ေလယာဥ္ျဖင့္ ခရီးသြားလာသူမ်ား ဒီအခ်က္ေတြကိုေတာ့ သတိျပဳ လိုက္နာသင့္တယ္…

Posted by

ဒီကနေ့ ဖြစ်သွားတဲ့ မန္တလေးလေယာဉ် အဆင်းမှာ ဖုန်းမသုံးပါနဲ့လို့ လေယာဉ်မယ်တွေ တဖွဖွ ပြောနေတဲ့ ကြားကနေ ဗီဒီယို ခိုးရိုက်တဲ့သူတစ်ယောက်ပေါ်လာတယ်။

ကံကောင်းလွန်းတော့ လေယာဉ် ဘာမှ မဖြစ်ဘဲ အဲဒီဗီဒီယိုကနေ တဆင့် လေယာဉ်ပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို သိခွင့်ရလိုက်တယ်။

ကံမကောင်းတာကတော့ ကျွန်တော် အပါအဝင် လူတစ်ချို့က အဲဒီဗီဒီယို ရိုက်တဲ့သူကို ဝိုင်းပြောတယ်။ အဲဒီကနေ လူထုအကြားမှာ ဖုန်းနဲ့ ဗီဒီယို ရိုက်သင့် မရိုက်သင့်ဆိုတာ အငြင်းပွားမှုတွေ ပေါ်လာတယ်။

လေယာဉ်နဲ့ ကျွန်တော်ဟာ အာရှတိုက်အတွင်း နိုင်ငံတွေအကြား အိမ်ဦးနဲ့ ကြမ်းပြင် ဆိုသလို အနည်းဆုံး တလခွဲကို တစ်ခေါက်တော့ အာရှတိုက်ထဲမှာ ပတ်သွားနေရပါတယ်။ တစ်နှစ် ပျှမ်းမျှ လေယာဉ် ဆယ်ခေါက်ပေါ့။

လောလောဆယ် ဒီ ၅ လအတွင်းလေယာဉ် လေးခေါက် စီးခဲ့ပြီးပါပြီ။ တချို့နှစ်တွေဆို လေယာဉ်မိုင် သိန်းကျော်အထိ ခရီးသွားရတတ်ပါတယ်။

ဒါကြောင့်မို့လို့ လေယာဉ်အပေါ်မှာ ဘယ်အချိန် Phone / Electronics Devices သုံးလို့ ရသလဲ မရဘူး ဆိုတာ ကျွန်တော်သိသလောက် မျှဝေပါရစေ။

(၁) လေယာဉ်အတက် လေယာဉ်အဆင်းတွေမှာ ဘာကြောင့် ဖုန်းပိတ်ထားသင့်သလဲ…?
လေယာဉ်ဆင်းတဲ့ တက်တဲ့အချိန်မှာ လေယာဉ်မှူးတွေဟာ သူတို့ကို ထိန်းချုပ်ရာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တွေနဲ့ အဆက်အသွယ် လုပ်ရပါတယ်။

အကယ်၍ သင်သာ သင့်ဖုန်းကို Non – Flight Mode / WiFi Mode မှာသာ ထားထားမယ် ဆိုရင် သင့်ဖုန်းကနေ Connection Searching Signal တွေထုတ်လွှင့်နေမှာမို့လို့ လေယာဉ်မှူးတွေရဲ့ ရေဒီယို ဆက်သွယ်ရေး Frequency ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

(၂) လေယာဉ် အတက် အဆင်းမှာ ဖုန်းကို Flight Mode မှာ ထားမယ်။ ဒါပေမယ့် ပါဝါအားသွင်းကြိုး တတ်ထားမယ်။ ရမလား…?
တချို့သော လေယာဉ်တွေမှာ ကိုယ့်ထိုင်ခုံရှေ့ တီဗွီ မျက်နှာပြင်မှာ (SIA လိုလေယာဉ်တွေဆို) USB အပေါက် ပါပါတယ်။ အဲဒီကနေ ဖုန်းထဲက ဂိမ်းတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ တရားခွေတွေကို ကိုယ့်ရှေ့ တီဗွီ ကနေ တဆင့် ကြည့်လို့ ရပါတယ်။

