အင်ဒိုနီးရှားနိုင်ငံထုတ် သက်တမ်းကုန် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်များ ပြည်တွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်၍ စားသုံးသူများ စစ်ဆေးပြီးမှ ဝယ်ယူစားသုံးရန် FDA Myanmar သတိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ Ethylene oxide သည် အစားအသောက်တွင်သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ကာ အဏုဇီဝပိုးကူးစက်ပျံ့နှံ့မှုအားတားဆီးရန် စိုက်ပျိုးရေး ထွက်ကုန်များကို မီးခိုးမှိုင်းတိုက်ရာ၌ အသုံးပြုလေ့ရှိကာ အစားအသောက်စက်ရုံများမှလည်း Ethylene oxide အား ဟင်းခတ်အမွှေးအကြိုင်များကို ပိုးသန့်စင်ရာ၌ အသုံးပြုလေ့ရှိသည်ဟု FDA Myanmar ၏အသိပေးထုတ်ပြန်ချက်အရ သိရသည်။
Zawgyi(version)
Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်များ သတိပြု ဝယ်ယူစားသုံးရန် FDA ထုတ်ပြန်
အင်ဒိုနီးရှားနိုင်ငံထုတ် သက်တမ်းကုန် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်များ ပြည်တွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်၍ စားသုံးသူမ်ား စစ်ဆေးပြီးမှ ဝယ်ယူစားသုံးရန် FDA Myanmar သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က စင်္ကာပူ Food Agency ရဲ့ ကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆)မျိုးအနက် သက်တမ်းကုန်ရက်စွဲရှိ အမျိုးအ မည်များတွင် Ethylene oxide သတ်မှတ်ပမာဏထက်ပိုမိုပါဝင်နေ၍ ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းလျက်ရှိတယ်လို့ သိရပါတယ်။
အစားအသောက်များတွင် Ethylene oxide ပါဝင်မှုအား Singapore နိုင်ငံတွင် Maximum residue limits (MRL) of ethylene oxide 50mg/kg (50ppm)ထက် ပိုမများစေရန်သတ်မှတ်ထားပြီး European Union တွင် Maximum residue limits(MRL) of ethylene oxide 0.1mg/kg ထက် ပိုမများစေရန်သတ်မှတ်ထားတာဖြစ်ပါတယ်။
စင်္ကာပူ Food Agency ကြေညာချက်တွင်ပါရှိသည့် သက်တမ်းကုန်ရက်စွဲရှိ အစားအသောက်များသည် မြန်မာနိုင်ငံအတွင်း တရားဝင်တင်သွင်းထားခြင်းမရှိသော်လည်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်၍ စားသုံးသူများအနေဖြင့်ဝယ်ယူစားသုံးရာတွင် သက်တမ်းကုန်ရက်စွဲအား တိုက်ဆိုင်စစ်ဆေးပြီး ဝယ်ယူစားသုံးကြရန် FDA Myanmar ကသတိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ Ethylene oxide သည် အစားအသောက်တွင်သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ကာ အဏုဇီဝပိုးကူးစက်ပျံ့နှံ့မှုအားတားဆီးရန် စိုက်ပျိုးရေး ထြက္ကုန္မ်ားကို မီးခိုးမှိုင်းတိုက်ရာ၌ အသုံးပြုလေ့ရှိကာ အစားအသောက်စက်ရုံများမှလည်း Ethylene oxide အား ဟင်းခတ်အမွှေးအကြိုင်များကို ပိုးသန့်စင်ရာ၌ အသုံးပြုလေ့ရှိသည်ဟု FDA Myanmar ၏အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ဒါကြောင့် ရောင်းချသူများအနေဖြင့်လည်း အဆိုပါသက်တမ်းကုန်ရက်စွဲရှိ အစားအသောက်များအား ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန် FDA Myanmar ကအသိပေးထုတ်ပြန်ထားပါတယ်။