ဈေးရောင်းပြီး စီးပွားရှာသူတိုင်း အတုယူသင့်တဲ့ ပုဂံကအကြော်သည်လေးရဲ့ ဈေးရောင်းတဲ့ နည်းဗျူဟာ
Posted by
ပုဂံမှာ ပုဇွန်ကြော်လေး စားလိုက်ရရင် အတော်အရသာရှိတယ်… သွားသူတိုင်း ပြောကြတယ်။ ဘုရားအောက်မှာ အဲ့ အန်တီကြီး အကြော်ရောင်းတယ်။ မြန်မာတွေရဲ့ ထုံးစံ သူ့ဘေးမှာ ပုံစံတူ အကြော်ရောင်းသူတွေ တူညီတဲ့ စီးပွားပြိုင်ဘက်တွေ အများကြီးပဲ။
သူက မတူကွဲပြားအောင် လုပ်မရဘူး။ ဒီ အကြော်ပဲ ရောင်းစရာ ရှိတယ်။ ဒါနဲ့ သူ ဘာလုပ်လဲဆိုတာ ကျွန်တော် ကြည့်တယ်… Value Added Service ပေးတာပဲ လုပ်လို့ ရတယ်ဆိုတာ သူနားလည်တယ်။
နံပါတ် တစ်… လှေကားက ဆင်းလာသမျှ ဘုရားဖူး အကုန်လုံးရဲ့ ဖိနပ်တွေ ကြည့်ပေးတယ်။ စကားချိုချိုနဲ့ ရောင်းတယ်။ မြန်မာတွေ အားနာတယ် Attention ရတယ်။
နံ ပါတ် နှစ်… တစ်ခြား ဈေးသည်တွေ ငွေနောက် လိုက်နေချိန် သူက အကြော် အပိုင်းလေးတွေ ကိုင်ပြီး စားသွားပါဦးပြောတယ်.. အမြည်းကျွေးတယ်။ ကျွန်တော်တို့ မြန်မာတွေအားနာပြန်တယ်.. ဝယ်စားချင်စိတ်ဖြစ်တယ်။
နံပါတ် သုံး… သူ့ပုံစံက ဒီအကြော်လေးပဲ ရောင်းရပြီး ဘဝရပ်တည်နေရတဲ့ ပုံ။ မြို့သားတွေ မြို့သူတွေ သနားကြတယ်..။ နဲနဲလေးဖြစ်ဖြစ် ဝယ်ရမယ်ဆိုတဲ့ စိတ်လေး ပေါ်ပေါက်လာတယ်။
နံ ပါတ် လေး… ဈေးဆစ်တယ် ဈေးမလျှော့ဘူး..။ ဒါပေမယ့် အပိုထည့်ပေးတယ် Quality ကို တင်တယ်။ Value ထည့်ပေးတယ်..။ တစ်+နှစ်+သုံး+လေး = Sales သူ ရောင်းရတယ်။
ဝယ်စားတဲ့ သူတွေမှာ ခံစားရတယ်… Quality ရတဲ့ အပြင် အပို ထပ်ဆောင်းလေးပါ ရတယ်။ မဝယ်စားဖြစ်တဲ့ သူတွေက စိတ်ထဲ ကိုယ့်ဘာသာ Guilty ဖြစ်တယ်။ ငါနောက်တခါ ဝယ်စားမယ်ဆိုပြီး ‌စိတ်ပညာအရ နိုးဆွထားတယ်။
ဒီ logic က အဲ့ ပုဂံက အန်တီတင် မဟုတ်… အင်ဒိုနီးရှား ဘာလီ ကျွန်းမှာလဲ သုံးတယ်။ ဘာလီကျွန်းက ကြောင်ချီးကော်ဖီဆိုင်တွေမှာ Staff တွေ အပင်ပန်းခံ လိုက်ပြတယ်…ရှင်းပြတယ်။
ကော်ဖီ အခမဲ့တိုက်တယ်။ နည်းမျိုးစုံ ဂရုစိုက်ပေးတယ်။ ဒါနဲ့ ရောင်းတဲ့ ပစ္စည်းတွေကို ထပ်ထပ်ပြီး ဝယ်ဖြစ်သွားတယ်။ ရောင်းသူကလည်း ထပ်ပြီး Value တွေထည့် Product တွေ မသိမသာ ထပ်ရောင်း… ဒါနဲ့ပဲ ထပ်ခါထပ်ခါ ရောင်းချခြင်း နည်းဗျူဟာ အောင်မြင်နေကြတယ်။
တကယ်ပါ.. ခင်ဗျားတို့ရော ဘာလုပ်ကြမှာလဲ မျက်နှာစူပုပ်ပြီး… သူဝယ်ချင်ဝယ် မဝယ်ချင်နေ လုပ်နေကြဦးမှာလား။ အခမဲ့လေး မပေးချင်ဘူးလား… သူမဝယ်လဲ ဝန်ဆောင်မှု ကောင်းကောင်း မပေးချင်ကြဘူးလား..။ စေတနာ အပြည့် မထားချင်ကြဘူးလား..။
Zawgyi(version)