အသည်း၊ ကျောက်ကပ် အတွက်ကောင်းမွန်တဲ့အပြင် သင်္ဘောစေ့စားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သဘောင်္သီးကိုစားတဲ့အခါမှာ အစေ့ကိုအမြဲတမ်းလွှင့်ပစ်လေ့ရှိပါတယ်။ သင်္ဘောစေ့ရဲ့ အကျိုးကျေးဇူးတွေကို သိပြီးရင်တော့ လွှင့်ပစ်တော့မှာမဟုတ်ဘူးလို့ တွေးမိပါတယ်။

ဘာလို့လဲဆိုတော့ သင်္ဘောစေ့မှာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေလို့ပါပဲ။

သင်္ဘောစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

၁- ကင်ဆာ သင်္ဘောစေ့ဟာ ကင်ဆာတိုက်ဖျက်ရေးအတွက် အထူးကောင်မွန်တဲ့ ဆေးတစ်လက်ပါပဲ။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို

တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

၂- အသည်းကျန်းမာရေး သစ်သီးဖျော်ရည် (သို့)အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီးစားပေးတာဟာ သည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။

၃- ကျောက်ကပ်ကျန်းမာရေး သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်

၄- ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ သင်္ဘောစေ့မှာ ရောင်းရမ်းမှုကိုသက်သာစေတယ်ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ်နာကျင်ကို်က်ခဲတာ ၊ ရောင်ရမ်းတာ ၊ အရိုးအဆစ်တွေနာကျင်တာတွေကို သက်သာစေပါတယ်။

၅- ဘက်တီးရီးယားကိုတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့

ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန်တုပ်ကွေး အူရောင်ငန်းဖျား စတဲ့ရောဂါတွေအလွယ်တကူဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၆- အစာချေစနစ်ကို ကောင်းမွန်စေခြင်း သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ သဘောင်္စေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

သင်္ဘောစေ့ကိုဘယ်လိုစားမလဲ သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့ ၊ သစ်သီးဖျော်ရည် (သို့) အသုပ်တွေထဲမှာထည့်စားပါ။

ဘေးထွက်ဆိုးကျိုး နဲ့ သတိပေးချက်

ကိုယ်ဝန်ဆောင်မိခင်တွေရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်ပါတယ်။

အရွယ်ရောက်လာပေမဲ့ နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။ သင်္ဘောစေ့မစားခင်မှာ ဆရာဝန်တွေနဲ့ ပထမဆုံး တိုင်ပင်သင့်ပါတယ်။
credit

Leave a Reply

Your email address will not be published.