တချိန်က ကူညီပြီး ကျောင်းထားပေးခဲ့ဖူးတဲ့မောင်လေးက သီတင်းကျွတ်မှာ ရွှေဆွဲကြိုးကြီးနဲ့လာကန်တော့လို့ ပြောစရာစကားမရှိအောင် ဝမ်းနည်းဝမ်းသာဖြစ်သွားရတယ်ဆိုတဲ့ ဆုမြတ်နိုးဦး
Posted by
Zawgyi(version)
ဆုမြတ်နိုးဦးကတော့ ပရိသတ်တွေက မြတ်နိုးလို့ ချစ်စနိုးခဲ့ခေါ်ကြတဲ့ သရုပ်ဆောင် သရုပ်ဆောင်လည်းကောင်းပြီး ချစ်စရာလည်းကောင်းတာကြောင့် လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးဟာ စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ်ကိုလည်း ကူညီချင်စိတ်အပြည့်ရှိတာမို့ သူမအပေါ်ကိုလည်း ကံကောင်းမှုတွေအမြဲတမ်းကြုံတွေ့ရလေ့ရှိပြီး ဒီတစ်ခါမှာလည်း သူမကျောင်းထားပေးခဲ့ဖူးတဲ့ မောင်လေးရဲ့
သီတင်းကျွတ်ကန်တော့မှုကြောင့် ပြောမပြတတ်အောင် ခံစားခဲ့ရကြောင်း ပြောပြလာပါတယ်။ဆုမြတ်နိုးဦးက ဟိုအရင်သူ ၉တန်း ၁၀တန်းကျောင်းတက်တဲ့ချိန်ထဲက ကျောင်းထားပေး ဘော်ဒါတွေအပ်ပေးခဲ့ပြီး ခုအလုပ်တွေအဆင်ပြေတဲ့အချိန်ထိမောင်နှမအရင်းလိုဖြစ်နေခဲ့တဲ့ကလေး ..သူများတွေကိုဆိုးလဲ ကိုယ့်စကားဆိုအကုန်နားထောင်တဲ့ကလေး .. ခုသူအဆင်ပြေတဲ့အချိန်ကျသီတင်းကျွတ်အမကိုကန်တော့တာဆိုပြီး
လက်ဆောင်လေးနဲ့လာကန်တော့တယ်။ တချိန်ကျငါ့ကိုဘာပြန်လုပ်ပေးပါစေဆိုတဲ့စိတ်နဲ့ကူညီပေးခဲ့တာမဟုတ်ပေမဲ့ ခုလိုလာကန်တော့တဲ့အခါကျ ဘာပြောရမှန်းမသိ ဝမ်းသာ ဝမ်းနည်းရှေ့လျှောက်ပြီးလဲ မိဘကျေးဇူးဆပ်နိုင်ပြီး သူတပါးကျေးဇူးကိုသိတတ်သောသူဖြစ်ပါစေ။ ရောဂါကပ်ဘေးတွေကင်းဝေးပြီး လုပ်ကိုင်သမျှအရာရာအဆင်ပြေချောမွေ့ပါစေ။ ပျော်ရွှင်သာယာသောမိသားစုဘဝလေးပိုင်ဆိုင်ကြပါစေ။ဒါမဲ့နောက်ကျ
မကန်တော့နဲ့တော့အေ.. နာငယ်သေးတာကို ညည်းတို့ကန်တော့ တော့ အရမ်းအသက်ကြီးသွားပြီလို့ခံစားရသယ် ဆိုပြီး ပြောလာပါတယ်။ဆုမြတ်နိုးဦးကတော့ တချိန်ကျငါ့ကိုဘာပြန်လုပ်ပေးပါစေဆိုတဲ့စိတ်နဲ့ကူညီပေးခဲ့တာမဟုတ်ပေမဲ့ ခုလိုလာကန်တော့တဲ့အခါကျ ဘာပြောရမှန်းမသိ ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့ရတယ်ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။