ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းနဲ႔ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ဒီလိုစိတ္ဓာတ္မ်ိဳး ထားဖို႕ေတာ့လိုမယ္

Posted by

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ဖို့အတွက်ဆိုရင် ဒီလိုစိတ်ဓာတ်မျိုး ထားဖို့တော့လိုမယ်

တောရွာလေး တစ်ရွာက လူငယ်လေး တစ်ယောက်ဟာ အောင်မြင် ကြီးပွားချင်လို့ မြို့ကြီးပေါ် တက်လာတယ်။ နှစ်ပေါင်း အတန်ကြာမှာ သူဟာ အကြီးအကျယ် အောင်မြင် ကြီးပွားသွားတယ်။

ဒီ အဖြစ်အပျက်မျိုး ဟာ ကမ္ဘာပေါ်မှာ အရင်ကလည်း ဖြစ်ခဲ့တယ်။ အခုလည်း ဖြစ်နေဆဲနဲ့ နောင်လည်း ဆက် ဖြစ်နေအုံးမှာပါ။ ဒီ အဖြစ်အပျက်ကို လူတွေ ကြားကြ၊ ဖတ်မိကြတဲ့ အခါ

လူတွေက သူတို့ဟာ ကံကောင်း လိုက်ကြတာ။ ဒါမှမဟုတ် ကြိုးစားလွန်းလို့ အောင်မြင်သွားကြတယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ် ခံစားကြရတယ်။

ကံ၊ ဉာဏ်၊ ဝီရိယကြောင့် အောင်မြင်သွားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှု ရခြင်းမှာ လူတွေ သတိမမူတဲ့ အကြောင်းတွေလည်း ရှိနေ ပါသေးတယ်။ အဲဒါက burning desire ပြင်းပျတဲ့ လိုအင် ဆန္ဒ။

အဲဒီ ဆန္ဒကြောင့် သူတို့ဟာ သူတို့ဖြစ်ချင်တာ တစ်ခုထဲ ကိုပဲ သိနေတယ်။ မဖြစ် ဖြစ်အောင် လုပ်တယ်။ နောက်အကြောင်း တစ်ခုက… သူတို့ဟာ မြို့ပေါ် မတက်ခင်မှာ ဖေါင်ဖျက် ထားကြသူတွေပါ။ ဘုရင့်နောင် ဖေါင်ဖျက် ဆိုသလို…

ရန်သူနဲ့ တိုက်ခိုက်လို့ ရှုံးရင် ကျွန်းပေါ်က ထွက်ပြေးစရာ ဖေါင်တွေ မရှိတော့လို့ အသက် အသေမခံနိုင်တာကြောင့် အတင်း ပြန်တိုက်ခိုက်လို့ ရန်သူတွေကို အောင်နိုင် ခဲ့ကြတယ်။

ဒီလိုပါပဲ… ရောမခေတ် စစ်ပွဲ တစ်ပွဲမှာ စစ်သူကြီးက သူ့စစ်သားတွေကို ပြန်ဆုတ် ထွက်မပြေးနိုင်အောင်… ဆုတ်လမ်းက တံတားတွေကို မီးရှို့ ဖျက်ဆီး လိုက်တယ်။ စစ်သားတွေမှာ အသက်ရှင်ဖို့

ရန်သူတွေကို နိုင်မှ ဖြစ်တော့မယ် ဆိုတဲ့ အသိကြောင့်… အင်အား အဆမတန်များတဲ့ ရန်သူတွေကို နိုင်နင်းလိုက်တယ်။ ထို့နည်းတူပဲ… သူတို့ဟာ သူတို့ရွာက မထွက်လာခင်မှာ မိဘ၊ ဆွေမျိုး၊ ရည်းစား တွေကို

မအောင်မြင်မချင်း ရွာကို တသက် ပြန် မလာတော့ဘူး။ ဒါကလည်း သူတို့ကို အရှက် မရစေဖို့ မအောင်မြင်မချင်း ဆက်လက် ကြိုးစားနေဖို့ တွန်းအား ပေးနေပါတယ်။

အချုပ်ပြောရရင်… သင် လုပ်နေတဲ့ အလုပ်ကို အောင်မြင်စေချင်ရင် ဖေါင်ဖျက်ထားဖို့ အရေးကြီးပါတယ်။ ဝန်ထမ်း တစ်ချို့ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကြည့်တယ်။ ဒါပေမဲ့ သူတို့ဟာ

ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ မအောင်မြင်ခဲ့ရင် ဝန်ထမ်းလောကို ပြန်သွားမယ်လို့ စိတ်ကူးထားကြတယ်။ သူတို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်ဖို့ အလားအလာ

အလွန် နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့… သူတို့ဟာ ဖေါင်ဖျက်ထားသူများ မဟုတ်ကြလို့ပါ။

Zawgyi(version)

ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းနဲ႕ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ ဒီလိုစိတ္ဓာတ္မ်ိဳး ထားဖို႔ေတာ့လိုမယ္