ကျွန်တော်ဆို ဖုံးအားသွင်းကြိုးယူသွားပြီး အားသွင်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်မယ် တစ်ယောက်ကနေ လာပြီး ဖုန်းကို Flight Mode ကနေထားထားလဲ လေယာဉ် ဆင်းတဲ့ တက်တဲ့အချိန်မှာ အားသွင်းကြိုးကို ဖြုတ်ထားဖို့ လာပြောပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သင်ရဲ့ဖုန်းဟာ ပါဝါကြိုးကနေ ဆက်သွယ်ထားလည်း Data Link connection တွေပါ ဆက်နေပါတယ်။ Flight Mode ချထားလို့ အဲဒီ Data Link Function တွေ အလုပ် လုပ်တယ် မလုပ်ဘူးဆိုတာ

သင့်အနေနဲ့ လေယာဉ်မယ်နဲ့ ပြိုင်ငြင်းနေရမယ့် အချိန်မဟုတ်ပါဘူး။ ခရီးသည် အားလုံးရဲ့ လုံခြုံရေး အတွက် အဲဒီအချိန်မှာ ပိတ်ကို ပိတ်ထားရပါမယ်။

(၃) ဘယ်အချိန်မှာ ဖုန်းပြန်သုံးလို့ ရပြီလဲ…?
လေယာဉ် လေထဲ တက်သွားပြီး သတ်မှတ်အမြင့်ကို ရောက်ရင် တီဆို အချက်ပေးသံ မြည်သွားပြီး မိမိတို့ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုလျင် ဖြုတ်လို့ရတဲ့ မီးအစိမ်းလေး ပေါ်လာပါလိမိ့မယ်။ (ဒါပေမယ့် မဖြုတ်ပါနဲ့)။

အဲဒီအခါကျရင် ဖုံးရော တခြား Electronics Devices များပါ ကြိုက်သလို သုံးနိုင်ပါပြီ။ သင့်မှာ ပိုက်ဆံပေါတယ်ဆိုရင် လေယာဉ်ပေါ်မှာ ပါတဲ့ Sky WiFi ကိုပါ ဒေါ်လာနဲ့ပေးဝယ်ပြီး ကြိုက်သလို တကမ္ဘာလုံးနဲ့အဆက်အသွယ် မပြတ်ဘဲ နေလို့ရပါပြီ။

သင်သုံးသလောက် ပေးဖို့ ဒေါ်လာငွေများတော့ များများ ပါပါစေ။ ဈေး အင်မတန်ကြီးပါတယ်။ ကျွန်တော် တခါမှ မသုံးဘူးပါ။

(၄) လေယာဉ် ပြန်ဆင်းတဲ့အချိန် ရောက်ပြီ
လေယာဉ် ပြန်ဆင်းမဲ့အချိန် ရောက်ပြီဆိုလျင်တော့ ဖုန်းရော Electronics Devices များပါ ပိတ်ဖို့ လေယာဉ်မယ်များက လိုက်ပြောပါလိမ့်မယ်။

ဒါကလည်း လေယာဉ်မှူးတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ဖုန်းနဲ့ Electronics Devices တွေမှာ ပါတဲ့ ရေဒီယိုလှိုင်းတွေရဲ့ အနှောက်အယှက် ပေးမှုကနေ ကာကွယ်ဖို့ပါ။

အဲဒီလိုပဲ တယ်လီဖုန်းတွေလည်း အားမသွင်းရတော့ပါ။ ထို့အပြင် ထိုင်ခုံများပြန်လည် တည့်မတ်ပေးခြင်း၊ လေယာဉ် ပြတင်းပေါက်များ တင်ပေးရခြင်း တို့ကိုလုပ်ရပါ့မယ်။

