ေတာထဲ၌ အမဲလိုက္ရင္း ဒဏ္ရာရရွိေနေသာ သမင္ေပါက္ေလးတစ္ေကာင္အား ေတြ႕ရွိခဲ့ရာ သနား၍ အိမ္ေခၚျပန္လာၿပီး ေဆးကုေပးခဲ့သည့္ အမ်ိဳးသား

Posted by

ေတာထဲ၌ အမဲလိုက္ရင္း ဒဏ္ရာရရွိေနေသာ သမင္ေပါက္ေလးတစ္ေကာင္အား ေတြ႕ရွိခဲ့ရာ သနား၍ အိမ္ေခၚျပန္လာၿပီး ေဆးကုေပးခဲ့သည့္ အမ်ိဳးသား

စပိန္နိုင္ငံေျမာက္ပိုင္းရွိ ေတာင္တန္းေဒသတြင္ ေနထိုင္ေသာ အသက္၅၃ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ တိရစၧာန္ခ်စ္တတ္သူျဖစ္ေပမယ့္ လက္ေတြ႕ဘဝတြင္ ဖခင္ျဖစ္သူဧ။္အလိုက် အမဲလိုက္ျခင္းပညာကို သင္ယူခဲ့ရသည္။

အမ်ိဳးသားသည္ ဖခင္ျဖစ္သူနဲ႔အတူ ေတာထဲ၌ သားေကာင္မ်ားကို အမဲလိုက္ပစ္ျခင္းျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳခဲ့ရာ တစ္ေန႔တြင္ ဒဏ္ရာရၿပီး ဘယ္မွမသြားနိုင္ျဖစ္ေနေသာ သမင္ေပါက္ေလးတစ္ေကာင္ကို စိတ္မေကာင္းဖြယ္ ေတြ႕ရွိခဲ့သည္။

ထို့ေနာက္ အမ်ိဳးသားသည္ သမင္ေပါက္ေလးအား အရမ္းသနားမိကာ အိမ္သို့ေခၚျပန္လာကာ ေဆးကုသေပးခဲ့ၿပီး အျခားေသာ သားေကာင္မ်ားကို အမဲလိုက္ျခင္းအလုပ္အား အၿပီးပိုင္ စြန္႔လႊတ္ပစ္ခဲ့သည္။

သမင္ေပါက္ေလးသည္ ေဆးကုသခံယူၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာ၍ ေတာထဲသို့ျပန္သြားလႊတ္ေပးခဲ့ေသာ္လည္း ေက်းဇူးရွင္အမ်ိဳးသားဆီမွာသာ ကပ္ေနခ်င္ခဲ့၍ အိမ္ျပန္ေခၚလာကာ အတူတကြေနထိုင္ခဲ့ၾကသည္။

သူတို့ႏွစ္ဦးဧ။္ ဆက္ဆံေရးသည္ အလြန္ထူးျခားလြန္းသည့္အတြက္ အမ်ားမွ ထိုေဒသသို့ လာေရာက္လည္ပတ္ခဲ့ၾကကာ စစ္မွန္ေသာသူငယ္ခ်င္းေကာင္းအျဖစ္ ခ်ီးမြမ္းခဲ့ၾကသည္။

Zawgyi(version)

တောထဲ၌ အမဲလိုက်ရင်း ဒဏ်ရာရရှိနေသော သမင်ပေါက်လေးတစ်ကောင်အား တွေ့ရှိခဲ့ရာ သနား၍ အိမ်ခေါ်ပြန်လာပြီး ဆေးကုပေးခဲ့သည့် အမျိုးသား

စပိန်နိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသတွင် နေထိုင်သော အသက်၅၃နှစ်အရွယ် အမျိုးသားတစ်ဦးသည် တိရစၧာန်ချစ်တတ်သူဖြစ်ပေမယ့် လက်တွေ့ဘဝတွင် ဖခင်ဖြစ်သူဧ။်အလိုကျ အမဲလိုက်ခြင်းပညာကို သင်ယူခဲ့ရသည်။

အမျိုးသားသည် ဖခင်ဖြစ်သူနဲ့အတူ တောထဲ၌ သားကောင်များကို အမဲလိုက်ပစ်ခြင်းဖြင့် အသက်မွေး၀မ်းကျောင်းပြုခဲ့ရာ တစ်နေ့တွင် ဒဏ်ရာရပြီး ဘယ်မှမသွားနိုင်ဖြစ်နေသော သမင်ပေါက်လေးတစ်ကောင်ကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့သည်။

ထို့နောက် အမျိုးသားသည် သမင်ပေါက်လေးအား အရမ်းသနားမိကာ အိမ်သို့ခေါ်ပြန်လာကာ ဆေးကုသပေးခဲ့ပြီး အခြားသော သားကောင်များကို အမဲလိုက်ခြင်းအလုပ်အား အပြီးပိုင် စွန့်လွှတ်ပစ်ခဲ့သည်။

သမင်ပေါက်လေးသည် ဆေးကုသခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာ၍ တောထဲသို့ပြန်သွားလွှတ်ပေးခဲ့သော်လည်း ကျေးဇူးရှင်အမျိုးသားဆီမှာသာ ကပ်နေချင်ခဲ့၍ အိမ်ပြန်ခေါ်လာကာ အတူတကွနေထိုင်ခဲ့ကြသည်။

သူတို့နှစ်ဦးဧ။် ဆက်ဆံရေးသည် အလွန်ထူးခြားလွန်းသည့်အတွက် အမ်ားမွ ထိုဒေသသို့ လာရောက်လည်ပတ်ခဲ့ကြကာ စစ်မှန်သောသူငယ်ချင်းကောင်းအဖြစ် ချီးမွမ်းခဲ့ကြသည်။