ဆံပင်ကျွတ်တဲ့သူများအတွက်သတင်းကောင်းဧရာဝတီတိုင်း ပုသိမ်မှာဆံပင်တစ်ပိဿာစျေးရွှေစျေးနီးပါးကျပ်သိန်း၂၀လောက်ရနေ

ဆံပင်ကျွတ်တဲ့သူများအတွက်သတင်းကောင်းဧရာဝတီတိုင်းပုသိမ်မှာဆံပင်တစ်ပိဿာဈေးရွှေဈေးနီးပါးကျပ်သိန်း၂၀လောက်ရနေဧရာဝတီတိုင်းဒေသကြီးအတွင်း

ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သောဆံပင်ဈေးကွက်မှာလက်ရှိတစ်ပိဿာကိုအတိုအရှည်လိုက်ပြီးကျပ် နှစ်သိန်းခွဲမှကျပ်သိန်း၂၀ဝန်းကျင်အရောင်းအဝယ်ဖြစ်နေကြောင်း

ပုသိမ်မြို့ရှိဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်ဆံပင်ဈေးကွက်မှာယခင်ကမူဆယ်မှတစ်ဆင့်တရုတ်နိုင်ငံသို့သာအဓိကတင်ပို့ရောင်းချမှုရှိခဲ့သော်လည်းယခုနှစ်ပိုင်းဈေးကွက်ပြောင်းလဲသွားပြီး

ပြည်တွင်းတွင်နေထိုင်သော ပြည်ပနိုင်ငံသားများနှင့် ပြည်ပနိုင်ငံများမှအဝယ်ဒိုင်သို့တိုက်ရိုက်ချိတ်ဆက်ကာဝယ်ယူကြကြောင်းသိရပါတယ်။

ဆံပင်ဈေးနှုန်းမှာပြီးခဲ့သည့် လေးငါးနှစ်ခန့်ကတစ်ပိဿာကိုကျပ်တစ်သိန်းမှ ခြောက်သိန်း ဈေးကွက်အတွင်းရှိပြီးယခုပေါက်ဈေးမှယခင်ထက်များစွာမြင့်တက်မှုရှိကြောင်းသိရပါတယ်

ဆံပင်ဝယ်ယူရာတွင်ကျွတ်စ၊အပွအရိုင်းနှင့်အတိုအရှည်လက်မဆိုဒ်များမှာ၁၂လက်မမှ၃၂လက်မအထက်လက်မအတိုအရှည်လိုက်ပြီးတစ်ပိဿာကိုကျပ်နှစ်သိန်းခွဲမှကျပ်သိန်း၂၀ခန့်

အရောင်းအဝယ်ပြုလုပ်ကြောင်းသိရပါတယ်ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းများအနေဖြင့်ဝယ်ယူထားသောဆံပင်ကုန်ကြမ်းကိုဆပ်ပြာဖြင့်ရေသန့်စင်ဆေးကာ နေပူလှန်းပြီးအတိုအရှည်

ဆိုဒ္ခြဲ၍ ပြည်တွင်းဈေးကွက်တွင်ပိဿာချိန် ပြည်ပဈေးကွက်တွင်ကီလိုနှင့်ရောင်းချရကြောင်းသိရပါတယ်ပြည်ပဈေးကွက်တွင်ဆံပင်ကိုရုပ်ရှင်ကားများတွင်ဆံတုဆံထုံး၊မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးအတုပြုလုပ်ကြပြီးအလှကုန်ပစ္စည်းကိရိယာအဖြစ် ပြုပြင်ပြီးလည်းအသုံးပြုကြကြောင်းသိရပါတယ်။
credit

Leave a Reply

Your email address will not be published.