(၅) လေယာဉ် အရေးပေါ် ဆင်းတဲ့အချိန်မှာ ဖုန်း / Electronics Devices များ ဘာကြောင့် ပိတ်ထားရမလဲ…? (Emergency Landing Protocol)
လေယာဉ် အရေးပေါ် ဆင်းသက်ရန်အကြောင်းအရာများကတော့ ဒီနေ့ဖြစ်တဲ့ မန္တလေး လေယာဉ်လို Landing Gear Fail ဖြစ်ပြီး ဝမ်းဗိုက်၊ အတောင်ပံတွေနဲ့ တရွတ်တိုက် ဆင်းရခြင်

လေယာဉ် အင်ဂျင်ထဲမှာရှိတဲ့ လေယာဉ်ဒလက်တွေထဲ ငှက်ဝင်လို့ လေယာဉ် အင်ဂျင် ပေါက်ကွဲခြင်း၊ လေယာဉ် အင်ဂျင်ထဲက Compressor Surge (သို့) Compressors Stall ပြဿနာ ဖြစ်ရာမှ လေယာဉ်အင်ဂျင်အတွင်း ပေါက်ကွဲခြင်း စတဲ့

ပြဿနာတွေဖြစ်ပေါ်လာရင် လေယာဉ်ဆီပိုက်လိုင်းတွေ၊ လေယာဉ် ဆီတိုင်ကီတွေကနေ လေယာဉ်ဆီတွေ ယိုစိမ့်နေနိုင်ပါတယ်။ အကယ်၍ Landing Gear Fail ဖြစ်တဲ့အချိန်မှာတောင် လေယာဉ်မှူးဟာ လေယာဉ်ဆီအားလုံး ကုန်တဲ့အထိ ဖေါက်ချလို့ မရပါ။

လေယာဉ် ဆီတိုင်ကီ အတွင်းမှာ အနည်းဆုံး လယ်ဗယ်တစ်ခု ချန်ထားမှသာ လေယာဉ်ကို ကွင်းအထိ လိုသလို ထိန်းကျောင်း ယူလာနိုင်မှာပါ။ အကုန်လုံး ကုန်အောင် ဖေါက်ချရင် ဆီကုန်တာနဲ့ အင်ဂျင်ရပ်ပြီး အောက်ပြုတ်ကျသွားမှာပေါ့။

ဒါကြောင့် ကွင်းကို ဆင်းတဲ့အချိန်မှာ လေယာဉ်ဆီ အနည်းအကျဉ်းကတော့ ဆီလိုင်းတွေ ဆီတိုင်ကီတွေထဲမှာ ကျန်နေဦးမှာပါ။ အဲဒီဆီတွေ ယိုနေတဲ့အချိန်မှာ အကယ်၍သာ ဖုန်းအပါအဝင် တခြား Electronics Devices တွေကို ထုတ်သုံးမယ် ဆိုရင်

သူတို့မှာ ရှိနေနိုင်တဲ့ Static Charges တွေ၊ Leakage current (Eddy Current) ကြောင့် ဖြစ်နိုင်တဲ့ Electromagnetic Induced Flux တွေ၊ Electronics Devices တွေ Fail ဖြစ်ရာကနေ ထွက်လာမယ့်

Spark တွေ၊ သင့်ရဲ့ လက်ကိုင်ဖုန်း၊ ကင်မရာတွေမှာ ပါတဲ့ လစ်သီယံ ဘက်ထရီတွေသာ တိုက်တိုက်ဆိုင်ဆိုင် ပေါက်ကွဲမှုတွေသာ ဖြစ်ခဲ့မယ်ဆိုရင် အစောကြီးက ယိုစိမ့်နေတဲ့လေယာဉ်ဆီနဲ့ တွေ့ပြီး လေယာဉ်ကို မီးစွဲလောင်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ လေယာဉ် အရေးပေါ်အခြေအနေ (Emergency Safety Protocol) ကို ခရီးသည်အားလုံးက အတိအကျ လိုက်နာဖို့ လိုပါတယ်။ကိုယ့်ရဲ့ အတ္တ၊ ကိုယ့်ရဲ့ အသိဉာဏ်မဲ့တဲ့ညံ့ဖျင်း မိုက်မဲမှုကြောင့် မိမိအပါအဝင်

