ကျားမုတ်ဆိတ်”
တောဖရုံဟုလည်းအချို့ခေါ်၏။
“̏(၆)လလောက်တော့ နေခွင့်ရမယ်ထင်တယ်ဗျာ”
“ဆရာဝန်က ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်နေသော ဖခင်ကြီး၏ အခြေအနေအားသမီးဒေါ်နုကိုပြောသော စကားသာဖြစ်သည်။
ဒေါ်နုကြိတ်ခါ ငိုရသည်။အဖေတစ်ခုသမီးတစ်ခုဘ၀ မဟုတ်ပါလား။ဒေါ်နုရုံးတွင် စကားစပ်မိရင်း ကျောက်ကပ် တကယ်ပျောက်တာလက်တွေ့ပါဗျာဆိုကာ ကျားမုတ်ဆိတ်ပင်ကိုပါရှာပေးခဲ့လေသည်။
ဆေးအသုံး
အပင်၏ပဉ္စ(၅)ပါးအား ရေစင်အောင်ဆေးပြီး (၃)ခွက်(၁)ခွက်တင်သောက်ပေးခြင်းဖြစ်သည်။
ဒေါ်နုသည် ဖခင်အား (၁၀)ရက်တွင် (၅)ကြိမ်လောက် သာစနစ်တကျ ဆေးပင်ကိုကျို၍ တိုက်ကျွေးပါသည်။ ဒေါ်နု၏ဖခင်မှာ သိသိသာသာကျန်းမာရေးအခြအနေတိုးတက် ကောင်းမွန်လာပါသည်။
(၆)လသာခံတော့မည်ဆိုသော ဒေါ်နု၏ဖခင်မှာ လူလောကတွင် နောက်ထပ်သက်တမ်းစေ့(၁၆)နှစ်နေ ထိုင်သွားနိုင်သည်ဟု ပြောပြပါသည်။ (၆)လမျှသာ လူလောကတွင်သက်ရှင်နေထိုင်ရတော့မည့် ရောဂါအား မြန်မာပြည်မြေပေါ်တွင်ပေါက်သော ကျားမုတ်ဆိတ်ဆေးပင်ဖြင့် ပျောက်ကင်းစေနိုင်ခဲ့ခြင်းဖြစ်လေသည်။
အံၾသဖြယ္မဟုတ္ပါလား။
လယ်ကွင်းများတွင် ကျားမုတ်ဆိတ်ပင် ပေါက်ရောက်တတ်ပါသည်။ဘေးထွက်ဆိုးကျိုးများမရှိပါ
ထိရောက်စေရန်
(၁) ကျားမုတ်ဆိတ်ပင်အား မြေအိုးတွင် ထင်းမီးဖြင့်ပြုတ်ပြီး တက်လာသော အမြှုပ်အား စိတ်ရှည်စွာခပ်ယူထားရသည်။ တက်လာတိုင်ခပ်ယူရပါသည်။
(၂) ထိုအမြှုပ်များကို သန့်ရှင်းသော သံဒယ်လေးတွင် ခြောက်ခန်းအောင်ချက်ပေးပြီးဆားချက်၍နေ့စဉ် မန်းကျည်းစေ့တစ်စေ့စာကို စားပေးပါ ကျောက်ကပ်ရောဂါနှင့်ဆီးကျောက်တည်သည့်ရောဂါ အသေအချာပျောက်ပါကြောင်း။
(၃)လေးဖက်နာဝေဒနာရှင်အတွက် ငါးခူးနှင့် အားပါးတရချက် စားက သက်သာပျောက် ကင်းသည်ဟုလည်း ဓာတ်စားပေးပါသည်။
မဟာမြိုင်တောမှ ရသေ့ရှင် ပညာဒီပ မိန့်ဖူး ဖြစ်ပါသည်။
လိုသူယူသုံးစေတနာအပြုံးဖြင့်
ရဲမျိုးသူ(ဗောဓိမြိုင်)
(မွတ္ခ်က္)
လက်ဆင့်ကမ်း ကူးယူဖော်ပြပါက
မူရင်းဖြစ်တဲ့ စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတအား
Credit ပေး၍ ဖော်ပြခွင့်ရှိပါသည်
စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