ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်မှာ ရှေးနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ ထန်းပင်ကြီး ဇက်ကျိုးကျတဲ့ နိမိတ်အကြောင်း မူရင်းရေးသားသူ တင်ထားတာကို ဖော်ပြလိုက်ပါတယ်-
“ကျိုက်ထီးရိုးဘုရား မိုးကြိုးပစ်ခံရပြီးနောက် ထပ်မံထူးခြားလက္ခဏာ ၊ ရွှေတိဂုံဘုရားက သက်တမ်းနှစ်ရာကျော်ရှိတဲ့ ထန်းပင်ကြီး သူ့အလိုလို ဇက်ကျိုးကျ၊ ရှေးရိုးယုံကြည်မှုအရ ဒါဟာ နိုင်ငံအုပ်ချုပ်တဲ့အစိုးရအတွက် ပျက်စီးမယ့်နိမိတ်၊ နေပြည်တော်ပျက်ကိန်းလို့ပြော ရက်စက်ယုတ်မာတဲ့၊ စစ်အုပ်စု ေ-ကျေပျက်စီးရကိန်း ဘုရားစောင့်နတ်တွေ ၊ အတိတ်စိမ်းပြကုန်ပြီ။
တကယ်၊ နေပြည်တော်ပျက်ကိန်းတဲ့။ အတက်မထွက်နိုင်တဲ့ ထန်းပင်ဇက်ကျိုးတဲ့အတိတ်က ၊ ပျက်ကိုပျက်မှာဆိုတဲ့နိမိတ်တဲ့ ကြောက်စရာကြီး။” (Buddhawyhara Siradoor)
အတိတ်နိမိတ်တွေကတော့ ဆက်တိုက်ဆိုသလို ပြသနေတာ ဖြစ်ပါတယ်။ လာမယ့် သောကြာနေ့မှာလည်း လကို သောကြာဂြိုလ်က တိုက်ရိုက် ဖောက်သွားမယ့် ဖြစ်စဉ်လည်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက “လ ကို ကြယ်ဖောက် ဂျပန်ရောက်” ဆိုတဲ့ တဘောင် ပေါ်ပြီး မကြာခင် ဂျပန်တပ်တွေ မြန်မာပြည်ထဲ ရောက်ရှိ လာခဲ့ပါတယ်။
အခုလည်း သက်တမ်း နှစ် ၂၀၀ ကျော်တဲ့ ထန်းပင်ကြီး ဇက်ကျိုးသွားတယ်ဆိုတဲ့ နိမိတ်ဟာ ကြာရှည်စွာ တည်တံ့ခိုင်မြဲလာမယ့် အဖွဲ့အစည်းတခု ပြိုလဲမည့်အကြောင်း၊ အထက်ထန်းပင်ပေါ်က ဆိုတဲ့ ဗန်းစကားအတိုင်း အထက်မှာ ထိုင်နေတဲ့ လူကြီးတွေ ထန်းပင်ကြီးကျိုးသလို ရုတ်တရက် ကျိုးကျသွားမှာ ဖြစ်ကြောင်း အယူတော်မင်္ဂလာ ဦးနိုးရဲ့ အတိတ်ကောက်ကျမ်းကို လေ့လာနေတဲ့ ပညာရှင်တဦးက မှတ်ချက်ပြုပါတယ်။
လကို အနီရောင် လွှမ်းခြင်း၊ လကို ကြယ်ဖောက်ခြင်း၊ ရွှေတိဂုံဘုရားပေါ်က ထန်းပင်ကျိုးကျခြင်း စတဲ့ အတိတ်နိမိတ်တွေကြောင့် “ကံမခိုင် သံတိုင်အိမ်ဆောက်ပေမယ့် ကံမှောက်ရင် ကျိုး” ဆိုတဲ့ စကားပုံလို ယတြာချေလည်း မပျက်နိုင်တဲ့ တကယ့်ဇောက်ထိုးကျ ကိန်းတွေ ဖြစ်ကြောင်း ပညာရှင်က ဆက်လက် ပြောကြားပါတယ်။
အတိတ်တဘောင်နဲ့ အညီ နိမိတ်ဆောင်ခဲ့ပြီဆိုတဲ့ စကားအတိုင်း သေချာပေါက် တကယ်ဖြစ်လာပြီး တလိမ့်ခေါက်ကွေး ဇောက်ထိုးကျသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Crd
