန်ဒရာမာတွင် Osin ဇာတ်ကောင်ကို နှစ်သက်သောကြောင့် သမီးအတွက် စာရွက်စာတမ်းလုပ်စဉ်မှာ အနည်းငယ်ရှုပ်ထွေးနေပြီး O Xin အမည်လို့ ပေါ်လာခဲ့ပါတယ် ။

သို့သော် O Xin က ဝေဖန်တဲ့လူကို အရေးမစိုက်တော့ဘဲ တခြားသူတွေထက်စာရင် သူမဟာ ကြိုးကြိုးစားစားလေ့လာမှသာ သူ့ဘဝကို ပြောင်းလဲဖို့ အခွင့်အလမ်းက ပိုကောင်းလာပြီး ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်လာမယ်ဆိုတာကို သူမကိုယ်တိုင် သိရှိနားလည်ခဲ့ပါတယ် ။12 နှစ်ဆက်တိုက် O Xin က သူ့အမေအတွက်သာမက တစ်ကျောင်းလုံးအတွက် ဂုဏ်ယူစရာဖြစ်တဲ့ နယ်ပယ်ပေါင်းစုံတွင် ထူးချွန်တဲ့ ကျောင်းသားဘွဲ့ကို ရရှိခဲ့ပြီး ထိပ်တန်းအဆင့်ပညာရေးမှတ်တမ်းတစ်ခုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။

နောက်ပြီး ကျောင်းချိန်ပြင်ပတွင် O Xin က အချိန်အများစုကို သူမရဲ့ မိခင်ကို ပန်းကန်များဆေးကုခဲ့ပါတယ် ။ အားထုတ်ခြင်းက လူကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ် ။

O Xin ရဲ့ ကြိုးစားအားထုတ်မှုအားလုံးက တက္ကသိုလ်နှစ်ခုကို တစ်ပြိုင်နက်တည်း အောင်မြင်ပြီးတဲ့ အခါ ဆုချီးမြှင့်ခြင်းခံရပါတယ် ။ သူမကဲ့သို့ ခက်ခဲတဲ့ အခြေအနေများမှ ဆရာဝန်တစ်ဦးဖြစ်လာရန် သူမရဲ့ အိပ်မက်ကြောင့် Hue University of Medicine နဲ့ Pharmacy ကို အေထြေထြေရာဂါကု ဆရာဝန်အဖြစ် ရွေးချယ်ခဲ့ပါတယ် ။

သူမဘွဲ့ရပြီးနောက် သူမ Hue ဆေးတက္ကသိုလ်နဲ့ ဆေးဘက်ဆိုင်ရာရောဂါဗေဒဌာနမှာ ကထိကအဖြစ် ဆက်လက်ရှိနေသောကြောင့် သူမရဲ့ ပျော်ရွှင်မှုက များပြားခဲ့ပါတယ် ။ O Xin က သေးသွယ်တဲ့အသွင်အပြင်ရှိပေမယ့် သူမရဲ့စွမ်းအင်က မေသးဘူးမဟုတ္လား ။ O Xin လို အခက်အခဲများကို ကျော်လွှားနိုင်တဲ့ လှုံ့ဆော်မှုဆိုင်ရာ အကြောင်းများနဲ့ ဥပမာမ်ား ပျံ့နှံ့ပြီး ပိုမိုလူသိများလာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

ဘယ္သူမွ မွေးရာပါအခြေအနေကို ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် ဘယ်လိုရင်ဆိုင်ရလဲ၊ ဘယ်လိုဖြတ်ကျော်မလဲဆိုတာကတော့ မင်းကိုယ်မင်း ဆုံးဖြတ်ဖို့လိုပါတယ် ။ ဘဝက ပိုခက်ခဲလေလေ၊ ပိုကြိုးစားချင်စိတ်ရှိလာလေလေပါပဲ ။