အေအး၊ ေဖ်ာ္ရည္ေတြမွာ ထည့္တဲ့ ေက်ာက္ေက်ာအမဲကို ဘယ္ကရလဲ သိခ်င္သူမ်ားအတြက္

Posted by

အေအးေဖ်ာ္ရည္ေတြမွာသုံးတဲ့ ေက်ာက္ေက်ာမဲမဲတုန္းႀကီးကို စားသာစားေနၾကတာ ဘယ္လိုလုပ္မွန္း သိတဲ့သူကနည္းပါတယ္။ လုပ္နည္းကလည္းလ်ိဳ့ဝွက္ထားလို့ သိပ္မသိၾကပါဘူး။ ဘယ္ကေနထုတ္မွန္းလည္း မသိတဲ့သူမ်ားပါတယ္။

ေက်ာက္ေက်ာ… အဂၤလိပ္အမည္ Grass jelly plant… သိပၸံအမည္Platostoma palustre ေမာ္လၿမိဳင္ေဒသအေခၚ… လိပ္သဲပင္၊ ရွမ္းျပည္ဘက္အေခၚ… နမ့္ပင္တူး ဆိုတဲ့အပင္ကထုတ္ယူပါတယ္။

အမဲေရာင္ေက်ာက္ေက်ာျပဳလုပ္နည္းမွာ

အပင္ကိုေရေဆး ႀကိတ္ေျခၿပီးစစ္ရည္ရယူပါတယ္။ အရည္ကုန္ရေအာင္ ေရေလးနည္းနည္းစီ ေလာင္းထည့္ေပးရပါတယ္။ အဲဒီအရည္ကို စစ္ယူၿပီး အပူေပးက်ိဳခ်က္ရပါတယ္။

အရည္အေတာ္ေလး ပ်စ္လာပီဆိုရင္ ေကာ္မွုန္႔ (သို့) ဆန္မွုန္႔ကို ေလာင္းထည့္ၿပီး မီးျမႇင္းျမႇင္းနဲ႔ ႀကိဳရပါတယ္။ starch (ေကာ္မွုန္႔) မပါဘဲ သူ႔ခ်ည္းသက္သက္က်ိဳရင္ ေက်ာက္ေက်ာမျဖစ္ပါဘူး။

ေကာ္မွုန္႔နည္းနည္းထည့္မွ ဓာတ္ျပဳၿပီး ေက်ာက္ေက်ာျဖစ္ပါမယ္။ တစ္ခ်ိဳ့ကေတာ့ ေကာ္မွုန္႔ကိုတစ္ပါထဲ ထည့္က်ိဳၾကပါတယ္။ ႀကိဳက္ႏွစ္သက္ရာေပါ့။

ရွမ္းျပည္နယ္နဲ႔ အထက္ခ်င္းတြင္း ဘက္ေတြမွာေတာ့ သုပ္စားၾကပါတယ္။ ေအာက္ျပည္ဘက္ကေတာ့ အေအးေဖ်ာ္ရည္ေတြနဲ႔ တြဲဖက္ ေသာက္သုံးၾကပါတယ္။

လတ္လတ္ဆက္ဆက္ ေက်ာက္ေက်ာပင္ (ရွမ္းအေခၚ… နမ့္ပင္းတူး အပင္) ကေန ခူးၿပီး ေရေဆး… ေျခၿပီး နယ္ ၊ ဇကာတိုက္ အႏွစ္ကို ယူ ၊ ဆန္မုန္႔ အနည္းငယ္ ထည့္ၿပီး…

မီးနဲ႔ လက္ မျပတ္တမ္း ေမႊ… ပ်စ္လာၿပီ ဆိုရင္ အေအးခံ ထားၿပီး ေနာက္တစ္ရက္ အတုံးေလးေတြ တုံးၿပီး ေဈးမွာ ေရာင္းတာပါ။

