ကျား/မ ဟော်မုန်းဓါတ်မြင့်တက်လာမည့် မြင်းခွါရွက်ဆေးနည်း

မြင်းခွါရွက်ဟာ မြန်မာ့ဆေးဖက်ဝင် အသီးအနှံတစ်မျိုးဖြစ်ရုံတင်မကပဲ အိန္ဒိယ၊ ထိုင်း၊ တရုတ်အစရှိတဲ့နိုင် ငံတို့မှ ရိုးရာဆေးနည်းများတွင်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ရုက္ခဗေဒလို Centella asiatica ခေါ် တယ်။ Sanskrit သင်္သကရိုက်ဘာသာနဲ့ Mandooka Parni ခေါ်ပြီး၊ အင်္ဂလိပ်လို Asiatic pennywort နဲ့ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။

အရှေ့တိုင်းဆေးနည်းဖြစ်တဲ့ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။

သွေးကြော၊အာရုံကြောတို့ကို အားကောင်းစေတယ်၊ ဆီးရွှင်စေတယ်။ထိုင်းနိုင်ငံ မှာ မြင်းခွါရွက်ကို နေ့ချင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။

၁၉၆၆-၇၉ ထုတ် စာအုပ်တစ်အုပ်မှာ Youth Vitamin X လို့ ပြောထားတယ်။ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကိုအားပေးတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။

သိပ္ပံနည်းကျ ဆရာတချို့ က တနေ့ ၃ ရွက်သာစားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။

အသုံးပြုနည်း
၁- မြင်းခွါရွက်ကို လက်တစ်ဆုပ်ခန့် ရေစင်အောင်ဆေးပြီး ထုထောင်း၍ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ ညစ်ယူပါ။
၂- သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။

၃- သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။၄- ၄င်းဆေးရည်ကို ညစာစားပြီး နာရီဝက်ခန့်အကြာမှာ သောက်သုံးပေးပါ။

စားသုံးနိုင်မည့် အခြားနည်းများ
1- အခါးကွိုကျသူမြား အရှကျကို ရစေငျအောငျဆေးပွီး ဒီအတိုငျး ဝါးစားပါ။၂- နေရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲ ခပ်၍ သောက်သုံးပါ

၃- ငပိရည်နှင့် တို့စားပါ။ အသုပ်လုပ်၍ စားပါ။ ဟင်းရည်ချက်သောက်ပါ။အစာကြေလွယ်စေမည်။ နှစ်ခြိုက်စွာ အိပ်ပျော်စေမည်။ ခွန်အားတိုးမည်။ အာရုံကြောများ အားကောင်းလာ မည်။

ဟော်မုန်းဓါတ်များ မြင့်တက်လာမည်။ ကျားခွန်အားကိုလည်း တိုးပွါးစေမည်။လိင်စိတ်နည်းပါးသူ အမျိုးသမီးများလည်း လိင်စိတ်ပြန်လည် အားကောင်းလာမည်
credit

Leave a Reply

Your email address will not be published.