ခရီးသည် အားလုံးရဲ့ အသက်တွေကို ထိခိုက်အောင် မလုပ်သင့်ပါဘူး။လေယာဉ်မောင်တွေ / မယ်တွေဟာ အရေးပေါ် အခြေအနေ အမျိုးမျိုးကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်တတ်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ထားကြတဲ့ ပရိုဖက်ရှင်နယ် (Professional) တွေပါ။

အရေးပေါ် အခြေအနေတွေမှာ သူတို့ရဲ့ညွှန်ကြားချက် (Emergency Safety Protoco) ကို အတိအကျ လိုက်နာဖို့ရာ လေယာဉ်စီး ခရီးသည်တိုင်းမှာ တာဝန်ရှိပါတယ် ခင်ဗျားးး ။

Credit#ကိုကျော်ခိုင်#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Zawgyi(version)

ဒီကေန႕ ျဖစ္သြားတဲ့ မႏၱေလးေလယာဥ္ အဆင္းမွာ ဖုန္းမသုံးပါနဲ႕လို႔ ေလယာဥ္မယ္ေတြ တဖြဖြ ေျပာေနတဲ့ ၾကားကေန ဗီဒီယို ခိုးရိုက္တဲ့သူတစ္ေယာက္ေပၚလာတယ္။

ကံေကာင္းလြန္းေတာ့ ေလယာဥ္ ဘာမွ မျဖစ္ဘဲ အဲဒီဗီဒီယိုကေန တဆင့္ ေလယာဥ္ေပၚမွာ ဘာေတြျဖစ္ပ်က္ေနသလဲ ဆိုတာကို သိခြင့္ရလိုက္တယ္။

ကံမေကာင္းတာကေတာ့ ကြၽန္ေတာ္ အပါအဝင္ လူတစ္ခ်ိဳ႕က အဲဒီဗီဒီယို ရိုက္တဲ့သူကို ဝိုင္းေျပာတယ္။ အဲဒီကေန လူထုအၾကားမွာ ဖုန္းနဲ႕ ဗီဒီယို ရိုက္သင့္ မရိုက္သင့္ဆိုတာ အျငင္းပြားမႈေတြ ေပၚလာတယ္။

ေလယာဥ္နဲ႕ ကြၽန္ေတာ္ဟာ အာရွတိုက္အတြင္း နိုင္ငံေတြအၾကား အိမ္ဦးနဲ႕ ၾကမ္းျပင္ ဆိုသလို အနည္းဆုံး တလခြဲကို တစ္ေခါက္ေတာ့ အာရွတိုက္ထဲမွာ ပတ္သြားေနရပါတယ္။ တစ္ႏွစ္ ပွ်မ္းမွ် ေလယာဥ္ ဆယ္ေခါက္ေပါ့။

ေလာေလာဆယ္ ဒီ ၅ လအတြင္းေလယာဥ္ ေလးေခါက္ စီးခဲ့ၿပီးပါၿပီ။ တခ်ိဳ႕ႏွစ္ေတြဆို ေလယာဥ္မိုင္ သိန္းေက်ာ္အထိ ခရီးသြားရတတ္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ေလယာဥ္အေပၚမွာ ဘယ္အခ်ိန္ Phone / Electronics Devices သုံးလို႔ ရသလဲ မရဘူး ဆိုတာ ကြၽန္ေတာ္သိသေလာက္ မွ်ေဝပါရေစ။

