မြန်မာ့ရုပ်ရှင်သမိုင်းမှာ အသက်ငယ်ဆုံးနဲ့ ပထမဆုံးရိုက်တဲ့ဇာတ်ကားမှာ ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီရရှိခဲ့တဲ့ မင်းသမီး သုံးယောက်ထဲက တစ်ယောက်အပါဝင်ဖြစ်တဲ့ ဝါရင့်အနုပညာရှင်ကြီး အကယ်ဒမီ အမေ ဒေါ်မြတ်မွန်က လက်ရှိအချိန်မှာတော့ လေးငန်းရောဂါခံစားနေရပေမယ့် ကျန်းမာရေး ဂရုစိုက်စွာနေထိုင်နေရတယ်လို့လည်း သိရပါတယ်။
အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် ဒါရိုက်တာလူမင်းရဲ့ နို့ဘီးလူဇာတ်ကားရိုက်ကူးပြီးမှာ နောက်ထပ်ဆက်လက်ရိုက်ကူးနိုင်ခြင်းမရှိတော့ဘဲ သူမရဲ့ နေအိမ်မှာပဲ ကျန်းမာရေး အထူးဂရုစိုက်စွာနေထိုင်နေပါတယ်။
နို့ဘီးလူ ဇာတ်ကားရဲ့ အောင်မြင်မှုနဲ့ အတူ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေတစ်ဖန်ပြန်လည်ခံစားခွင့်ရရှိခဲ့တာကြောင့် ပရိသတ်တွေက အခုထိ ငါ့ကိုမမေ့ကြသေးပါ့လားဆိုတာသိရတော့ အလွန်ဝမ်းသာကြည်နုးရတယ်လို့လည်း ဆိုပါတယ်။
အကယ်ဒမီမြတ်မွန်ရယ်လို့ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်ဆန်းခဲ့တဲ့ လက်ရှိအသက် ၈၀ အရွယ် ဒေါ်မြတ်မွန်ကို ၁၉၄၂ ခုနှစ် ရန်ကုန်မြို့မှာပဲ မွေးဖွားခဲ့ပြီး နာမည်အရင်းမှာတင်တင်အုန်းဖြစ်ပါတယ်။
ရုပ်ရှင်လောကထဲကို၁၉၅၈ ခုနှစ် အသက်၁၆ နှစ်အရွယ် ၇ တန်းကျောင်းသူဘဝကတည်းက စတင်ရောက်ရှိလာခဲ့ပြီး ပထမဆုံး ပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ ” ကကြီးရေး က ” ရုပ်ရှင်ဇာတ်ကား နဲ့ အကယ်ဒမီဆုကိုတန်ရရှိခဲ့တဲ့အထိ ရုပ်ရှင်သရုပ်ဆောင်အနုပညာမှာထူးချွန်ထက်မြတ်သူဖြစ်ပါတယ်။
ထို့ခေတ်အချိန်အခါက မင်းသမီးချောမြတ်မွန်ဟာ မြန်မာ့ရုပ်ရှင်လောကမှာ အရွယ်နဲ့မလိုက်အောင် ချောမောလှပလွန်သူဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်ရမှာ သဘာဝကျကျ သရုပ်ဆောင်တက်သူဖြစ်တာကြောင့် ကကြီးရေးက ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်းတန်း ရရှိခဲ့ပြီးနောက် ဆက်လက်ပြီး “အငို လွယ်သည်၊” “ဧည့်သည်” “အကယ်၍သာ” ဆက်တိုက်ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ရာမှာ ဖတ်စကလပ် (First Class), ဇာခန်းဆီးနောက်ကွယ်မှာ နှင့် ၁၉၇၀ ခုနှစ်ထွက်ရှိတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ဇာတ်ကားများမှာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ဇာတ်ကားများဖြစ်ခဲ့ပေမယ့်လည်း အကယ်ဒမီဆု ထပ်မံ မရရှိခဲ့သည်မှာ အံ့ဩစရာကောင်းခဲ့ပါတယ်။
ဝါရင့်အနုပညာရှင်အမေကြီးဒေါ်မြတ်မွန်မှာ ရုပ်ရှင်အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ရိုက်ကူးခဲ့ရာမှာ ထူးခြားချက်အနေနဲ့ မြတ်မွန်ပါတဲ့ဇာတ်ကားတိုင်းအောင်မြင်ကျော်ကြား ပရိသတ်အကြိုက်များခဲ့တဲ့ဇာတ်ကားတွေချည်ပဲဖြစ်ခဲ့ရာ ၂၀၁၉ ခုနှစ်နောက်ဆုံး ရိုက်ကူးထားတဲ့ ဒါရိုက်တာ လူမင်း ရဲ့ နို့ဘီလူး ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာနဲ့ အောင်မြင်ကျော်ကြားခဲ့ပြန်ပါတယ်။
