ဓါတုပစ္စည်းမသုံးပဲ သင်္ဘောပင်ကို အသားထူထူ၊ အစေ့နည်းနည်း၊ ပြွတ်ခဲနေအောင် သီးစေမည့်နည်းလမ်းများ

သင်္ဘောပင်စိုက်တဲ့အခါဓာတုပစ္စည်း၊သင်္ဘောပင်စိုက်တဲ့အခါဓာတုပစ္စည်း၊ ဓာတ်မြေသြဇာမပါဘဲနဲ့ အသားထူထူ၊ အစေ့နည်းနည်း၊ ပြွတ်ခဲနေအောင် သီးစေချင်ရင် ဒါတွေလုပ်ရမယ်။

မျိုးစေ့အရောင်းဆိုင်မှာ-ယိုးဒယားမျိုး(သို့) ထိုင်ဝမ်မျိုးလို့ မေးဝယ်ပြီး အစေ့ကိုရေစင်စင်ဆေးပါ။ တစ်ရက်နေလှန်းပြီးမှ ပျိုးပင်ဖောက်ပါ။

အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ ခွဲမစိုက်မီ အမြစ်ကိုသေခြာစစ်ဆေးပါ။

အမြစ်က တစ်ချောင်းထဲထွက်နေရင်တော့ အဖိုပင် ဖြစ်လို့ မစိုက်ပါနဲ့။အမြစ်က တစ်ချောင်းထက်ပိုနေမှသာ အမပင် ဖြစ်ပါတယ်။ အမပင်စိုက်မှ အသီးသီးပါတယ်။

ခွဲစိုက်မယ့်နေရာကို

(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲ တူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ၊ ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။

(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့် ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်ထားကြတဲ့ နှပ်ပြီးသား အချိုခြောက်အဖတ်တွေကိုယူ၊ နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီး တစ်နေလှန်းပါ။ပြီးလျှင် တွင်းထဲသို့ တစ်ထွာခန့်
ထပ်ဖြည့်ပါ။ ၎င်းအပေါ်မှထပ်မံ၍ မြေဆွေးအပြည့် ထည့်လိုက်ပြီး ပျိုးပင်ကို စိုက်ပျိုးပါ။

(၄) ပျိုးပင်(၂-ပေ)ခန့် ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ ပြာမှုန့်ရယ်၊ လ္ဘက်ရည်ဆိုင်တွေက စွန့်ပစ်ထားတဲ့ အချိုခြောက် အဖတ်တွေကိုသမပြီး အုံထားပေးပါ။

ခြံကျယ်ကြီးနဲ့ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ ကားတစ်စီးနဲ့ လ္ဘက်ရည်ဆိုင် အနှံ့သွားပြီး စွန့်ပစ်ထားတဲ့ လ္ဘက်ခြောက်ဖတ်တွေကို လိုက်သိမ်းပေတော့။

တစ်ခုထပ်မှာရမှာက နံနက်စောစောနှင့် နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။မှတ်ချက် အဝါရောင်အသားရှိတဲ့ သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့ ကျင်းအောက်ခြေမှာ ဖြူးထား

တဲ့ ထုံးမှုန့်ကို ဖွဲပြာနဲ့ မြေကျက်အမှုန့် အနည်းငယ်ရောစပ်ပြီး စိုက်ပါ။အဝါသီးဟာ အနီသီးဖြစ်သွားပြီး ပက်ပက်စက်စက်လည်း သီးပါသတဲ့။
credit

Leave a Reply

Your email address will not be published.