ခွဲခွာသွားခဲ့ရပြီး အချိန်၂နှစ်ကြာမှ သခင်ဖြစ်သူကို ပြန်တွေ့လိုက်ရသောအခါ အပျော်လွန်ကာ သတိလစ်မေ့လဲသွားခဲ့သည့် ခွေးကလေး
Posted by
Zawgyi(version)
အားလုံးသိကြသည့်အတိုင်းပင် ခွေးကလေးများဟာ မိမိကိုအစာကျေွးခဲ့သည့် သခင်ဖြစ်သူတို့၏ကျေးဇူးကို ဘယ်တော့မှ မေ့ပြစ်လိမ့်မည်မဟုတ်ပေ။အချိန်မည်မျှပင်ကြာညောင်းနေပါစေ အသက်ရှင်နေသ၍ သခင်ဖြစ်သူ၏ကျေးဇူးကို သတိရနေမှာဖြစ်ပါတယ်။
ယခုတွင်လည်း ခွေးကလေးတစ်ကောင်သည် အချိန်၂နှစ်ကျော်ကြာမှ သခင်ဖြစ်သူကို ပြန်တွေ့လိုက်ရသောအခါ အလွန်ပျော်ရွင်ပြီး မေ့လဲကျသွားခဲ့ရတာဖြစ်ပါတယ်။
Shnauzerဆိုသည့်သခင်ဖြစ်သူဟာ လက်ထပ်ပြီးနောက်တွင် ခင်ပွန်းနောက်လိုက်သွားခဲ့သောကြောင့် မိသားစုနှင့် ခွေးကလေးကို ထားခဲ့ရတာဖြစ်ပါတယ်။
အချိန်နှစ်နှစ်ကြာမှ မိသားစုထံသို့ အလည်ပြန်ရောက်လာသည့်အချိန်တွင် ခွေးကလေးဟာ သခင်ဖြစ်သူ ကားပေါ်ကဆင်းလာသည်နှင့် အပြေးလေးထွက်ကြိုခဲ့ပြီးနောက်တွင် အတော်လေးပျော်ရွင်သွားခဲ့ပုံရပြီး ပက်လက်လှန်ကာ မေ့သွားခဲ့ရတာဖြစ်ပါတယ်။