ေက်ာက္ေက်ာ ပင္မ်ားကို သတ္မွတ္ထားတဲ့အခ်ိန္ ေရာက္ရင္ အျမစ္ပါမက်န္ ႏွုတ္ၿပီး အေျခာက္လွန္းကာ ကိုယ္တိုင္ လာဝယ္ၾကသူမ်ားလည္း ရွိသလို မႏၲေလးကို တိုက္ရိုက္တင္ပို့ ေရာင္းခ် ၾကတဲ့ ေဒသ ထုတ္ကုန္ေပါ့ ။

ယေန႔ ျမင္ေတြ႕ေန ရတဲ့ မန္းက်ည္း ေဖ်ာ္ရည္ထဲလည္း ထည့္ ဖာလူဒါ ၊ ေရႊရင္ေအး ထဲလည္း ထည့္ သီးသန္႔ ေက်ာက္ေက်ာေဖ်ာ္ရည္ ဆိုၿပီးလည္း ေသာက္ၾကတဲ့ မည္းမည္း ေက်ာက္ေက်ာ ေလးေတြဟာ အခု ျပထားတဲ့ အပင္က ရတာေပါ့ ။

ေက်ာက္ေက်ာမဲ၏ ေဆးဘက္၀င္ပုံ

၁။ အစာေခ်ဖ်က္ႏွုန္း ေကာင္းမြန္ေစပါတယ္။ အဓိက က Fiber (အမၽွင္ဓာတ္ ပါ၀င္မွု မ်ားျပားတာေၾကာင့္) ။

၂။ လည္ပင္းနာတာကို သက္သာေစပါတယ္။ သူ႔မွာပါ၀င္တဲ့ Compound တမ်ိဳးက လည္ပင္းနာတာကို သက္သာေစၿပီး ကေလးေတြအတြက္ အိမ္သုံးေဆး အေနနဲ႔လဲ တိုက္ေကၽြးၾကပါတယ္။

၃။ ေသြးတိုးကို ထိန္းညႇိေပးနိုင္တယ္။ Black grass jelly ကေသြးတြင္း cholesterol ကိုလဲ ေလ်ာ့က်ေစနိုင္ပါတယ္။

၄။ ကင္ဆာေရာဂါကာကြယ္ေပးနိုင္တဲ့ antioxidants ေတြ ပါ၀င္ပါတယ္။

၅။ အားလုံးအတြက္ ပိုၿပီး စိတ္၀င္စားေစတဲ့ ေနာက္တမ်ိဳးကေတာ့ ဝိတ္က်ေစပါတယ္။ ေသြးတြင္း ကယ္လိုရီ ဓာတ္ကို ေလ်ာ့က်ေစၿပီး သူ႔မွာပါ၀င္တဲ့ သၾကားဓာတ္က လူ႔ခႏၶာကိုယ္အတြက္ Energy အေနနဲ႔ပဲအသုံးျပဳပါတယ္တဲ့ ။

၆။ ငွက္ဖ်ားေဝဒနာေတြကို သက္သာေစတယ္။

၇။ ဝမ္းခ်ဳပ္ျခင္း

၈။ ေရာင္ရမ္းျခင္း

၉။ဆီးခ်ိဳေရာဂါ

၁၀။၀မ္ေလၽွာျခင္း

၁၁။ ႏွလုံးနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြ

၁၂။ ကိုယ္ခံအားတိုးပြားေစျခင္း…. စတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ားကို ရရွိေစပါတယ္။

ဒါေၾကာင့္ အက်ိဳးမ်ားျပားလွတဲ့ ေက်ာက္ေက်ာေဖ်ာ္ရည္ကို မၾကာခဏေသာက္သုံးေပးဖို့ မေမ့ပါနဲ႔။

