အမှိုက်ကောက်သမားဘဝမှ မြေပိုင်ရှင် သူဌေးကြီးဖြစ်လာသူ တစ်ယောက်အကြောင်း

Posted by

မောင်ထွန်းနိုင် ပို၍ အလုပ် လုပ်ရသည်။နှစ်နှစ်အတွင်း အကြွေးကျေ ခဲ့သည်။ မကျေလျှင်လည်း မြေပါဆုံးတော့ မည်ဖြစ်သည်။ ထိုသို့ဖြင့် မောင်ထွန်းနိုင် အသက် ၁၅ နှစ်အရွယ်ခန့်တွင် မြေကွက် တစ္ခု ပိုင်ဆိုင်သောသူ ဖြစ်လာခဲ့သည်။

ထို့နောက် ယင်းအလုပ်လုပ်ကိုင်ရာတွင် အမြဲအတူတူရှိခဲ့သော စက္ဘီးကေလးကို လည်း အငွားမွ အပိုင်ဝယ်နိုင်ခဲ့ပြီဖြစ်သည်။တစ်နေ့ တစ်လံနှင့် ကိုယ်သည်သာ ကံဇာတ္ဆရာ၊ ထို့နောက်မန္တလေးမြို့ပုံနှိပ် စက်များရှိသတင်းစာအဟောင်းများ၊ စက္ကူ ဖြတ်စများ လိုက်လံဝယ်ယူ၍ ဒိုင်များကို ပြန်သွင်းကာ ပိုက်ဆံစုခဲ့သည်။

မကြာမီ တစ်နှစ်အတွင်း တစ်သိန်းနှစ်သောင်းတန် ကြေးရှိသော မြေတစ်ကွက်ကို စုဆောင်း ငွေထဲမှ ထပ်မံဝယ်ယူလိုက်ပြန်သည်။ထိုသို့ စုဆောင်း ရင်း မြေ ဝယ်ရင်းဖြင့် ၁၉၉၇ ခုနှစ်အရောက်တွင် မြေဈေးများ တက် လာသည်တွင် ယင်းအနေဖြင့် မြေများ ၆ ကွက်အထိ ပိုင်ဆိုင်နေပြီး မြေကွက်အ ရောင်းအဝယ်များ စတင် လုပ်ကိုင် ခဲ့သည်။

ဘာသာတရားကိုင်းရှိုင်း၍ ငယ်စဉ် ဘဝကပင် အလှူရက်ရောသော ဦးထွန်း နိုင်သည် ယင်းအသက် ၂ဝ ခန့်အရွယ်မှစ၍ ဘုရားမ်ား ပြုပြင်ခြင်း၊ ဘုရားမ်ား တည် ခြင်း မ်ားကို ပြုလုပ်ခဲ့သည်မှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ၊ယင်းအသက် ၄၂ နှစ်အရွယ်တွင် ဘုရား အဆူပေါင်း ၁ဝ၁ ဆူတိတိ ပြုပြင် ခြင်း၊ ဘုရားအသစ် များတည်ခြင်းတို့ ကို ပြုလုပ် လှူဒါန်းခဲ့သည်။ကျွန်တော်အမြဲ လှူဒါန်းချင်တယ်။

ဘုရားတွေလည်းတည်တယ်။ပြိုပျက်နေ တာ တွေတွေ့ရင်လည်း ပြန်ပြင်ပါတယ်။ ကျွန်တော့် စိတ်ထဲ အဲ့ဒီလို ဘုရားတည် နေရင် ကျွန်တော့် စီးပွားရေးလည်း တက် တယ်လို့ထင်တယ် ဟု ဦးထွန်းနိုင်က သူ့ယုံကြည်မှုကို ဖွင့်ဟသည်။

အတန်းပညာ မေနခဲ့ရ၍ ငယ်စဉ်က တည်းက လူမ်ား၏ လိမ်လည်လှည့်ဖျား ခြင်းကို မကြာခဏ ခံရသော်လည်း ယင်း၏ ကျွမ်းကျင်ရာ နယ်ပယ်ဖြစ်သော မြေ ရောင်းဝယ်ရေးတွင် ယှဉ်နိုင်ရန်ခဲယှဉ်းမည် ဖြစ်သည်။

ယခုဆိုလျှင် မန္တလေး အနီးအ နားနှင့် စစ်ကိုင်း တွင် မြေဧက ရာနှင့်ချီ ပိုင်ဆိုင်နေပြီး မန္တလေးမြို့တွင် အလုပ် သမား ၅ဝ ခန့်ရှိသော အထင်ကရ အိမ် ခြံမြေကုမ္ပဏီကြီးတစ်ခုကို အုပ်ချုပ်စီမံနေ သည်။

မိခင်ဖြစ်သူနှင့် ညီအစ် ကို မောင်နှမ များကိုလည်း ကောင်းမွန်စွာထားနိုင်သော အနေအထားထိရောက်ခဲ့ရသည်။သို့သော် လည်း တစ်ခါတစ်ခါ ဒီပိုင်ဆိုင်မှုတွေနဲ့ နေရတာကို စိတ်ပျက်မိတယ်။

အရင် တုန်း ကလို ဈေးချိုနားမှာဂုံနီအိတ်တွေနဲ့ ခြုံပြီး အိပ်ရတဲ့ ဘဝကတောင် ပိုကောင်းဦးမယ် လို့ တွေးမိတယ် ဟု စိတ်ပျက်လက်ပျက် ညည်းညူသည်ငယ်ဘဝ အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသည်ကို ကိုယ်ချင်းစာ၍လားပင်မသိ။

ယင်း၏ ခြံထဲတွင် အလုပ်သမားများကို ဘန်ဂလိုလေးများ ဆောက်၍ နေထိုင်ခွင့် ပေးထားသည့်အပြင် အလုပ်သမား မ်ား ပင်ပန်းပါက အနားယူနိုင်ရန် ကာရာအို ကေခန်းများပင် ထည့်သွင်း တည်ဆောက် ပေးလိုက်သေးသည်။အတိတ်သည်ဖက်တွယ် တမ်းတစရာ တော့ မဟုတ်။

သို့သော် ဘဝမမေ့အောက် ခြေ မလွတ်ခြင်းကလည်း တိုးတက်ကြီးပွား ခြင်း၏ အကြောင်းရင်း တစ်ချက်ဖြစ်ပါ မည်။ငါ ဘာလုပ်ခဲ့သည် ဆိုခြင်းကို ပြန် တွေး၍ တစိမ့်စိမ့်အရသာခံရန် မဟုတ် သော်လည်း မိမိဘဝကို အကျိုးပြုခဲ့သည် တို့ကို ကတညုတ ကတေဝဒီ ဟူသော မင်္ဂ လာ တရားတော်နှင့် အညီအထူးတလည် တန်ဖိုးထားခြင်းကကောင်းသော အကျင့် ဖြစ်ပါသည်။

ဤသည်ကပင် ဦးထွန်းနိုင် အောင်မြင်ခဲ့ခြင်း၏ လျှို့ဝှက်ချက် လည်း ဖြစ်နိုင်ပါသည်။အဘယ့်ကြောင့် ဆိုသော် ဦးထွန်းနိုင် နှင့်အတူအလုပ်များ စတင်လုပ်ကိုင်စဉ် ကတည်းက အတူတူရှိခဲ့သော စက္ဘီး ကေလးမွာ ဦးထွန်းနိုင်၏ ကြီးမားလှသော ဘုရားခန်း အတွင်း နေရာ ယူထား သည်မှာထိုအချက်ကို ဖော်ပြနေသယောင်ပင် မဟုတ်ပါလား။credit