(၁) ေလယာဥ္အတက္ ေလယာဥ္အဆင္းေတြမွာ ဘာေၾကာင့္ ဖုန္းပိတ္ထားသင့္သလဲ?
ေလယာဥ္ဆင္းတဲ့ တက္တဲ့အခ်ိန္မွာ ေလယာဥ္မႉးေတြဟာ သူတို႔ကို ထိန္းခ်ဳပ္ရာ ေလေၾကာင္းထိန္းသိမ္းေရး ေမွ်ာ္စင္ေတြနဲ႕ အဆက္အသြယ္ လုပ္ရပါတယ္။

အကယ္၍ သင္သာ သင့္ဖုန္းကို Non Flight Mode / WiFi Mode မွာသာ ထားထားမယ္ ဆိုရင္ သင့္ဖုန္းကေန Connection Searching Signal ေတြထုတ္လႊင့္ေနမွာမို႔လို႔ ေလယာဥ္မႉးေတြရဲ႕ ေရဒီယို ဆက္သြယ္ေရး Frequency ကို အႏွောင့္အယွက္ ျဖစ္ေစနိုင္ပါတယ္။

(၂) ေလယာဥ္ အတက္ အဆင္းမွာ ဖုန္းကို Flight Mode မွာ ထားမယ္။ ဒါေပမယ့္ ပါဝါအားသြင္းႀကိဳး တတ္ထားမယ္။ ရမလား?
တခ်ိဳ႕ေသာ ေလယာဥ္ေတြမွာ ကိုယ့္ထိုင္ခုံေရွ႕ တီဗြီ မ်က္ႏွာျပင္မွာ (SIA လိုေလယာဥ္ေတြဆို) USB အေပါက္ ပါပါတယ္။ အဲဒီကေန ဖုန္းထဲက ဂိမ္းေတြ၊ ဗြီဒီယိုေတြ၊ သီခ်င္းေတြ၊ တရားေခြေတြကို ကိုယ့္ေရွ႕ တီဗြီ ကေန တဆင့္ ၾကည့္လို႔ ရပါတယ္။

ကြၽန္ေတာ္ဆို ဖုံးအားသြင္းႀကိဳးယူသြားၿပီး အားသြင္းထားေလ့ ရွိပါတယ္။ ဒါေပမယ့္ ေလယာဥ္မယ္ တစ္ေယာက္ကေန လာၿပီး ဖုန္းကို Flight Mode ကေနထားထားလဲ ေလယာဥ္ ဆင္းတဲ့ တက္တဲ့အခ်ိန္မွာ အားသြင္းႀကိဳးကို ျဖဳတ္ထားဖို႔ လာေျပာပါလိမ့္မယ္။

ဘာေၾကာင့္လဲဆိုေတာ့ သင္ရဲ႕ဖုန္းဟာ ပါဝါႀကိဳးကေန ဆက္သြယ္ထားလည္း Data Link connection ေတြပါ ဆက္ေနပါတယ္။ Flight Mode ခ်ထားလို႔ အဲဒီ Data Link Function ေတြ အလုပ္ လုပ္တယ္ မလုပ္ဘူးဆိုတာ

သင့္အေနနဲ႕ ေလယာဥ္မယ္နဲ႕ ၿပိဳင္ျငင္းေနရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ခရီးသည္ အားလုံးရဲ႕ လုံၿခဳံေရး အတြက္ အဲဒီအခ်ိန္မွာ ပိတ္ကို ပိတ္ထားရပါမယ္။

(၃) ဘယ္အခ်ိန္မွာ ဖုန္းျပန္သုံးလို႔ ရၿပီလဲ?
ေလယာဥ္ ေလထဲ တက္သြားၿပီး သတ္မွတ္အျမင့္ကို ေရာက္ရင္ တီဆို အခ်က္ေပးသံ ျမည္သြားၿပီး မိမိတို႔ ထိုင္ခုံခါးပတ္ကို ျဖဳတ္လိုလ်င္ ျဖဳတ္လို႔ရတဲ့ မီးအစိမ္းေလး ေပၚလာပါလိမိ့မယ္။ (ဒါေပမယ့္ မျဖဳတ္ပါနဲ႕)။

