ကိုယ္ပိုင္ကားဝပ္ေရွာ့ဆိုင္ရွိေပမဲ့ ကားလာအပ္တဲ့လူမရွိတာေၾကာင့္ ေငြေရးေၾကးေရးအရ႐ုန္းကန္ေနရဆဲျဖစ္တဲ့ မသန္စြမ္းသူတစ္ဦး
လူတိုင္းဟာစားဝတ္ေနေရးအတြက္မတူကြဲျပားတဲ့ဘ၀အမ်ိဳးမ်ိဳးနဲ႔ ႐ုန္းကန္ေနၾကရတာပါဘဲ။မေလးရွားနိုင္ငံ Melaka ၿမိဳ့ရွိ Pak Busu အမည္ရွိအမ်ိဳးသားတစ္ဦးဟာ မသန္စြမ္းသူတစ္ဦးအေနႏွင့္ သူ႔ရဲ့႐ုပ္ပိုင္းဆိုင္ရာကန႔္သတ္မွုမ်ားရွိေနေပမဲ့လည္း ေကာင္းမြန္တဲ့လူေနမွုဘ၀ကိုရရွိရန္ႏွင့္သူ႔မိသားစုစားဝတ္ေနေရးအတြက္ ကားအလုပ္႐ုံတစ္ခုကိုဖြင့္လွစ္ထားပါတယ္။
ထိုေမာ္ေတာ္ယာဥ္ျပဳျပင္ေရး၀န္ေဆာင္မွုကို သူ႔ရဲ့ဇာတိၿမိဳ့မွာဖြင္ထားခဲ့တာအခ်ိန္အတန္ၾကာၿပီျဖစ္ေပမဲ့ သူ႔ဆိုင္သို့ ေဖာက္သည္မ်ားလာေရာက္မွုေလ်ာ့နည္းလာမွုႏွင့္ရင္ဆိုင္ေနရတဲ့အေၾကာင္းႏွင့္ သူ႔အလုပ္အတြက္အားလိုအားမရမွုမ်ားကို Pak Busu ကသူ႔ရဲ့ Instagram စာမ်က္ႏွာမွာထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Pak Busu က သူဟာမသန္စြမ္းတာေၾကာင့္ ေဒသခံမ်ားက၎တို့ရဲ့ကားမ်ားကို သူ႔အလုပ္႐ုံသို့လာမပို့ၾကတာေၾကာင့္ လူအမ်ားအား သူလုပ္နိုင္ေၾကာင္းကိုသက္ေသျပဖို့အတြက္ အခြင့္အေရးမရခဲ့ေၾကာင္းဆိုခဲ့ပါတယ္။
Pak Busu ရဲ့ Facebook post တစ္ခုမွာ သူဟာ အိမ္ေထာင္ဦးစီးျဖစ္၍ ဇနီးႏွင့္ကေလးႏွစ္ေယာက္ကိုေထာက္ပံ့နိုင္ရန္ ေဒသခံအသိုင္းအဝိုင္းက ျပင္ရမဲ့ကားမ်ားကိုသူထံလာအပ္ၾကလိမ့္မည္လို့ေမၽွာ္လင့္ေၾကာင္းရွင္းျပခဲ့ပါတယ္။ေျခလက္မ်ားမရွိေပမဲ့လည္း Pak Busu ဟာ သူ႔ရဲ့အလုပ္႐ုံရွိပ်က္စီးေနတဲ့ကားမ်ားကိုျပဳျပင္ရာမွာ အလုပ္ႀကိဳးစားသူတစ္ဦးျဖစ္ပါတယ္။ Pak Busu ဟာ မသန္စြမ္းယာဥ္ေမာင္းၿပိဳင္ပြဲမွာလည္း ဆုတံဆိပ္အခ်ိဳ့ကိုဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။Pak Busu ဟာ သူ႔ရဲ့၀န္ေဆာင္မွုကို လိုအပ္သူမည္သူမဆိုကို post မွာတင္ထားတဲ့ဖုန္းနံပါတ္ျဖင့္ တိုက္ရိုက္ဆက္သြယ္နိုင္ေၾကာင္းကိုလည္းေရးသားခဲ့ပါတယ္။
အလုပ္႐ုံငွားရမ္းခႏွင့္ မိသားစုအသုံးစရိတ္မ်ားအတြက္ ကုန္က်စရိတ္ကိုကာမိရန္အတြက္ Pak Busu ဟာ သူ႔ရဲ့အလုပ္႐ုံႏွင့္သူ႔အေၾကာင္းကိုအင္တာနက္ေပၚမွာျပန္လည္မၽွေဝခဲ့ၿပီးေနာက္ netizens မ်ားစြာက အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္မွုမ်ားျဖင့္မွတ္ခ်က္ေပးၾကၿပီး သူ႔ဆိုင္သို့ ေဖာက္သည္မ်ားအမ်ားအျပားလာေရာက္ေစဖို့အတြက္လည္းေမၽွာ္လင့္ေနခဲ့ၾကပါတယ္။
အခ်ိဳ့ေသာသူမ်ားက Pak Busu ဟာ မသန္စြမ္းမွုကိုအလြဲသုံးစားမလုပ္တဲ့အျပင္ သူ႔ဘဝကို ရိုးသားစြာအသက္ေမြးဝမ္းေက်ာင္းျပဳဖို့ႀကိဳးစားေနခဲ့ျခင္းေၾကာင့္ ဘုရားသခင္က သူ႔ကိုေကာင္းခ်ီးမ်ားစြာေပးလိမ့္မယ္လို့လည္း ဆုေတာင္းေပးခဲ့ၾကသလို အခ်ိဳ့ကလည္း Pak Busu ထံသို့သြားေရာက္ကာ ကုန္ေျခာက္မ်ားႏွင့္အလွူေငြအခ်ိဳ့ကိုပါ လွူဒါန္းေပးခဲ့ၾကပါတယ္။
Zawgyi(version)
