မြေကွက်နှင့် အိမ် အပြီးအပိုင် အရောင်းအဝယ် ပြုလုပ်သည့်စာချုပ် ချုပ်ဆိုပြီးပြီ ဆိုတာနဲ့ မိမိဝယ်ယူခဲ့သော မြေနှင့် အိမ်ကို တရားဝင် ပိုင်ဆိုင်သွားပြီလို့ မထင်ကြပါနဲ့…။
ဂရမ်မြေ ဖြစ်တာမို့ အခွန်ဆောင်ပြီး အမည်ပေါက်သို့ ပြောင်းလဲ လုပ်ဆောင်ပြီးမှသာလျှင် တရားဝင်ပိုင်ဆိုင်မည် ဖြစ်ပါသည်။
အခွန်ဆောင်ပြီး မိမိအမည်သို့ ပြောင်းလဲရန် အတွက်… အောက်ပါ လုပ်ငန်းစဉ် တွေကို ပြုလုပ်ဆောင်ရွက် ရပါမည်။
၁။ တိုင်း အခွန်ရုံး သို့ ဝယ်ခွန် ရာဖြတ် တင်ရန် လိုအပ်သော စာရွက်စာတမ်းများ
(က) အရောင်းအဝယ် စာချုပ် (ယာယီ) မိတ္တူ… ၆ စုံ
(ခ) အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံမြေရာဇဝင် (၁၀၅- ၁၀၆) မိတ္တူ… ၆စုံ
(ဂ) မြေနှင့် အိမ် ဓါတ်ပုံ… ၄ ပုံ
(ဃ) ဂရမ် မိတ္တူ… ၆ စုံ
(င) ကိုယ်စားလှယ် လွှဲစာ ပါရှိပါက ကိုယ်စားလှယ် လွှဲစာ
မိတ္တူ… ၆ စုံ
(စ) ဝယ်ယူ သူ၏ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း မိတ္တူ… ၆ စုံ
(ဇ) ရောင်းသူ၏ မှတ်ပုံတင် နှင့် သန်းခေါင်းစာရင်း မိတ္တူ… ၆စုံ
၂။ ရာဖြတ်ကျပြီး သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးတွင်… ရာဖြတ် တင်တုန်းက စာရွက်စာတမ်းများ မိတ္တူ… ၁စုံ ယူပြီး ဝယ်ခွန် နှင့် တံဆိပ်ခေါင်းခွန် ချလံ ထုတ်ယူ ရ ပါ မည်။
၃။ ချလံ ရလျှင် သက်ဆိုင်ရာ မြို့နယ်ရဲ့ မြန်မာစီးပွားရေးဘဏ်မှာ ငွေ သွင်း ရ ပါ မည်။
၄။ ငွေ သွင်းပြီး ပါက ငွေသွင်း ချလံဖြင့် မြို့နယ် အခွန်ရုံးတွင် တံဆိပ်ခေါင်း နှင့် ဝင်ငွေခွန် ကြေညာလွှာ (ဝင-၈) ကို ထုတ် ယူ ရ ပါ မည်။
၅။ တံဆိပ်ခေါင်း ရပြီဆိုလျှင်… အရောင်းအဝယ်စာချုပ်နှင့် အတူ မူရင်း စာရွက်စာတမ်းများ သယ်ဆောင်ပြီး မှတ်ပုံတင် စာချုပ် ရုံးတွင် မှတ်ပုံသွားတင် ရ ပါ မည်။
၆။ မှတ်ပုံတင်စာချုပ် လက်ဝယ် ပြန်ရသောအခါ မြို့တော်စည်ပင်ရဲ့ မြေယာဌာနတွင် အမည်ပြောင်း လျှောက် ထား ရပါမည်။
ဒီအချက်တွေ လုပ်ဆောင်ပြီးရင်တော့… ဝယ်ယူခဲ့သော မြေနှင့် အိမ် သည် မိမိနာမည်ဖြင့် ထွက်ရှိလာမည် ဖြစ် ပါ သည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Zawgyi(version)
