ဆန္ေဆးရည္ေတြကို အဲ့ေလာက္အက်ိဳးရွိမယ္လို့ မထင္ခဲ့မိဘူး

Posted by

အလွအပခ်စ္ျမတ္နိုးတဲ့ ပ်ိဳေမေလးတို့ေရ မဂၤလာပါေနာ္။ ထမင္းခ်က္တိုင္း ဆန္ေဆးတဲ့အခါ ရရွိလာတဲ့ဆန္ေဆးေရကို အလဟႆမလႊင့္ပစ္သင့္တဲ့ အေၾကာင္းအရင္း (၂) မ်ိဳးရွိပါတယ္

ေရကို ေခၽြတာဖို့နဲ႔ အလွအပအတြက္ အသုံးျပဳဖို့အတြက္ပဲျဖစ္ပါတယ္။မ်က္ႏွာသစ္တိုင္း ဆန္ေဆးေရနဲ႔ မ်က္ႏွာသစ္ေပးမယ္ဆိုရင္ အသားအေရက စိုေျပဝင္းပေနမွာ မယုံမရွိနဲ႔ေနာ္။

အဆင္သင့္ျဖစ္ၿပီဆိုရင္ ဆန္ေဆးေရကို အလွအပအတြက္ ဘယ္လို အသုံးျပဳသင့္လဲဆိုတာကို အတူတူဆက္ဖတ္ၾကည့္လိုက္ရေအာင္။

၁။ မ်က္ႏွာသစ္ေဆးအျဖစ္ အသုံးျပဳနိုင္ျခင္း
မ်က္ႏွာအသားအေရလည္း ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး ၾကည္လင္ေတာက္ပခ်င္တယ္ဆိုရင္ေတာ့ ဆန္ေဆးေရအသုံးျပဳပါ။ဝါဂြမ္းစေလးေပၚသို့ ဆန္ေဆးေရအနည္းငယ္ဆြတ္လိုက္ၿပီး မ်က္ႏွာအႏွံ့ ညင္သာစြာ သုတ္လိမ္းၿပီး ႏွိပ္နယ္ေပးရမွာပါ။

အလွအပအတြက္ ဆန္ေဆးေရရဲ့ ဘက္စုံအသုံးဝင္ပုံမ်ား

ထို့ေနာက္ မ်က္ႏွာသုတ္ပုဝါနဲ႔ မ်က္ႏွာမသစ္ဘဲ ဒီအတိုင္းထားၿပီး ေလသလပ္ခံေပးလိုက္ပါ။ေန႔တိုင္း မလုပ္ေပးနိုင္ရင္ေတာင္ တစ္ပတ္ ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပး႐ုံနဲ႔တင္ အသားအေရကို ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ေထာက္ပံ့ေပးနိုင္ပါတယ္။

၂။ တိုနာအျဖစ္ အသုံးျပဳနိုင္ျခင္း

သုံးေနက် တိုနာကုန္သြားလို့ စိတ္မညစ္လိုက္ပါနဲ႔။ ဆန္ေဆးေရက ကမၻာ့အေကာင္းဆုံးတိုနာတစ္ခုပါပဲ။မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာစင္စင္သစ္ၿပီးတဲ့အခါ ဝါဂြမ္းစကို ဆန္ေဆးေရဆြတ္ၿပီး မ်က္ႏွာေပၚ သုတ္လိမ္းေပးလိုက္ပါ။

ဆန္ေဆးေရက အသားအေရကို တင္းရင္းေစၿပီး ေခၽြးေပါက္မ်ားကို က်ဥ္းေစကာ အသားအေရ ေခ်ာေမြ႕ဖို့နဲ႔ ေတာက္ေျပာင္ေနဖို့ ကူညီေပးပါလိမ့္မယ္။

၃။ ဝက္ၿခံႏွင့္ အမဲစက္မ်ားကို ဖယ္ရွားေပးျခင္း

မ်က္ႏွာေပၚက ဝက္ၿခံေတြ၊ အနီစက္ေတြ၊ အမဲစက္ေတြ၊ ဖုေတြေၾကာင့္ စိတ္ညစ္ေနပါသလား။ ဒါဆိုရင္ေတာ့ ဆန္ေဆးေရနဲ႔ ေန႔တိုင္းမ်က္ႏွာသစ္ေပးလိုက္ပါ။မ်က္ႏွာေပၚက အနာအဆာေတြကို ဖယ္ရွားေပးတဲ့အျပင္ ဝက္ၿခံနဲ႔ တင္းတိပ္ေတြ ထပ္မျဖစ္လာေအာင္လည္း ကူညီေပးပါတယ္။

၄။ ႏွင္းခူေရာဂါအတြက္ ကုသေပးျခင္း

ဆန္ေဆးေရရဲ့ ကဆီဓာတ္က ႏွင္းခူေရာဂါေၾကာင့္ အေရျပားယားယံျခင္းကို သက္သာေစပါတယ္။သန႔္စင္တဲ့ အဝတ္စကို ဆန္ေဆးေရထဲ ႏွစ္လိုက္ၿပီး ႏွင္းခူျဖစ္လို့ ယားေနတဲ့ေနရာကို ထိုအဝတ္စနဲ႔ အသာအယာပုတ္ေပးလိုက္ပါ။၂ မိနစ္ခန႔္ ပုတ္ၿပီးတာနဲ႔ ေျခာက္သြားေအာင္ ေလသလပ္ခံေပးလိုက္ပါ။

