အကယ္ဒမီမ်ားရွင္ ဦးညြန႔္ဝင္းႏွင့္ အကယ္ဒမီဦးေအာင္လြင္ တို့အား တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုခ်ီးျမႇင့္
၂၀၁၉ ခုႏွစ္အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုကိုအကယ္ဒမီမ်ားရွင္ဦးညြန႔္ဝင္းနဲ႔အကယ္ဒမီ ဦးေအာင္လြင္တို့ရရွိခဲ့ၿပီး
အဲဒီဆုကို ျပန္ၾကားေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးေမာင္ေမာင္အုန္းတက္ေရာက္ခ်ီးျမႇင့္ေပးခဲ့တာျဖစ္ပါတယ္။ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကိုေတာ့ေအာက္တိုဘာ ၁၃ ရက္ မနက္ ၉ နာရီကဗဟန္းၿမိဳ့နယ္၊ဝကၤဘာလမ္းမွာရွိတဲ့ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာက်င္းပခဲ့တာပါ။
႐ုပ္ရွင္တစ္သက္တာထူးခၽြန္ဆုရရွိသူေတြဟာအသက္ ၈၀ နဲ႔အထက္ရွိသူေတြျဖစ္ၿပီး႐ုပ္ရွင္သက္ႏွစ္၅၀ ရွိရမွာျဖစ္ကာအႏုပညာေကာင္းသတင္းနဲ႔ေက်ာ္ၾကားသူ၊႐ုပ္ရွင္ေလာကနဲ႔အဆက္အသြယ္မျပတ္ရွိသူ၊ နိုင္ငံေတာ္အဆင့္ဂုဏ္ျပဳဆု(ဒါမွမဟုတ္)႐ုပ္ရွင္ထူးခၽြန္ဆုရရွိသူေတြထဲက
႐ုပ္ရွင္ေလာကသားေတြရဲ့ၾကည္ညိဳေလစားမွုေတြနဲ႔အတူအခုလိုခ်ီးျမႇင့္ေပးခဲ့တာျဖစ္တယ္လို့သိရပါတယ္။အကယ္ဒမီမ်ားရွင္ ဦးညႊန႔္ဝင္းကေတာ့အကယ္ဒမီဆုကို ၇ ဆု ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီးသူရဲ့ေမၽွာ္လင့္ခ်က္မွာ၈ ဆုေမၽွာ္မွန္းထားတာျဖစ္လို့ေနအိမ္ရဲ့ ေရႊစင္ဆုေတြေနရာထားရွိရာမွာ၈ေနရာ သတ္မွတ္ထားတယ္လို့သိရပါတယ္။
ေနာက္ဆုံးတစ္ဆုျဖစ္တဲ့အခုလိုတစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုမရရွိခင္ၿပီးခဲ့တဲ့ႏွစ္ကကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆိုကိုေတာ့မိသားစုဝင္ေတြအေနနဲ႔ကလည္းက်န္းမားေရအေျခအေနအရတက္ေရာက္နိုင္တာမရွိခဲ့တာေၾကာင့္
ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ကိုယ္စားလက္ခံရယူေပးခဲ့ရတာျဖစ္ပါတယ္။အခုေပးအပ္ခ်ီးျမႇင့္တဲ့ တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုကို ၂၀၁၉ ခုႏွစ္ကတည္းကေပးအပ္ခ်ီးျမႇင့္ဖို့ စီစဥ္ခဲ့တာျဖစ္ေပမယ့္ ကိုဗစ္ေရာဂါျဖစ္ပြားတာေတြေၾကာင့္အခုအခ်ိန္မွာေပးအပ္ခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို့သိရပါတယ္။
အရင္ကျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့ ႐ုပ္ရွင္တစ္သက္တာဆုကို ဒါရိုက္တာႀကီး ဦးတင္ယုကိုအမွတ္တရအျဖစ္ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၈ခုႏွစ္ကစတင္ေပးအပ္ခဲ့တဲ့ ၂၀၁၇ အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုကိုဘိုကေလးတင့္ေအာင္၊
၂၀၁၈ အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုကိုေဒၚျမင့္ျမင့္ခင္တို့ရရွိခဲ့တာျဖစ္ကာ ၂၀၁၉ ခုႏွစ္အတြက္ကိုေတာ့ ၂၀၂၂ ခုႏွစ္မွာနိုင္ငံေတာ္အေနနဲ႔ပထမဆုံးေပးအပ္ခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို့သိရပါတယ္။တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆုတစ္ဆုကို
