Day သင္တန္း အတြက္တကၠသိုလ္ ေက်ာင္းမ်ားအားလုံး မၾကာမီဖြင့္လွစ္မည္
တကၠသိုလ္၊ ဒီဂရီေကာလိပ္နဲ႔ေကာလိပ္ေတြမွာ ေန႔သင္တန္းအားလုံးကိုလာမယ့္နိုဝင္ဘာလမွာ ဖြင့္လွစ္သြားမယ္လို့ပညာေရးဝန္ႀကီးဌာန၊အဆင့္ျမင့္ပညာဦးစီးဌာနကထုတ္ျပန္အသိေပးထားပါတယ္။
လာမယ့္နိုဝင္ဘာလ ၁၀ရက္ကစတင္ကာ ပထမႏွစ္ (ဒုတိယႏွစ္ဝက္) ေန႔သင္တန္းနဲ႔ဒုတိယႏွစ္ကေနမဟာဘြဲ႕ သင္တန္းမ်ားအထိေန႔သင္တန္း အားလုံးကိုလာမည့္ နိုဝင္ဘာလ ၁၀ ရက္တြင္ ဖြင့္လွစ္သြားမည္ဟုေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူေတြအတြက္ပထမႏွစ္(ပထမႏွစ္ဝက္)ေန႔သင္တန္းမ်ားကိုေတာ့ လာမယ့္ နိုဝင္ဘာလ ၂၁ ရက္မွာစတင္ဖြင့္လွစ္သြားမွာျဖစ္တယ္လို့သိရပါတယ္။၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာေက်ာင္းသူ၊ေက်ာင္းသားႏွစ္သိန္းရွစ္ေသာင္းေက်ာ္
ဝင္ေရာက္ေျဖဆိုခဲ့ၿပီးတစ္သိန္းသုံးေသာင္းေက်ာ္ေအာင္ျမင္ခဲ့ကာတစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ေအာင္ခ်က္ ၄၆ ဒသမ ၈၈ ရာခိုင္ႏွုန္း ရွိခဲ့တဲ့အထဲကသက္ဆိုင္ရာတကၠသိုလ္ေပါင္း၆၀ေက်ာ္ကို ရရွိတဲ့အမွတ္ေပါင္းနဲ႔ဝါသနာပါရာအေပၚမူတည္ကာ
ေရြးခ်ယ္တက္ေရာက္ၾကရမွာျဖစ္ၿပီးလာမယ့္နိုဝင္ဘာမွာဖြင့္လွစ္မယ့္တကၠသိုလ္ေန႔သင္တန္းမ်ားမွာ ဘာသာရပ္အလိုက္ေရြးခ်ယ္တက္ေရာက္ၾကရမွာလည္းျဖစ္ပါတယ္။
Zawgyi(version)
Day သင်တန်း အတွက်တက္ကသိုလ် ကျောင်းများအားလုံး မကြာမီဖွင့်လှစ်မည်
တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာ နေ့သင်တန်းအားလုံးကိုလာမယ့်နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ပြန်အသိပေးထားပါတယ်။
လာမယ့်နိုဝင်ဘာလ ၁၀ရက်ကစတင်ကာ ပထမနှစ် (ဒုတိယနှစ်ဝက်) နေ့သင်တန်းနဲ့ဒုတိယနှစ်ကနေမဟာဘွဲ့ သင်တန်းများအထိနေ့သင်တန်း အားလုံးကိုလာမည့် နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်သွားမည်ဟုကြေညာချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအတွက်ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်မှာစတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာကျောင်းသူ၊ကျောင်းသားနှစ်သိန်းရှစ်သောင်းကျော်
ဝင်ရောက်ဖြေဆိုခဲ့ပြီးတစ်သိန်းသုံးသောင်းကျော်အောင်မြင်ခဲ့ကာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တဲ့အထဲကသက်ဆိုင်ရာတက္ကသိုလ်ပေါင်း၆၀ကျော်ကို ရရှိတဲ့အမှတ်ပေါင်းနဲ့ဝါသနာပါရာအပေါ်မူတည်ကာ
ရွေးချယ်တက်ရောက်ကြရမှာဖြစ်ပြီးလာမယ့်နိုဝင်ဘာမှာဖွင့်လှစ်မယ့်တက္ကသိုလ်နေ့သင်တန်းများမှာ ဘာသာရပ်အလိုက်ရွေးချယ်တက်ရောက်ကြရမှာလည်းဖြစ်ပါတယ်။