၅။ ေနေလာင္ဒဏ္မ်ားကို သက္သာေစျခင္း

ေနေလာင္ဒဏ္ေၾကာင့္ အသားအေရနီျမန္းေရာင္ရမ္းျခင္းကို ဆန္ေဆးေရက သက္သာေအာင္ စြမ္းေဆာင္ေပးနိုင္ပါတယ္။ဆန္ေဆးေရဆြတ္ထားတဲ့ ဝါဂြမ္းစေလးကို ေနေလာင္ဒဏ္ခံစားေနရတဲ့ေနရာေပၚမွာ သုတ္လိမ္းေပးလိုက္႐ုံပါပဲ။

၆။ အေရးအေၾကာင္းမ်ားမျဖစ္ေပၚေအာင္ တားဆီးေပးျခင္း

ဆန္ေဆးေရ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို အုန္းဆီ ႏွစ္စက္၊ သုံးစက္ခန႔္ျဖင့္ ေရာေႏွာထားလိုက္ပါ။ထို့ေနာက္ မ်က္ႏွာနဲ႔ လည္ပင္းတစ္ဝိုက္ သုတ္လိမ္းၿပီး ႏွိပ္နယ္ေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ မ်က္ႏွာအသားအေရေလးက ပါးေရတြန႔္ျခင္းနဲ႔ အေရအေၾကာင္း အႏၲရာယ္မွ ကင္းေဝးၿပီး ကေလးတစ္ေယာက္ရဲ့ အသားအေရလို ႏူးညံ့ေနမွာပဲျဖစ္ပါတယ္။ အုန္းဆီအစား ဂ်ိဳဂ်ိဳးပါးအဆီကိုလည္း အသုံးျပဳနိုင္ပါေသးတယ္။

၇။ ဆံေကသာ က်န္းမာသန္စြမ္းေအာင္ ကူညီေပးျခင္း

ေခါင္းေလၽွာ္ၿပီးသြားၿပီ၊ Conditioner လည္း သုံးၿပီးသြားၿပီဆိုတာနဲ႔ ဆန္ေဆးေရနဲ႔ ထပ္ေလၽွာ္ေပးလိုက္ပါ။ ၿပီးရင္ ဦးေရျပားကို ႏွိပ္နယ္ေပးလိုက္ပါ။ၿပီးမွ ေရနဲ႔ ေနာက္တစ္ေခါက္ ျပန္ေလၽွာ္လိုက္ပါ။ ဒီနည္းလမ္းေလးက

ဆံေကသာ က်န္းမာသန္စြမ္းေစတဲ့အျပင္ ဆံေကသာ ေတာက္ေျပာင္ေအာင္လည္း ကူညီေပးပါတယ္။ဆန္ေဆးေရက အသားအေရအလွအပအတြက္ ေကာင္းက်ိဳးေျမာက္ျမားစြာ ေပးစြမ္းနိုင္တယ္ဆိုတာကို သိၿပီဆိုေတာ့ ဒီေန႔ကစၿပီး ဆန္ေဆးေရကို အလွအပအတြက္ အသုံးျပဳလိုက္ရေအာင္။

Credit

Zawgyi(version)

အလှအပချစ်မြတ်နိုးတဲ့ ပျိုမေလေးတို့ရေ မင်္ဂလာပါနော်။ ထမင်းချက်တိုင်း ဆန်ဆေးတဲ့အခါ ရရှိလာတဲ့ဆန်ဆေးရေကို အလဟဿမလွှင့်ပစ်သင့်တဲ့ အကြောင်းအရင်း (၂) မျိုးရှိပါတယ်

ရေကို ချေွတာဖို့နဲ့ အလှအပအတွက် အသုံးပြုဖို့အတွက်ပဲဖြစ်ပါတယ်။မျက်နှာသစ်တိုင်း ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အသားအေရက စိုပြေဝင်းပနေမှာ မယုံမရှိနဲ့နော်။

အဆင်သင့်ဖြစ်ပြီဆိုရင် ဆန်ဆေးရေကို အလှအပအတွက် ဘယ္လို အသုံးပြုသင့်လဲဆိုတာကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

၁။ မျက်နှာသစ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း
မျက်နှာအသားအရေလည်း နူးညံ့ပျော့ပျောင်းပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ ဆန်ဆေးရေအသုံးပြုပါ။ဝါဂွမ်းစလေးပေါ်သို့ ဆန်ဆေးရေအနည်းငယ်ဆွတ်လိုက်ပြီး မျက်နှာအနှံ့ ညင်သာစွာ သုတ်လိမ်းပြီး နှိပ်နယ်ပေးရမှာပါ။

