ကြာကြာအိပ်နိုင်ရင် ဆုငွေဘတ်တစ်သောင်းတန်ရယူနိုင်တဲ့ Lazy Olympics ပြိုင်ပွဲကို ကျင်းပနေတဲ့နိုင်ငံ

Posted by

Lazy Olympics ပြိုင်ပွဲဟာ သင်တစ်နေ့လုံးအိပ်ရာထဲမှာ လှဲနေပြီး ဘာမှမလုပ်ဘဲ သင်အနိုင်ရခဲ့လျှင် ဘတ်တစ်သောင်းတန်ဆုကို ရယူနိုင်ပါတယ် ။

“Lazy Olympics (Lazy Olympics)” ပြိုင်ပွဲအတွက် သက်ကြီးရွယ်အိုမရွေး လူတိုင်းပါဝင်ယှဥ်ပြိုင်နိုင်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သင်က လေ့ကျင့်ရန် သို့မဟုတ် အားကစားကျွမ်းကျင်ရန် မလိုအပ်ပါ ။

မထဘဲ တစ်နေ့လုံးအိပ်ရာပေါ်မှာ သေချာအိပ်နိုင်တယ်ဆိုရင်ဖြင့် သင်က အနိုင်ရသူဖြစ်ဖို့အခွင့်အရေးရှိပါတယ် ။

၎င်းပြိုင်ပွဲကို ၂၀၁၁ ခုနှစ်မှာ မွန်တီနီဂရိုးနိုင်ငံရှိ ရွာလေးတစ်ရွာက ပထမဆုံးကျင်းပခဲ့တာပါ ။ ၎င်းနိုင်ငံကို မူလက “ ပျင်းရိသောနိုင်ငံ” အဖြစ်ရှုမြင်ခံရပြီး တစ်ခုခုလုပ်ရန်ထက် အိပ်ရာထဲမှာ လှဲနေတတ်ပါတယ် ။

ထို့ကြောင့် ပွဲစီစဉ်သူများက ထိုကဲ့သို့ယုံကြည်ချက်များဖြင့် အိပ်စက်ခြင်းပြိုင်ပွဲကို စီစဉ်ခဲ့တာပါ ။ ၎င်းဟာ ပြိုင်ပွဲကို အထပ်ထပ်ကျင်းပသည်အထိ အလွန်ကောင်းတဲ့ တုံ့ပြန်မှုကိုရရှိခဲ့ပါတယ် ။

၎င်းဟာ ရိုးရှင်းတယ်လို့ ထင်ရသော်လည်း ၎င်းက အတော်လေးစိန်ခေါ်နိုင်ပါတယ် ။ စည်းကမ်းချက်များမှာ ပြိုင်ပွဲဝင်များက သူတို့ရဲ့ဖျာ (သို့) မွေ့ယာပေါ်မှာ အိပ်ရန်ဖြစ်ပါတယ် ။

သူတို့က စားနိုင်တယ်၊ သောက်နိုင်တယ်၊ စကားပြောနိုင်တယ်၊ ဖုန်းသုံးနိုင်တယ်၊ ဒါပေမယ့် ဒါတွေကို သူတို့ကသူတို့ဘာသာ သူတို့လုပ်ရပါမယ် ။

အိမ်သာသွားခြင်းအပါအဝင် မည်သည့်အခြေအနေတွင်မဆို ပြိုင်ပွဲအတွင်း သင့်ကို အပြင်ထွက်ခွင့်မပြုပါ ။ တစ်ဦးတစ်ယောက်က အကြာဆုံးနေနိုင်ခဲ့ရင် ဆုငွေဒေါ်လာ ၃၅၀ ရရှိလိမ့်မှာဖြစ်ပါတယ် ။

ယခုနှစ်မှာ နောက်ဆုံးပြိုင်ပွဲကို သြဂုတ် ၂၄ ရက်မှာ ကျင်းပခဲ့ပါတယ် ။ သို့သော်လည်း ကူးစက်ရောဂါအခြေအနေကြောင့် ယခုနှစ်အတွက် နေရာကို လေဝင်လေထွက်ကောင်းရန်အတွက် အပြင်ဘက်မှာ ကျင်းပခဲ့ပါတယ် ။ အခြေအနေအရ ပြိုင်ပွဲဝင်သူ ဦးရေလျော့ကျသွားပါတယ် ။
credit
zawgyi








credit