ေတာ႐ြာေလး တစ္႐ြာက လူငယ္ေလး တစ္ေယာက္ဟာ ေအာင္ျမင္ ႀကီးပြားခ်င္လို႔ ၿမိဳ႕ႀကီးေပၚ တက္လာတယ္။ ႏွစ္ေပါင္း အတန္ၾကာမွာ သူဟာ အႀကီးအက်ယ္ ေအာင္ျမင္ ႀကီးပြားသြားတယ္။

ဒီ အျဖစ္အပ်က္မ်ိဳး ဟာ ကမၻာေပၚမွာ အရင္ကလည္း ျဖစ္ခဲ့တယ္။ အခုလည္း ျဖစ္ေနဆဲနဲ႕ ေနာင္လည္း ဆက္ ျဖစ္ေနအုံးမွာပါ။ ဒီ အျဖစ္အပ်က္ကို လူေတြ ၾကားၾက၊ ဖတ္မိၾကတဲ့ အခါ

လူေတြက သူတို႔ဟာ ကံေကာင္း လိုက္ၾကတာ။ ဒါမွမဟုတ္ ႀကိဳးစားလြန္းလို႔ ေအာင္ျမင္သြားၾကတယ္လို႔ စိတ္ထဲမွာ ျဖစ္ေပၚ ခံစားၾကရတယ္။

ကံ၊ ဉာဏ္၊ ဝီရိယေၾကာင့္ ေအာင္ျမင္သြားတယ္ ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ေအာင္ျမင္မႈ ရျခင္းမွာ လူေတြ သတိမမူတဲ့ အေၾကာင္းေတြလည္း ရွိေန ပါေသးတယ္။ အဲဒါက burning desire ျပင္းပ်တဲ့ လိုအင္ ဆႏၵ။

အဲဒီ ဆႏၵေၾကာင့္ သူတို႔ဟာ သူတို႔ျဖစ္ခ်င္တာ တစ္ခုထဲ ကိုပဲ သိေနတယ္။ မျဖစ္ ျဖစ္ေအာင္ လုပ္တယ္။ ေနာက္အေၾကာင္း တစ္ခုက သူတို႔ဟာ ၿမိဳ႕ေပၚ မတက္ခင္မွာ ေဖါင္ဖ်က္ ထားၾကသူေတြပါ။ ဘုရင့္ေနာင္ ေဖါင္ဖ်က္ ဆိုသလို

ရန္သူနဲ႕ တိုက္ခိုက္လို႔ ရႈံးရင္ ကြၽန္းေပၚက ထြက္ေျပးစရာ ေဖါင္ေတြ မရွိေတာ့လို႔ အသက္ အေသမခံနိုင္တာေၾကာင့္ အတင္း ျပန္တိုက္ခိုက္လို႔ ရန္သူေတြကို ေအာင္နိုင္ ခဲ့ၾကတယ္။

ဒီလိုပါပဲ ေရာမေခတ္ စစ္ပြဲ တစ္ပြဲမွာ စစ္သူႀကီးက သူ႕စစ္သားေတြကို ျပန္ဆုတ္ ထြက္မေျပးနိုင္ေအာင္ ဆုတ္လမ္းက တံတားေတြကို မီးရွို႔ ဖ်က္ဆီး လိုက္တယ္။ စစ္သားေတြမွာ အသက္ရွင္ဖို႔

ရန္သူေတြကို နိုင္မွ ျဖစ္ေတာ့မယ္ ဆိုတဲ့ အသိေၾကာင့္ အင္အား အဆမတန္မ်ားတဲ့ ရန္သူေတြကို နိုင္နင္းလိုက္တယ္။ ထို႔နည္းတူပဲ သူတို႔ဟာ သူတို႔႐ြာက မထြက္လာခင္မွာ မိဘ၊ ေဆြမ်ိဳး၊ ရည္းစား ေတြကို

မေအာင္ျမင္မခ်င္း ႐ြာကို တသက္ ျပန္ မလာေတာ့ဘူး။ ဒါကလည္း သူတို႔ကို အရွက္ မရေစဖို႔ မေအာင္ျမင္မခ်င္း ဆက္လက္ ႀကိဳးစားေနဖို႔ တြန္းအား ေပးေနပါတယ္။

အခ်ဳပ္ေျပာရရင္ သင္ လုပ္ေနတဲ့ အလုပ္ကို ေအာင္ျမင္ေစခ်င္ရင္ ေဖါင္ဖ်က္ထားဖို႔ အေရးႀကီးပါတယ္။ ဝန္ထမ္း တစ္ခ်ိဳ႕ဟာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း လုပ္ၾကည့္တယ္။ ဒါေပမဲ့ သူတို႔ဟာ

ကိုယ္ပိုင္လုပ္ငန္း လုပ္လို႔ မေအာင္ျမင္ခဲ့ရင္ ဝန္ထမ္းေလာကို ျပန္သြားမယ္လို႔ စိတ္ကူးထားၾကတယ္။ သူတို႔ဟာ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းနဲ႕ ေအာင္ျမင္ဖို႔ အလားအလာ

အလြန္ နည္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ေဖါင္ဖ်က္ထားသူမ်ား မဟုတ္ၾကလို႔ပါ။