အဲဒီအခါက်ရင္ ဖုံးေရာ တျခား Electronics Devices မ်ားပါ ႀကိဳက္သလို သုံးနိုင္ပါၿပီ။ သင့္မွာ ပိုက္ဆံေပါတယ္ဆိုရင္ ေလယာဥ္ေပၚမွာ ပါတဲ့ Sky WiFi ကိုပါ ေဒၚလာနဲ႕ေပးဝယ္ၿပီး ႀကိဳက္သလို တကမၻာလုံးနဲ႕အဆက္အသြယ္ မျပတ္ဘဲ ေနလို႔ရပါၿပီ။

သင္သုံးသေလာက္ ေပးဖို႔ ေဒၚလာေငြမ်ားေတာ့ မ်ားမ်ား ပါပါေစ။ ေဈး အင္မတန္ႀကီးပါတယ္။ ကြၽန္ေတာ္ တခါမွ မသုံးဘူးပါ။

(၄) ေလယာဥ္ ျပန္ဆင္းတဲ့အခ်ိန္ ေရာက္ၿပီ
ေလယာဥ္ ျပန္ဆင္းမဲ့အခ်ိန္ ေရာက္ၿပီဆိုလ်င္ေတာ့ ဖုန္းေရာ Electronics Devices မ်ားပါ ပိတ္ဖို႔ ေလယာဥ္မယ္မ်ားက လိုက္ေျပာပါလိမ့္မယ္။

ဒါကလည္း ေလယာဥ္မႉးေတြရဲ႕ ဆက္သြယ္ေရး လမ္းေၾကာင္းကို ဖုန္းနဲ႕ Electronics Devices ေတြမွာ ပါတဲ့ ေရဒီယိုလွိုင္းေတြရဲ႕ အႏွောက္အယွက္ ေပးမႈကေန ကာကြယ္ဖို႔ပါ။

အဲဒီလိုပဲ တယ္လီဖုန္းေတြလည္း အားမသြင္းရေတာ့ပါ။ ထို႔အျပင္ ထိုင္ခုံမ်ားျပန္လည္ တည့္မတ္ေပးျခင္း၊ ေလယာဥ္ ျပတင္းေပါက္မ်ား တင္ေပးရျခင္း တို႔ကိုလုပ္ရပါ့မယ္။

(၅) ေလယာဥ္ အေရးေပၚ ဆင္းတဲ့အခ်ိန္မွာ ဖုန္း / Electronics Devices မ်ား ဘာေၾကာင့္ ပိတ္ထားရမလဲ? (Emergency Landing Protocol)
ေလယာဥ္ အေရးေပၚ ဆင္းသက္ရန္အေၾကာင္းအရာမ်ားကေတာ့ ဒီေန႕ျဖစ္တဲ့ မႏၱေလး ေလယာဥ္လို Landing Gear Fail ျဖစ္ၿပီး ဝမ္းဗိုက္၊ အေတာင္ပံေတြနဲ႕ တ႐ြတ္တိုက္ ဆင္းရျခင္

ေလယာဥ္ အင္ဂ်င္ထဲမွာရွိတဲ့ ေလယာဥ္ဒလက္ေတြထဲ ငွက္ဝင္လို႔ ေလယာဥ္ အင္ဂ်င္ ေပါက္ကြဲျခင္း၊ ေလယာဥ္ အင္ဂ်င္ထဲက Compressor Surge (သို႔) Compressors Stall ျပႆနာ ျဖစ္ရာမွ ေလယာဥ္အင္ဂ်င္အတြင္း ေပါက္ကြဲျခင္း စတဲ့

ျပႆနာေတြျဖစ္ေပၚလာရင္ ေလယာဥ္ဆီပိုက္လိုင္းေတြ၊ ေလယာဥ္ ဆီတိုင္ကီေတြကေန ေလယာဥ္ဆီေတြ ယိုစိမ့္ေနနိုင္ပါတယ္။ အကယ္၍ Landing Gear Fail ျဖစ္တဲ့အခ်ိန္မွာေတာင္ ေလယာဥ္မႉးဟာ ေလယာဥ္ဆီအားလုံး ကုန္တဲ့အထိ ေဖါက္ခ်လိဳ႕ မရပါ။