အနုပညာလောကမှာ ခေတ်ပြိုင်မင်းသမီး ဝါဝါဝင်းရွှေ ၊ ခင်သန်းနု တို့ လို အအောင်မြင်ဆုံး အချိန်အသက် ၃၂ အရွယ်မှာပဲ အကယ်ဒမီမြတ်မွန်ဟာ ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး အချိန်တော်ကြာမှာ ဒါရိုက်တာ အကယ်ဒမီ လူမင်းရဲ့ အကူညီတောင်းမှုနဲ့အတူ နို့ဘီလူးဇာတ်ကားကို ပြန်လက်ခံရိုက်ကူးခဲ့ပါတယ်။
မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ထင်ရှားတဲ့ထူးခြားချက်ကတော့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားရိုက်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီတန်ရခဲ့တဲ့ မင်းသမီးသုံးယောက်ရှိပြီး အသက်ငယ်ဆုံးမင်းသမီးမြတ်မွန် ကတော့ ကကြီးရေးက ဇာတ်ကား နဲ့ ရရှိခဲ့သလို ၊ ချစ်သက်ဝေ ဇာတ်ကား နဲ့ ကြည်ကြည်ဌေး ၊ နှစ်မွှာအသည်း ဇာတ်ကား နဲ့ စန္ဒာ တို့ ရရှိခဲ့ဖူးပါတယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီးထူးချွန်းဆုပေးသမိုင်းတစ်လျှောက်မှာ ယနေ့တိုင်းပြောစမှတ်တွင်းထင်ရှားကျော်ကြားခဲ့တာကတော့ မင်းသမီးမြတ်မွန်ရဲ့ ပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ ကကြီးရေးက ဇာတ်ကား အကယ်ဒမီ ရရှိတဲ့အခါ ဆုတက်ယူရာမှာ ခေတ်ရှေ့ပြေးတဲ့ ခေတ်ဆန်ဆန် အိမ်နေဝတ်စုံနဲ့ ခုံဖိနပ်စီးပြီး ရဲရဲဝံ့ဝံ့ဆုတက်ယူခဲ့ပုံတွေကတော့ ဒီဘက်ခေတ်အထိ ပြောစမှတ်တွင်းထင်ရှားခဲ့ပါတယ်။
အဲ့ဒီလို မြန်မာရုပ်ရှင်အနုပညာမှာ ထူးခြားချက်များနဲ့ အကယ်ဒမီ မြတ်မွန် ရဲ့ လူနေမှုဘဝမှာတော့ အိမ်ထောင် နှစ်ဆက်ကျခဲ့ပြီး ပထမဆုံး ရိုက်ကူးခဲ့တဲ့ ကကြီးရေးက ဇာတ်ကား အကယ်ဒမီ ရရှိပြီးနောက်ပိုင်းမှာတော့ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးသာဓု နဲ့ အသက် ၁၇ နှစ်အရွယ်မှာ ပထမ အိမ်ထောင်ကျခဲ့ပြီး စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အာယုဆိုတဲ့သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။
အဲ့ဒီနောက် ဒါရိုက်တာ ဦးသာဓု နဲ့ ကွဲကွာပြီးနောက် အကော်ဒီယံအုန်းကျော်နှင့် ဒုတိယ အိမ်ထောင်ပြုခဲ့ပြီး သီသီမွန်၊ မာမာမွန်၊ သက်ငုံဖူး၊ ဇာနည်မောင် စတဲ့ သားသမီးလေးယောက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ အသက်၈၀ အရွယ် ဝါရင့်အနုပညာရှင်မင်းသမီးကြီး အမေမြတ်မွန်ဟာ သူရဲ့ နေအိမ်မှာပဲ မိသားစုနဲ့အတူ ကျန်းမာစွာနေထိုင်လျှက်ရှိနေပြီး ဘုရားတရားအလုပ်များနဲ့ ပျော်မွေ့နေတယ်လို့လည်း သိရပါတယ်။
ဖတ်ရှုအားပေးခဲ့ကြတဲ့ Celodia Myanmar ပရိသတ်တစ်ဦးတစ်ယောက်ချင်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျာ ။ ဒီလို စိတ်ဝင်းစားစရာ ပြည်တွင်းပြည်ပ အနုပညာသတင်းကောင်းတွေဖတ်ရှုလေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Celodia Myanmar ကို Like လုပ်ထားဖို့ လုံးဝ မမေ့နဲ့နော်။
Zawgyi(version)