ရေနစ်နေတဲ့ခွေးလေးကိုကယ်ဖို့ ကိုယ့်ရဲ့အသက်ကိုစွန့်စားခဲ့တာကြောင့် ပညာသင်ဆုအပြင် အခြားသောဆုများကိုပါ ပေးအပ်ခံခဲ့ရတဲ့ ကောင်လေး

မြစ်ထဲမှာ ရေနစ်နေခဲ့တဲ့ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ရန် သူ့အသက်ကိုစွန့်စားစေခဲ့တဲ့ Angelo Diolata Flores အမည်ရှိ ဆယ်ကျော်သက်ကောင်လေးတစ်ဦးရဲ့ ဗီဒီယို ကို မကြာသေးခင်က Margole Miko Ilagan အမည်ရှိအမျိုးသားက မျှဝေပေးခဲ့ပါတယ်။

Angelo ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကြောင့် သူ့ကို netizen များစွာက ချီးကျူးခဲ့ကြပြီး အထင်ကြီးလေးစားခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ Angelo ဟာ ကြမ်းပြင်ရဲ့ဘေးတစ်ဖက်တစ်ချက်ကနေ အန္တရာယ်များလှတဲ့ ခွေးလေးဆီသို့ လျင်မြန်စွာ ရွေ့လျားသွားနေတာကို တွေ့ခဲ့ရပါတယ်။

သူ့အတွက် အသေအချာကိုင်ဆွဲထားစရာဘာမျှမရှိတဲ့အပြင် ၎င်းက ခက်ခဲတဲ့လုပ်ရပ်ဖြစ်နေပေမဲ့လည်း Angelo ဟာ ၎င်းကို စိတ်ထဲမထားနေခဲ့ပါဘူး။

သူ့အား ဗီဒီယိုရိုက်ကူးနေကြတဲ့လူများက Angelo ကို အားပေးစကားများအပြင် ထိုခွေးလေးက ကြောက်ရမ်းရမ်းနဲ့သူ့ကို ပြန်ကိုက်နိုင်တာကြောင့် အထူးသတိထားဖို့အတွက် အော်ဟစ်သတိပေးနေခဲ့ကြပါတယ်။

သို့ပေမယ့် ခွေးလေးက ဒီလူက ၎င်းရဲ့အသက်ကို ကယ်တင်ပေးဖို့လုပ်နေတယ်ဆိုတာကို သတိထားမိပုံရတာကြောင့် ခွေးလေးဟာ ငြိမ်သက်တိတ်ဆိတ်စွာ နေနေခဲ့ပါတယ်။

ထို့အပြင် Angelo က ခွေးလေးကို မြစ်ထဲကနေဆွဲထုတ်ဖို့ကြိုးစားရန် အခြားစိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ပါတယ်။

ထို့နောက် Angelo ဟာ သူ့ရဲ့ဟန်ချက်ကို ထိန်းဖို့အတွက် မြစ်ကမ်းရဲ့တစ်ဖက်ခြမ်းမှာ ချည်ထားတဲ့ဝါယာကြိုးတစ်ခုကို အမိအရ ဖမ်းယူအသုံးပြုခဲ့ရပြီးနောက် ထိုခွေးလေးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

သူရဲကောင်းဆန်လွန်းတဲ့လုပ်ရပ်အတွက် Angelo အား Animal Kingdom Foundation က Young Hero အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရတဲ့အပြင် Animal Kingdom Foundation မှ သူ့အား အထက်တန်းကျောင်းပညာသင်ဆု ၊စမတ်ဖုန်း နှင့် အခြားသော လိုအပ်တဲ့ကုန်ခြောက်ပစ္စည်းများစွာကိုပါ ပေးအပ်ချီးမြင့်ပေးခဲ့ပါတယ်။
credit

Leave a Reply

Your email address will not be published.