
Posted by





Zawgyi(version)

ကိုယ်လုံးကိုယ်ပေါက်က မိန်းကလေးတွေထက်ပင် ပိုပြီးလှနေတာကြောင့် နာမည်ကြီးလာသော ကျောင်းအုပ်ဆရာကြီး

မက္ကဆီကိုနိုင်ငံမှ အသက်၂၄နှစ်အရွယ် လူငယ်တစ်ဦးသည် မူလတန်းစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ယူရကာ ဗလတောင့်တောင့်နဲ့ ရုပ်ရည်ချောမောမှုတို့ကြောင့် ကျောင်းသားမိခင်အတော်များများကြား ရေပန်းစားနေခဲ့သည်။

လူငယ်လေးသည် အားလပ်ရက်တွေမှာ Gymဆော့ပြီး လိုင်းပေါ်တွင်လည်း သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားလှပမှုတို့ကို မျှဝေခြင်းဖြင့် မြင်တွေ့သော မိန်းကလေးများကပင် သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက် ဖွဲ့စည်းပုံကို အားကျခဲ့ကြသည်။

လူငယ်လေးသည် လိုင်းပေါ်တွင် နာမည်ကြီးလာသည်နှင့်အမျှ ကြော်ငြာကုမ္ပဏီများကလည်း ဓာတ်ပုံမော်ဒယ်ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြပြီး ကျောင်းဆရာတစ်ယောက်အဖြစ်ရော မော်ဒယ်မင်းသားတစ်ယောက်အဖြစ်ပါ ရပ်တည်လျက်ရှိသည်။