ေျမကြက္ႏွင့္ အိမ္ အၿပီးအပိုင္ အေရာင္းအဝယ္ ျပဳလုပ္သည့္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးၿပီ ဆိုတာနဲ႕ မိမိဝယ္ယူခဲ့ေသာ ေျမႏွင့္ အိမ္ကို တရားဝင္ ပိုင္ဆိုင္သြားၿပီလို႔ မထင္ၾကပါနဲ႕။
ဂရမ္ေျမ ျဖစ္တာမို႔ အခြန္ေဆာင္ၿပီး အမည္ေပါက္သို႔ ေျပာင္းလဲ လုပ္ေဆာင္ၿပီးမွသာလွ်င္ တရားဝင္ပိုင္ဆိုင္မည္ ျဖစ္ပါသည္။
အခြန္ေဆာင္ၿပီး မိမိအမည္သို႔ ေျပာင္းလဲရန္ အတြက္ ေအာက္ပါ လုပ္ငန္းစဥ္ ေတြကို ျပဳလုပ္ေဆာင္႐ြက္ ရပါမည္။
၁။ တိုင္း အခြန္႐ုံး သို႔ ဝယ္ခြန္ ရာျဖတ္ တင္ရန္ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား
(က) အေရာင္းအဝယ္ စာခ်ဳပ္ (ယာယီ) မိတၱဴ ၆ စုံ
(ခ) အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ ေျမပုံေျမရာဇဝင္ (၁၀၅- ၁၀၆) မိတၱဴ ၆စုံ
(ဂ) ေျမႏွင့္ အိမ္ ဓါတ္ပုံ ၄ ပုံ
(ဃ) ဂရမ္ မိတၱဴ ၆ စုံ
(င) ကိုယ္စားလွယ္ လႊဲစာ ပါရွိပါက ကိုယ္စားလွယ္ လႊဲစာ
မိတၱဴ ၆ စုံ
(စ) ဝယ္ယူ သူ၏ မွတ္ပုံတင္ ႏွင့္ သန္းေခါင္စာရင္း မိတၱဴ ၆ စုံ
(ဇ) ေရာင္းသူ၏ မွတ္ပုံတင္ ႏွင့္ သန္းေခါင္းစာရင္း မိတၱဴ ၆စုံ
၂။ ရာျဖတ္က်ၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္ အခြန္႐ုံးတြင္ ရာျဖတ္ တင္တုန္းက စာ႐ြက္စာတမ္းမ်ား မိတၱဴ ၁စုံ ယူၿပီး ဝယ္ခြန္ ႏွင့္ တံဆိပ္ေခါင္းခြန္ ခ်လံ ထုတ္ယူ ရ ပါ မည္။
၃။ ခ်လံ ရလွ်င္ သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲ႕ ျမန္မာစီးပြားေရးဘဏ္မွာ ေငြ သြင္း ရ ပါ မည္။
၄။ ေငြ သြင္းၿပီး ပါက ေငြသြင္း ခ်လံျဖင့္ ၿမိဳ႕နယ္ အခြန္႐ုံးတြင္ တံဆိပ္ေခါင္း ႏွင့္ ဝင္ေငြခြန္ ေၾကညာလႊာ (ဝင-၈) ကို ထုတ္ ယူ ရ ပါ မည္။
၅။ တံဆိပ္ေခါင္း ရၿပီဆိုလွ်င္ အေရာင္းအဝယ္စာခ်ဳပ္ႏွင့္ အတူ မူရင္း စာ႐ြက္စာတမ္းမ်ား သယ္ေဆာင္ၿပီး မွတ္ပုံတင္ စာခ်ဳပ္ ႐ုံးတြင္ မွတ္ပုံသြားတင္ ရ ပါ မည္။
၆။ မွတ္ပုံတင္စာခ်ဳပ္ လက္ဝယ္ ျပန္ရေသာအခါ ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ေျမယာဌာနတြင္ အမည္ေျပာင္း ေလွ်ာက္ ထား ရပါမည္။
ဒီအခ်က္ေတြ လုပ္ေဆာင္ၿပီးရင္ေတာ့ ဝယ္ယူခဲ့ေသာ ေျမႏွင့္ အိမ္ သည္ မိမိနာမည္ျဖင့္ ထြက္ရွိလာမည္ ျဖစ္ ပါ သည္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးးပါသည္။ ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။