စမတ်ဖုန်းကိုင်ဆောင်ရတဲ့သူတိုင်းအချိန်မရွေးကြုံတွေ့လာနိုင်တာကတော့ဖုန်း မှန်သားပြင်ကွဲသွားခြင်းပဲ ဖြစ်ပါတယ်။
စမတ်ဖုန်း တစ်လုံးရဲ့ တန်ဖိုးဟာနည်းပါးလွန်းတဲ့ ပမာဏ မဟုတ်တာကြောင့်အသစ် တစ်လုံးနဲ့ ချက်ချင်းလဲဖို့ဆိုတာလည်း
သိပ်တော့ မလွယ်ကူလှပါဘူး။
မိမိတို့ ပတ်ဝန်းကျင်မှာလည်း ဖုန်းမှန်ကွဲနေပေမယ့် ဆက်သုံးတဲ့ မိတ်ဆွေ တွေ ရှိပါလိမ့်မယ်။
သူတို့ကိုလည်း ဒီ ဆိုးကျိုး လေးတွေသိအောင် ဝေမျှ ပေးလိုက်ပါဦး။
ဖုန်းမှန်ကွဲ ရာကနေ စိစိညက်ညက်ကြေနိုင်။အက်ရာရှိနေတဲ့
ဖန်သားပြင် ဟာ ပြန်မကောင်းလာနိုင်တဲ့အပြင် ပိုဆိုးသွားဖို့ပဲရှိပါတယ်။
ဒီလိုမျိုး ပိုမို အက်ကွဲလာတဲ့ အချိန်မှာတော့ မသုံးသင့်ပါဘူး။
ဖန်သားစ တွေဟာ အရေပြား နဲ့ပွတ်ရှ မိရင် သွေးထွက်နိုင်ပါတယ်။ ဒါက ပဏာမ အခြေအနေပါ။
ဖုန်း ကပိုမို ပျက်စီးလာနိုင်။-ဖုန်း ရဲ့ အပေါ်ယံ မျက်နှာပြင်ကို် ဖုံးအုပ်ပေးတဲ့ ဖန်သား ကွဲနေတာမို့လို့ ဖန်သား ပျက်စီးတာနဲ့
ဖုန်း အထဲက လုပ်ဆောင် ပေးနေတဲ့ app တွေကိုပါ ထိခိုက်လာ နိုင်စေပါတယ်။
ဖုန်း ထဲကို ပြင်ပ အညစ်အကြေးများ ဝင်ရောက်။
ဖုန်း က ကွဲနေတော့ ရေ သဲ ဖုန် မိတ်ကပ် အစရှိတဲ့ အညစ်အကြေးနဲ့
ဖုန်းကို ပျက်စီးစေနိုင်တဲ့ အရာတွေ ဝင်ရောက်နိုင်ပါတယ်။
ဖုန်း ထဲက ရေဒီယို သတ္တိကြွ လှိုင်းတွေ လူကိုကူးစက်။
ဖုန်း ထဲက ရေဒီယို လှိုင်းတွေကြောင့် စကားပြောလို့ ရတာဖြစ်ပါတယ်။
ဖုန်းမှန်ကွဲခြင်း ဟာဒီလှိုင်းတွေကို အပြင်ကို ပိုမို ပျံ့လွင့်စေတာကြောင့် နားကို ထိခိုက်စေ ပါတယ်။
မှန်ကွဲနေတဲ့ ဖုန်းနဲ့ ဂိမ်းဆော့ရင်လည်း မျက်စိကို ဒုက္ခ ရောက်စေ ပါလိမ့်မယ်။ Credit