ေရႊစင္ ၅ က်ပ္သားပါတဲ့ ၾကယ္နဲ႔ ေရႊစင္႐ုပ္ထုနဲ႔အတူသက္ရွိထင္ရွားရွိသူေတြအတြက္တစ္လကို ေငြက်ပ္ ၅ သိန္းခ်ီးျမႇင့္ေပးသြားမွာျဖစ္တယ္လို့သိရပါတယ္။
Zawgyi(version)
အကယ်ဒမီများရှင် ဦးညွန့်ဝင်းနှင့် အကယ်ဒမီဦးအောင်လွင် တို့အား တစ်သက်တာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်
၂၀၁၉ ခုနှစ်အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုအကယ်ဒမီများရှင်ဦးညွန့်ဝင်းနဲ့အကယ်ဒမီ ဦးအောင်လွင်တို့ရရှိခဲ့ပြီး
အဲဒီဆုကို ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီကဗဟန်းမြို့နယ်၊ဝင်္ကဘာလမ်းမှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာကျင်းပခဲ့တာပါ။
ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူတွေဟာအသက် ၈၀ နဲ့အထက်ရှိသူတွေဖြစ်ပြီးရုပ်ရှင်သက်နှစ်၅၀ ရှိရမှာဖြစ်ကာအနုပညာကောင်းသတင်းနဲ့ကျော်ကြားသူ၊ရုပ်ရှင်လောကနဲ့အဆက်အသွယ်မပြတ်ရှိသူ၊ နိုင်ငံတော်အဆင့်ဂုဏ်ပြုဆု(ဒါမှမဟုတ်)ရုပ်ရှင်ထူးချွန်ဆုရရှိသူတွေထဲက
ရုပ်ရှင်လောကသားတွေရဲ့ကြည်ညိုလေစားမှုတွေနဲ့အတူအခုလိုချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အကယ်ဒမီများရှင် ဦးညွှန့်ဝင်းကတော့အကယ်ဒမီဆုကို ၇ ဆု ပိုင်ဆိုင်ခဲ့သူဖြစ်ပြီးသူရဲ့မျှော်လင့်ချက်မှာ၈ ဆုမျှော်မှန်းထားတာဖြစ်လို့နေအိမ်ရဲ့ ရွှေစင်ဆုတွေနေရာထားရှိရာမှာ၈နေရာ သတ်မှတ်ထားတယ်လို့သိရပါတယ်။
နောက်ဆုံးတစ်ဆုဖြစ်တဲ့အခုလိုတစ်သက်တာရုပ်ရှင်ထူးချွန်ဆုမရရှိခင်ပြီးခဲ့တဲ့နှစ်ကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တစ်သက်တာရုပ်ရှင်ထူးချွန်ဆိုကိုတော့မိသားစုဝင်တွေအနေနဲ့ကလည်းကျန်းမားရေအခြေအနေအရတက်ရောက်နိုင်တာမရှိခဲ့တာကြောင့်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ကိုယ်စားလက်ခံရယူပေးခဲ့ရတာဖြစ်ပါတယ်။အခုပေးအပ်ချီးမြှင့်တဲ့ တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ၂၀၁၉ ခုနှစ်ကတည်းကပေးအပ်ချီးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ကိုဗစ်ရောဂါဖြစ်ပွားတာတွေကြောင့်အခုအချိန်မှာပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အရင်ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ပေးအပ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုကို ဒါရိုက်တာကြီး ဦးတင်ယုကိုအမှတ်တရအဖြစ်ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၁၈ခုနှစ်ကစတင်ပေးအပ်ခဲ့တဲ့ ၂၀၁၇ အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုဘိုကလေးတင့်အောင်၊
၂၀၁၈ အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုဒေါ်မြင့်မြင့်ခင်တို့ရရှိခဲ့တာဖြစ်ကာ ၂၀၁၉ ခုနှစ်အတွက်ကိုတော့ ၂၀၂၂ ခုနှစ်မှာနိုင်ငံတော်အနေနဲ့ပထမဆုံးပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တစ်သက်တာရုပ်ရှင်ထူးချွန်ဆုတစ်ဆုကို
ရွှေစင် ၅ ကျပ်သားပါတဲ့ ကြယ်နဲ့ ရွှေစင်ရုပ်ထုနဲ့အတူသက်ရှိထင်ရှားရှိသူတွေအတွက်တစ်လကို ငွေကျပ် ၅ သိန်းချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။