zawgyi
ေ႐ႊတိဂုံေစတီေတာ္ႀကီးရဲ႕ ရင္ျပင္မွာ ေရွးႏွစ္ေပါင္း ၂၀၀ ေက်ာ္ကတည္းက ရွိခဲ့တဲ့ ထန္းပင္ႀကီး ဇက္က်ိဳးက်တဲ့ နိမိတ္အေၾကာင္း မူရင္းေရးသားသူ တင္ထားတာကို ေဖာ္ျပလိုက္ပါတယ္-
က်ိဳက္ထီးရိုးဘုရား မိုးႀကိဳးပစ္ခံရၿပီးေနာက္ ထပ္မံထူးျခားလကၡဏာ ၊ ေ႐ႊတိဂုံဘုရားက သက္တမ္းႏွစ္ရာေက်ာ္ရွိတဲ့ ထန္းပင္ႀကီး သူ႕အလိုလို ဇက္က်ိဳးက်၊ ေရွးရိုးယုံၾကည္မႈအရ ဒါဟာ နိုင္ငံအုပ္ခ်ဳပ္တဲ့အစိုးရအတြက္ ပ်က္စီးမယ့္နိမိတ္၊ ေနျပည္ေတာ္ပ်က္ကိန္းလို႔ေျပာ ရက္စက္ယုတ္မာတဲ့၊ စစ္အုပ္စု ေ-ေက်ပ်က္စီးရကိန္း ဘုရားေစာင့္နတ္ေတြ ၊ အတိတ္စိမ္းျပကုန္ၿပီ။
တကယ္၊ ေနျပည္ေတာ္ပ်က္ကိန္းတဲ့။ အတက္မထြက္နိုင္တဲ့ ထန္းပင္ဇက္က်ိဳးတဲ့အတိတ္က ၊ ပ်က္ကိုပ်က္မွာဆိုတဲ့နိမိတ္တဲ့ ေၾကာက္စရာႀကီး။ (Buddhawyhara Siradoor)
အတိတ္နိမိတ္ေတြကေတာ့ ဆက္တိုက္ဆိုသလို ျပသေနတာ ျဖစ္ပါတယ္။ လာမယ့္ ေသာၾကာေန႕မွာလည္း လကို ေသာၾကာၿဂိဳလ္က တိုက္ရိုက္ ေဖာက္သြားမယ့္ ျဖစ္စဥ္လည္း ျဖစ္ေပၚမွာ ျဖစ္ပါတယ္။ ဒုတိယကမၻာစစ္တုန္းက လ ကို ၾကယ္ေဖာက္ ဂ်ပန္ေရာက္ ဆိုတဲ့ တေဘာင္ ေပၚၿပီး မၾကာခင္ ဂ်ပန္တပ္ေတြ ျမန္မာျပည္ထဲ ေရာက္ရွိ လာခဲ့ပါတယ္။
အခုလည္း သက္တမ္း ႏွစ္ ၂၀၀ ေက်ာ္တဲ့ ထန္းပင္ႀကီး ဇက္က်ိဳးသြားတယ္ဆိုတဲ့ နိမိတ္ဟာ ၾကာရွည္စြာ တည္တံ့ခိုင္ၿမဲလာမယ့္ အဖြဲ႕အစည္းတခု ၿပိဳလဲမည့္အေၾကာင္း၊ အထက္ထန္းပင္ေပၚက ဆိုတဲ့ ဗန္းစကားအတိုင္း အထက္မွာ ထိုင္ေနတဲ့ လူႀကီးေတြ ထန္းပင္ႀကီးက်ိဳးသလို ႐ုတ္တရက္ က်ိဳးက်သြားမွာ ျဖစ္ေၾကာင္း အယူေတာ္မဂၤလာ ဦးနိုးရဲ႕ အတိတ္ေကာက္က်မ္းကို ေလ့လာေနတဲ့ ပညာရွင္တဦးက မွတ္ခ်က္ျပဳပါတယ္။
လကို အနီေရာင္ လႊမ္းျခင္း၊ လကို ၾကယ္ေဖာက္ျခင္း၊ ေ႐ႊတိဂုံဘုရားေပၚက ထန္းပင္က်ိဳးက်ျခင္း စတဲ့ အတိတ္နိမိတ္ေတြေၾကာင့္ ကံမခိုင္ သံတိုင္အိမ္ေဆာက္ေပမယ့္ ကံေမွာက္ရင္ က်ိဳး ဆိုတဲ့ စကားပုံလို ယၾတာေခ်လည္း မပ်က္နိုင္တဲ့ တကယ့္ေဇာက္ထိုးက် ကိန္းေတြ ျဖစ္ေၾကာင္း ပညာရွင္က ဆက္လက္ ေျပာၾကားပါတယ္။
အတိတ္တေဘာင္နဲ႕ အညီ နိမိတ္ေဆာင္ခဲ့ၿပီဆိုတဲ့ စကားအတိုင္း ေသခ်ာေပါက္ တကယ္ျဖစ္လာၿပီး တလိမ့္ေခါက္ေကြး ေဇာက္ထိုးက်သြားမလား ဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။
Crd