ကိုယ်ပိုင်ကားဝပ်ရှော့ဆိုင်ရှိပေမဲ့ ကားလာအပ်တဲ့လူမရှိတာကြောင့် ငွေရေးကြေးရေးအရရုန်းကန်နေရဆဲဖြစ်တဲ့ မသန်စွမ်းသူတစ်ဦး
လူတိုင်းဟာစားဝတ်နေရေးအတွက်မတူကွဲပြားတဲ့ဘ၀အမျိုးမျိုးနဲ့ ရုန်းကန်နေကြရတာပါဘဲ။မလေးရှားနိုင်ငံ Melaka မြို့ရှိ Pak Busu အမည်ရှိအမျိုးသားတစ်ဦးဟာ မသန်စွမ်းသူတစ်ဦးအနေနှင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သတ်မှုများရှိနေပေမဲ့လည်း ကောင်းမွန်တဲ့လူနေမှုဘ၀ကိုရရှိရန်နှင့်သူ့မိသားစုစားဝတ်နေရေးအတွက် ကားအလုပ်ရုံတစ်ခုကိုဖွင့်လှစ်ထားပါတယ်။
ထိုမော်တော်ယာဉ်ပြုပြင်ရေး၀န်ဆောင်မှုကို သူ့ရဲ့ဇာတိမြို့မှာဖွင်ထားခဲ့တာအချိန်အတန်ကြာပြီဖြစ်ပေမဲ့ သူ့ဆိုင်သို့ ဖောက်သည်များလာရောက်မှုလျော့နည်းလာမှုနှင့်ရင်ဆိုင်နေရတဲ့အကြောင်းနှင့် သူ့အလုပ်အတွက်အားလိုအားမရမှုများကို Pak Busu ကသူ့ရဲ့ Instagram စာမျက်နှာမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Pak Busu က သူဟာမသန်စွမ်းတာကြောင့် ဒေသခံများက၎င်းတို့ရဲ့ကားများကို သူ့အလုပ်ရုံသို့လာမပို့ကြတာကြောင့် လူအမ်ားအား သူလုပ်နိုင်ကြောင်းကိုသက်သေပြဖို့အတွက် အခွင့်အရေးမရခဲ့ကြောင်းဆိုခဲ့ပါတယ်။
Pak Busu ရဲ့ Facebook post တစ္ခုမွာ သူဟာ အိမ်ထောင်ဦးစီးဖြစ်၍ ဇနီးနှင့်ကလေးနှစ်ယောက်ကိုထောက်ပံ့နိုင်ရန် ဒေသခံအသိုင်းအဝိုင်းက ပြင်ရမဲ့ကားများကိုသူထံလာအပ်ကြလိမ့်မည်လို့မျှော်လင့်ကြောင်းရှင်းပြခဲ့ပါတယ်။ခြေလက်များမရှိပေမဲ့လည်း Pak Busu ဟာ သူ့ရဲ့အလုပ်ရုံရှိပျက်စီးနေတဲ့ကားများကိုပြုပြင်ရာမှာ အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပါတယ်။ Pak Busu ဟာ မသန်စွမ်းယာဉ်မောင်းပြိုင်ပွဲမှာလည်း ဆုတံဆိပ်အချို့ကိုဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။Pak Busu ဟာ သူ့ရဲ့၀န်ဆောင်မှုကို လိုအပ်သူမည်သူမဆိုကို post မှာတင်ထားတဲ့ဖုန်းနံပါတ်ဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းကိုလည်းရေးသားခဲ့ပါတယ်။
အလုပ်ရုံငှားရမ်းခနှင့် မိသားစုအသုံးစရိတ်များအတွက် ကုန်ကျစရိတ်ကိုကာမိရန်အတွက် Pak Busu ဟာ သူ့ရဲ့အလုပ်ရုံနှင့်သူ့အကြောင်းကိုအင်တာနက်ပေါ်မှာပြန်လည်မျှဝေခဲ့ပြီးနောက် netizens မ်ားစြာက အပြုသဘောဆောင်တဲ့တုံ့ပြန်မှုများဖြင့်မှတ်ချက်ပေးကြပြီး သူ့ဆိုင်သို့ ဖောက်သည်များအများအပြားလာရောက်စေဖို့အတွက်လည်းမျှော်လင့်နေခဲ့ကြပါတယ်။
အချို့သောသူများက Pak Busu ဟာ မသန်စွမ်းမှုကိုအလွဲသုံးစားမလုပ်တဲ့အပြင် သူ့ဘဝကို ရိုးသားစွာအသက်မွေးဝမ်းကျောင်းပြုဖို့ကြိုးစားနေခဲ့ခြင်းကြောင့် ဘုရားသခင်က သူ့ကိုကောင်းချီးများစွာပေးလိမ့်မယ်လို့လည်း ဆုတောင်းပေးခဲ့ကြသလို အချို့ကလည်း Pak Busu ထံသို့သွားရောက်ကာ ကုန်ခြောက်များနှင့်အလှူငွေအချို့ကိုပါ လှူဒါန်းပေးခဲ့ကြပါတယ်။