ေလယာဥ္ ဆီတိုင္ကီ အတြင္းမွာ အနည္းဆုံး လယ္ဗယ္တစ္ခု ခ်န္ထားမွသာ ေလယာဥ္ကို ကြင္းအထိ လိုသလို ထိန္းေက်ာင္း ယူလာနိုင္မွာပါ။ အကုန္လုံး ကုန္ေအာင္ ေဖါက္ခ်ရင္ ဆီကုန္တာနဲ႕ အင္ဂ်င္ရပ္ၿပီး ေအာက္ျပဳတ္က်သြားမွာေပါ့။

ဒါေၾကာင့္ ကြင္းကို ဆင္းတဲ့အခ်ိန္မွာ ေလယာဥ္ဆီ အနည္းအက်ဥ္းကေတာ့ ဆီလိုင္းေတြ ဆီတိုင္ကီေတြထဲမွာ က်န္ေနဦးမွာပါ။ အဲဒီဆီေတြ ယိုေနတဲ့အခ်ိန္မွာ အကယ္၍သာ ဖုန္းအပါအဝင္ တျခား Electronics Devices ေတြကို ထုတ္သုံးမယ္ ဆိုရင္

သူတို႔မွာ ရွိေနနိုင္တဲ့ Static Charges ေတြ၊ Leakage current (Eddy Current) ေၾကာင့္ ျဖစ္နိုင္တဲ့ Electromagnetic Induced Flux ေတြ၊ Electronics Devices ေတြ Fail ျဖစ္ရာကေန ထြက္လာမယ့္

Spark ေတြ၊ သင့္ရဲ႕ လက္ကိုင္ဖုန္း၊ ကင္မရာေတြမွာ ပါတဲ့ လစ္သီယံ ဘက္ထရီေတြသာ တိုက္တိုက္ဆိုင္ဆိုင္ ေပါက္ကြဲမႈေတြသာ ျဖစ္ခဲ့မယ္ဆိုရင္ အေစာႀကီးက ယိုစိမ့္ေနတဲ့ေလယာဥ္ဆီနဲ႕ ေတြ႕ၿပီး ေလယာဥ္ကို မီးစြဲေလာင္နိုင္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ေလယာဥ္ အေရးေပၚအေျခအေန (Emergency Safety Protocol) ကို ခရီးသည္အားလုံးက အတိအက် လိုက္နာဖို႔ လိုပါတယ္။ကိုယ့္ရဲ႕ အတၱ၊ ကိုယ့္ရဲ႕ အသိဉာဏ္မဲ့တဲ့ညံ့ဖ်င္း မိုက္မဲမႈေၾကာင့္ မိမိအပါအဝင္

ခရီးသည္ အားလုံးရဲ႕ အသက္ေတြကို ထိခိုက္ေအာင္ မလုပ္သင့္ပါဘူး။ေလယာဥ္ေမာင္ေတြ / မယ္ေတြဟာ အေရးေပၚ အေျခအေန အမ်ိဳးမ်ိဳးကို ေခါင္းေအးေအးနဲ႕ ရင္ဆိုင္တတ္ေအာင္ ႀကိမ္ဖန္မ်ားစြာ ေလ့က်င့္ထားၾကတဲ့ ပရိုဖက္ရွင္နယ္ (Professional) ေတြပါ။

အေရးေပၚ အေျခအေနေတြမွာ သူတို႔ရဲ႕ၫႊန္ၾကားခ်က္ (Emergency Safety Protoco) ကို အတိအက် လိုက္နာဖို႔ရာ ေလယာဥ္စီး ခရီးသည္တိုင္းမွာ တာဝန္ရွိပါတယ္ ခင္ဗ်ားးး ။

Credit#ကိုေက်ာ္ခိုင္#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ေမတၱာျဖင့္ ျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္။