အလှအပအတွက် ဆန်ဆေးရေရဲ့ ဘက်စုံအသုံးဝင်ပုံများ

ထို့နောက် မျက်နှာသုတ်ပုဝါနဲ့ မျက်နှာမသစ်ဘဲ ဒီအတိုင်းထားပြီး လေသလပ်ခံပေးလိုက်ပါ။နေ့တိုင်း မလုပ်ပေးနိုင်ရင်တောင် တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့တင် အသားအေရကို ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထောက်ပံ့ပေးနိုင်ပါတယ်။

၂။ တိုနာအဖြစ် အသုံးပြုနိုင်ခြင်း

သုံးနေကျ တိုနာကုန္သြားလို့ စိတ်မညစ်လိုက်ပါနဲ့။ ဆန်ဆေးရေက ကမ်ဘာ့အကောင်းဆုံးတိုနာတစ်ခုပါပဲ။မျက်နှာသစ်ဆေးနဲ့ မျက်နှာစင်စင်သစ်ပြီးတဲ့အခါ ဝါဂွမ်းစကို ဆန်ဆေးရေဆွတ်ပြီး မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။

ဆန်ဆေးရေက အသားအေရကို တင်းရင်းစေပြီး ချေွးပေါက်များကို ကျဉ်းစေကာ အသားအေရ ချောမွေ့ဖို့နဲ့ တောက်ပြောင်နေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ဝက်ခြံနှင့် အမဲစက်များကို ဖယ်ရှားပေးခြင်း

မျက်နှာပေါ်က ဝက်ခြံတွေ၊ အနီစက်တွေ၊ အမဲစက်တွေ၊ ဖုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆန်ဆေးရေနဲ့ နေ့တိုင်းမျက်နှာသစ်ပေးလိုက်ပါ။မျက်နှာပေါ်က အနာအဆာတွေကို ဖယ်ရှားပေးတဲ့အပြင် ဝက်ခြံနဲ့ တင်းတိပ်တွေ ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါတယ်။

၄။ နှင်းခူရောဂါအတွက် ကုသပေးခြင်း

ဆန်ဆေးရေရဲ့ ကဆီဓာတ္က နှင်းခူရောဂါကြောင့် အရေပြားယားယံခြင်းကို သက်သာစေပါတယ်။သန့်စင်တဲ့ အဝတ္စကို ဆန်ဆေးရေထဲ နှစ်လိုက်ပြီး နှင်းခူဖြစ်လို့ ယားနေတဲ့နေရာကို ထိုအဝတ်စနဲ့ အသာအယာပုတ်ပေးလိုက်ပါ။၂ မိနစ်ခန့် ပုတ်ပြီးတာနဲ့ ခြောက်သွားအောင် လေသလပ်ခံပေးလိုက်ပါ။

၅။ နေလောင်ဒဏ်များကို သက်သာစေခြင်း

နေလောင်ဒဏ်ကြောင့် အသားအရေနီမြန်းရောင်ရမ်းခြင်းကို ဆန်ဆေးရေက သက်သာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ဆန်ဆေးရေဆွတ်ထားတဲ့ ဝါဂွမ်းစလေးကို နေလောင်ဒဏ်ခံစားနေရတဲ့နေရာပေါ်မှာ သုတ်လိမ်းပေးလိုက်ရုံပါပဲ။

၆။ အရေးအကြောင်းများမဖြစ်ပေါ်အောင် တားဆီးပေးခြင်း

ဆန်ဆေးရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အုန်းဆီ နှစ်စက်၊ သုံးစက်ခန့်ဖြင့် ရောနှောထားလိုက်ပါ။ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် သုတ်လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မျက်နှာအသားအရေလေးက ပါးရေတွန့်ခြင်းနဲ့ အရေအကြောင်း အန္တရာယ်မှ ကင်းဝေးပြီး ကလေးတစ်ယောက်ရဲ့ အသားအေရလို နူးညံ့နေမှာပဲဖြစ်ပါတယ်။ အုန်းဆီအစား ဂျိုဂျိုးပါးအဆီကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

၇။ ဆံကေသာ ကျန်းမာသန်စွမ်းအောင် ကူညီပေးခြင်း

ခေါင်းလျှော်ပြီးသွားပြီ၊ Conditioner လည်း သုံးပြီးသွားပြီဆိုတာနဲ့ ဆန်ဆေးရေနဲ့ ထပ်လျှော်ပေးလိုက်ပါ။ ပြီးရင် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ပြီးမှ ရေနဲ့ နောက်တစ်ခေါက် ပြန်လျှော်လိုက်ပါ။ ဒီနည်းလမ်းလေးက

ဆံကေသာ ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံကေသာ တောက်ပြောင်အောင်လည်း ကူညီပေးပါတယ်။ဆန်ဆေးရေက အသားအရေအလှအပအတွက် ကောင်းကျိုးမြောက်မြားစွာ ပေးစွမ်းနိုင်တယ်ဆိုတာကို သိပြီဆိုတော့ ဒီနေ့ကစပြီး ဆန်ဆေးရေကို အလှအပအတွက် အသုံးပြုလိုက်ရအောင်။

Credit