မိမိရဲ႕ တန္ဖိုးကို တျခားသူေတြ ေဈးေပါေပါနဲ႕ျဖတ္တာ မခံပါနဲ႔….

Posted by

လူတစ်ယောက် ဟာ ရောဂါ တစ်ခုရပြီး သေခါနီး ဖြစ်နေတယ်။ သူက လူပျိုအရွယ် သူ့သားကို အနားခေါ်ပြီး ခုလို ပြောလိုက်တယ်… ”မင်းအဖိုး မသေခင်က ငါ့ကို အိတ်ဆောင်ရွှေနာရီတစ်လုံး ပေးခဲ့တယ်…

အဲဒီနာရီဟာ အနှစ် ၂၀၀ လောက်ကြာနေပြီ။ မင်းကို အဲဒီနာရီပေးမယ်။ ဒါပေမဲ့… မင်းကို ငါ မပေးခင်မှာ လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်ကို သွားပြီး နာရီကို ရောင်းရင်… သူတို့ ဘယ်လောက်ပေးမလဲဆိုတာ စုံစမ်းကြည့်ပါ”

သားဟာ အဖေခိုင်းတဲ့အတိုင်း… ရတနာဆိုင်ကို သွားပြီး နာရီကို ရောင်းမယ် ဆိုပြီး ပြကြည့် တယ်။ ပြီးတော့… အဖေ့ဆီ ပြန်လာပြီး အခုလို ပြန်ပြောတယ်…

”အဖေ.. ရတနာဆိုင်က နာရီဟာ သိပ်ဟောင်းလွန်းနေပြီမို့ ဒေါ်လာ ၁၀၀ ပဲ ပေးမယ်လို့ ပြောပါတယ်” အဖေက ပြောလိုက် ပြန်တယ်… ”ဒါဆိုလည်း အပေါင်ဆိုင် တစ်ခုမှ…ာ

နာရီကို သွားပေါင်ကြည့်ကွာ။ သူတို့ ဘယ်လောက်ပေးမလဲလို့”သားလည်း အပေါင်ဆိုင်ကို သွားလို့ အဖေ့ဆီပြန်လာပြီး ခုလိုပြန်ပြောတယ်…

“အပေါင်ဆိုင် က ပြောတယ်… ဒေါ်လာ ၂၀ ပဲ ပေးမယ်တဲ့။ ဘာကြောင့်လဲဆိုတော့… နာရီမှာ ခြစ်ရာလေးတွေ ရှိလို့တဲ့” အဖေက ပြောပြန်တယ်…

“မြို့ထဲက ပြတိုက်ကို သွားပြီး နာရီကို ပြကြည့်ပြီး… ရောင်းရင် ဘယ်လောက် ရမလဲလို့ မေးကြည့်ပါဦး..။ ”သားဟာ သူ့အဖေရဲ့ အပြုအမူဟာ ထူးဆန်းတယ်လို့ စိတ်ထဲမှာ ခံစားမိပေမယ့်…

သေခါနီး ဖြစ်နေတဲ့ အဖေရဲ့ဆန္ဒကို မဖယ်ရှားချင်တာကြောင့် ပြတိုက်ကို သွားလိုက်တယ်။ မကြာခင်မှာ သူ့အဖေဆီ ပြန်ရောက်လာပြီး ဝမ်းသာအားရနဲ့ ခုလို ပြန်ပြောတယ်…

” ပြတိုက်မှူးက ဒေါ်လာ ၃ သိန်း ၇ သောင်း ၅ ထောင်ပေးမယ်လို့ ပြောပါတယ်။ နာရီဟာ အလွန်ရှားပါးတဲ့ ရှေးဟောင်း ပစ္စည်းဖြစ်လို…့ ဝယ်ပြီးရင် ပြတိုက်မှာ

လူအများကြည့်ဖို့ ပြထားပေးမယ်တဲ့” ဒီအခါမှာ အဖေက ခုလို ပြန်ပြောတယ်… ”တန်ဖိုး နားလည်တဲ့ နေရာမှာပဲ တန်ဖိုး အမှန်ကို သိလိမ့်မယ်… တန်ဖိုး နားမလည်တဲ့ နေရာမှာ

