ခါးအောက်ပိုင်း သေနေသူကို ပြန်ကောင်းစေခဲ့သည့် ဆေ းနည်

နွားကျင်ပုပ် စိမ်ဆေး
ကြဇုဆေးကိုကျေးဇူးတင်လှ၍နွားကိုရှစ်ခိုးသူ ကြဇုခေတ်ထဆဲ အချိန်တွင်မိမိ၏ အကိုဝမ်းကွဲ တစ် ယောက်သည် နွားကြီးတစ်ကောင်ကိုရှိခိုးလေရာ ဘာကြောင့် ရှိခိုးသလဲဟုမေးသောအခါ
သူ့မှာ ခါးအောက်ပိုင်း သေသောရောဂါရနေရာ မည်သည့်ဆေးကိုမှစားလို့ မရ

နောက်ဆုံးကြဇုသီးကိုနွားကျင်ငယ်နှင့်စိမ် အခြောက်လှန်း အမှုန့်ပြုပြီး စားသုံးလိုက်သည်တွင် ၃ နှစ်အတွင်း ရောဂါပျောက်ကင်းခဲ့ပါသည်

မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်လာပါသည်သိုအတွက် ကျေးဇူးတင်လှသဖြင့်နွားကြီးကိုကောင်းစွာရိတ်ထားသော မြက်တစ်ထမ်းဖြင့် ရှိခိုးပါကြောင်းနှင့် ပြောပြဖူးပါသည်နွာကျင်ငယ်ရေကို ပဓာန ထားဟန်တူပါသည်။

နွားကျင်ပုပ် စိမ်ဆေး
နွားကျင်ငယ်ရေနှင့် ဖန်ခါးသီးခေါ် ကြဇုသီးကို ရနှစ်ရက်စိမ်ပြီး ရေစင်စင်ဆေးပြီး နေခြောက်အောင်လှမ်းပါ
ခြောက်သွာလျင် သံဆုံ သို့မဟုတ် ကျောက်ငရုပ်ဆုံဖြင့်အမှုန့်ပြုပြီး ရတု ၆ပါး အတိုင်းစားပါ ။

ကြဇုသီးစားသုံး နည်းကိုကျွန်တော်ရေးပြီးသွားပါပြီဒီလောက်ပါပဲ ဖန်ခါးသီးခေါ် ကြဇုသီးစားသုံးနည်း

၁-ဝါဆိုလပြည့်ျကျာ်၁ရက်မှတော်သလင်းလပြည့်နေထိ ဝဿာန ရတုအခါ ၌ ကြဇုသီးကို သိန္နောဆားနှင့် စားသုံးရာ၏
၂-တော်သလင်းလပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေထိ သရဒ ရတု၌သကြားနှင့်ရောစားရာ၍စားသုံးရာ၏

၃-တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ပြာသိုလပြည့်နေ့ထိ ဟေမန္တ ရတု၌ ကြဇုသီးကို ချင်းခြောက်ခေါ် ဂျင်းနှင့်ရော၍စားသုံးရာ၏

၄-ပြာသိုလပြည့်ကျော်၁ရက်မနေ့မှ တပေါင်းလပြည့်နေ့ထိ သိသိရ ရတု၌ကြဇုသီးကို ပိတ်ချင်းသီးနှင့်ရော၍စားသုံးရာ၏

၅-တပေါင်းလပြည့်ကျော်၁ရက်နေ့မှ ကဆုန်လပြည့်နေ့ထိ ဝသန္တ ရတု၌ ကြဇုသီးကို ပျားရည်နှင့်ရော၍စားသုံးရာ၏

၆-ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့ထိဂိမှ ရတု၌ ကြဇုသီးကို တင်လဲ ခေါ် ထန်းလျက်နှင့် ရော၍စားသုံးရာ၏။
credit

Leave a Reply

Your email address will not be published.