ဗဟုသုတအေနနဲ႔ ေနာက္ထပ္ခု ေျပာျပေပးခ်င္တာက ပင္လယ္ကထြက္ရွိတဲ့ ေရေမွာ္ေက်ာက္ေက်ာ
Agar လို့ေခၚတဲ့ ေနာက္ေက်ာက္ေက်ာ တစ္မ်ိဳးကိုေတာ့ ပင္လယ္ကထြက္ရွိတဲ့ ေရေမွာ္(red algae or brown algae) မ်ိဳးစိတ္တစ္မ်ိဳးကေန ထုတ္လုပ္တာပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Zawgyi(version)

အအေးဖျော်ရည်တွေမှာသုံးတဲ့ ကျောက်ကျောမဲမဲတုန်းကြီးကို စားသာစားနေကြတာ ဘယ်လိုလုပ်မှန်း သိတဲ့သူကနည်းပါတယ်။ လုပ်နည်းကလည်းလျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။ ဘယ်ကနေထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။

ကျောက်ကျော အင်္ဂလိပ်အမည် Grass jelly plant သိပ္ပံအမည်Platostoma palustre မော်လမြိုင်ဒေသအခေါ် လိပ်သဲပင်၊ ရှမ်းပြည်ဘက်အခေါ် နမ့်ပင်တူး ဆိုတဲ့အပင်ကထုတ်ယူပါတယ်။

အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ

အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။ အဲဒီအရည်ကို စစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။

အရည်အတော်လေး ပျစ်လာပီဆိုရင် ကော်မှုန့် (သို့) ဆန်မှုန့်ကို လောင်းထည့်ပြီး မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။ starch (ကော်မှုန့်) မပါဘဲ သူ့ချည်းသက်သက်ကျိုရင် ကျောက်ကျောမဖြစ်ပါဘူး။

ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။ တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကျိုကြပါတယ်။ ကြိုက်နှစ်သက်ရာပေါ့။

ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုပ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ အအေးဖျော်ရည်တွေနဲ့ တွဲဖက် သောက်သုံးကြပါတယ်။

လတ်လတ်ဆက်ဆက် ကျောက်ကျောပင် (ရှမ်းအခေါ် နမ့်ပင်းတူး အပင်) ကေန ခူးပြီး ရေဆေး ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊ ဆန်မုန့် အနည်းငယ် ထည့်ပြီး

မီးနဲ့ လက် မပြတ်တမ်း မွှေ ပျစ်လာပြီ ဆိုရင် အေအးခံ ထားပြီး နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး ဈေးမှာ ရောင်းတာပါ။

ကျောက်ကျော ပင်များကို သတ်မှတ်ထားတဲ့အချိန် ရောက်ရင် အမြစ်ပါမကျန် နှုတ်ပြီး အခြောက်လှန်းကာ ကိုယ်တိုင် လာဝယ်ကြသူများလည်း ရွိသလို မန္တလေးကို တိုက်ရိုက်တင်ပို့ ရောင်းချ ကြတဲ့ ဒေသ ထုတ်ကုန်ပေါ့ ။

ယနေ့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် သီးသန့် ကျောက်ကျောဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျော လေးတွေဟာ အခု ပြထားတဲ့ အပင်က ရတာပေါ့ ။

ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ

၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။ အဓိက က Fiber (အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။

၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။ သူ့မှာပါ၀င်တဲ့ Compound တမျိုးက လည်ပင်းနာတာကို သက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ တိုက်ကျေွးကြပါတယ်။

၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။ Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါ၀င်ပါတယ်။

၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့ နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။ သွေးတွင်း ကယ္လိုရီ ဓာတ္ကို လျော့ကျစေပြီး သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။

၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။

၇။ ဝမ်းချုပ်ခြင်း

၈။ ရောင်ရမ်းခြင်း

၉။ဆီးချိုရောဂါ

၁၀။၀မ်လျှောခြင်း

၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ

၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း. စတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။

ဒါကြောင့် အကျိုးများပြားလှတဲ့ ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးပေးဖို့ မမေ့ပါနဲ့။

ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော
Agar လို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့ ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae or brown algae) မျိုးစိတ်တစ်မျိုးကနေ ထုတ္လုပ္တာပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။