အမှန်အကန် တန်ဖိုးကို မသိနိင်ဘူး။ တစ်ခါတလေ… မင်းရဲ့တန်ဖိုးကို နားမလည်တာနဲ့ ကြုံရင် မင်း စိတ်ဆိုးဒေါသထွက်မယ်။ မကျေမနပ်ဖြစ်မယ်။

အဲဒါဆိုရင် မင်းဟာ တန်ဖိုး နားမလည်တဲ့ နေရာမှာ ရောက်နေသလား ဆိုတာကို သတိထားပါ ”အဖေက ဆက်ပြောတယ်… ”မင်းရဲ့ ဘဝတလျှောက်မှာ

မင်းရဲ့တန်ဖိုး (အရည်အချင်း) တက်အောင် အမြဲကြိုးစားပါ။ ပြီးရင် တန်ဖိုးနားလည်တဲ့ ပတ်ဝန်းကျင်မှာ နေပါ။ မိမိရဲ့ တန်ဖိုး ကို မိမိကိုယ်တိုင် နားမလည်ရင်

တန်ဖိုး နားမလည်တဲ့ လူတွေရဲ့ ပြောစကားတွေကြောင့် ဈေးပေါပေါနဲ့ ရောင်းမိနိုင်တယ်။ မိမိရဲ့တန်ဖိုးကို တခြားသူတွေ ဈေးဖြတ်တာကို

ဘယ်တော့မှ မခံရစေနဲ့ ”ဒီစကားကို ပြောပြီး ရက်အနည်းငယ်အကြာမှာ အဖေဟာ ကွယ်လွန်သွားတယ်။ သားက အဖေဆီက အဖိုးတန်တဲ့ အမွေတစ်ခု ရလိုက်တယ်လို့ ခံယူလိုက်တယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi(version)

လူတစ္ေယာက္ ဟာ ေရာဂါ တစ္ခုရၿပီး ေသခါနီး ျဖစ္ေနတယ္။ သူက လူပ်ိဳအ႐ြယ္ သူ႕သားကို အနားေခၚၿပီး ခုလို ေျပာလိုက္တယ္ မင္းအဖိုး မေသခင္က ငါ့ကို အိတ္ေဆာင္ေ႐ႊနာရီတစ္လုံး ေပးခဲ့တယ္

အဲဒီနာရီဟာ အႏွစ္ ၂၀၀ ေလာက္ၾကာေနၿပီ။ မင္းကို အဲဒီနာရီေပးမယ္။ ဒါေပမဲ့ မင္းကို ငါ မေပးခင္မွာ လက္ဝတ္ရတနာေရာင္းတဲ့ ဆိုင္ကို သြားၿပီး နာရီကို ေရာင္းရင္ သူတို႔ ဘယ္ေလာက္ေပးမလဲဆိုတာ စုံစမ္းၾကည့္ပါ

သားဟာ အေဖခိုင္းတဲ့အတိုင္း ရတနာဆိုင္ကို သြားၿပီး နာရီကို ေရာင္းမယ္ ဆိုၿပီး ျပၾကည့္ တယ္။ ၿပီးေတာ့ အေဖ့ဆီ ျပန္လာၿပီး အခုလို ျပန္ေျပာတယ္

အေဖ.. ရတနာဆိုင္က နာရီဟာ သိပ္ေဟာင္းလြန္းေနၿပီမို႔ ေဒၚလာ ၁၀၀ ပဲ ေပးမယ္လို႔ ေျပာပါတယ္ အေဖက ေျပာလိုက္ ျပန္တယ္ ဒါဆိုလည္း အေပါင္ဆိုင္ တစ္ခုမွာ

နာရီကို သြားေပါင္ၾကည့္ကြာ။ သူတို႔ ဘယ္ေလာက္ေပးမလဲလို႔သားလည္း အေပါင္ဆိုင္ကို သြားလို႔ အေဖ့ဆီျပန္လာၿပီး ခုလိုျပန္ေျပာတယ္

အေပါင္ဆိုင္ က ေျပာတယ္ ေဒၚလာ ၂၀ ပဲ ေပးမယ္တဲ့။ ဘာေၾကာင့္လဲဆိုေတာ့ နာရီမွာ ျခစ္ရာေလးေတြ ရွိလို႔တဲ့ အေဖက ေျပာျပန္တယ္

ၿမိဳ႕ထဲက ျပတိုက္ကို သြားၿပီး နာရီကို ျပၾကည့္ၿပီး ေရာင္းရင္ ဘယ္ေလာက္ ရမလဲလို႔ ေမးၾကည့္ပါဦး..။ သားဟာ သူ႕အေဖရဲ႕ အျပဳအမူဟာ ထူးဆန္းတယ္လို႔ စိတ္ထဲမွာ ခံစားမိေပမယ့္

ေသခါနီး ျဖစ္ေနတဲ့ အေဖရဲ႕ဆႏၵကို မဖယ္ရွားခ်င္တာေၾကာင့္ ျပတိုက္ကို သြားလိုက္တယ္။ မၾကာခင္မွာ သူ႕အေဖဆီ ျပန္ေရာက္လာၿပီး ဝမ္းသာအားရနဲ႕ ခုလို ျပန္ေျပာတယ္

ျပတိုက္မႉးက ေဒၚလာ ၃ သိန္း ၇ ေသာင္း ၅ ေထာင္ေပးမယ္လို႔ ေျပာပါတယ္။ နာရီဟာ အလြန္ရွားပါးတဲ့ ေရွးေဟာင္း ပစၥည္းျဖစ္လို့ ဝယ္ၿပီးရင္ ျပတိုက္မွာ

လူအမ်ားၾကည့္ဖို႔ ျပထားေပးမယ္တဲ့ ဒီအခါမွာ အေဖက ခုလို ျပန္ေျပာတယ္ တန္ဖိုး နားလည္တဲ့ ေနရာမွာပဲ တန္ဖိုး အမွန္ကို သိလိမ့္မယ္ တန္ဖိုး နားမလည္တဲ့ ေနရာမွာ

အမွန္အကန္ တန္ဖိုးကို မသိနိင္ဘူး။ တစ္ခါတေလ မင္းရဲ႕တန္ဖိုးကို နားမလည္တာနဲ႕ ႀကဳံရင္ မင္း စိတ္ဆိုးေဒါသထြက္မယ္။ မေက်မနပ္ျဖစ္မယ္။

အဲဒါဆိုရင္ မင္းဟာ တန္ဖိုး နားမလည္တဲ့ ေနရာမွာ ေရာက္ေနသလား ဆိုတာကို သတိထားပါ အေဖက ဆက္ေျပာတယ္ မင္းရဲ႕ ဘဝတေလွ်ာက္မွာ

မင္းရဲ႕တန္ဖိုး (အရည္အခ်င္း) တက္ေအာင္ အၿမဲႀကိဳးစားပါ။ ၿပီးရင္ တန္ဖိုးနားလည္တဲ့ ပတ္ဝန္းက်င္မွာ ေနပါ။ မိမိရဲ႕ တန္ဖိုး ကို မိမိကိုယ္တိုင္ နားမလည္ရင္

တန္ဖိုး နားမလည္တဲ့ လူေတြရဲ႕ ေျပာစကားေတြေၾကာင့္ ေဈးေပါေပါနဲ႕ ေရာင္းမိနိုင္တယ္။ မိမိရဲ႕တန္ဖိုးကို တျခားသူေတြ ေဈးျဖတ္တာကို

ဘယ္ေတာ့မွ မခံရေစနဲ႕ ဒီစကားကို ေျပာၿပီး ရက္အနည္းငယ္အၾကာမွာ အေဖဟာ ကြယ္လြန္သြားတယ္။ သားက အေဖဆီက အဖိုးတန္တဲ့ အေမြတစ္ခု ရလိုက္တယ္လို႔ ခံယူလိုက္တယ္။

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။