ရာသီဥတုပူပြင်းခြင်း၊အေးလွန်းခြင်းနှင့်ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ကွဲခြင်းတို့ဖြစ် တတ်ကြပါသည်။အကျိုးဆက်က ဖိနပ်လည်းမစီးနိုင် သလို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ချေ။
အိမ်တွင်းသုံးကုထုံးနည်းလေးဖြင့် ယုံယုံကြည်ကြည်စမ်း သပ်ကြည့်ပါ အံ့ဖွယ်သက်သာပျောက်ကင်းစေပါသည်။
နည်းလမ်းလေးမှာ
ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကိုသန့်စင်အောင်ဆေးပြီး
မန်ကျည်းမှည့်အနှစ ်အနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖဝါးကွဲဒဏ်ရာအားသုတ်လိ
မ်းပေးပါ။ သက်သာပျောက် ကင်းသွားပါလိမ့်မည်။ (ဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်းလေးဖြစ်ပါသည်။)
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ
ရဲမျိုးသူ(ဗောဓိမြိုင်)
ဆောင်းတွင်းမှာ ခြေဖနောင့်ကွဲခြင်းကို ကာကွယ် ကုသရန်
နိုဝင်ဘာလကုန်ရင် ခရစ္စမတ်ရာသီထဲလည်း ဝင်တော့မယ်။ ဆောင်းရာသီလို ရာသီဥတု အေးတဲ့အချိန်မှာ
အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။ဖနောင့်ကွဲတဲ့အခါ နာကျင်မှုဝေဒနာကို
ခံစားရတဲ့အပြင် အသားမာကြီးတက်ပြီး ခြေထောက်အလှကို ပျက်ဆီးစေနိုင်ပါတယ်။မိန်းကလေးတွေဆို
တစ်ကိုယ်လုံးလန်းအောင် ဘယ်လောက်ပြင်ထား၊ ပြင်ထား ခြေညှပ်ဖိနပ် စီးမိတဲ့နေ့မှာ ခြေဖနောင့်က
အက်ကွဲနေရင် အလှပျက်ပါတယ်။
ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ ဖနောင့်ကွဲခြင်းကို ကုစားနိုင်တဲ့ သဘာဝကုထုံးလေး တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆင့် (၁)- ရေနွေးကုထုံး
အရင်ဆုံး ကြက်သီးနွေးရုံလောက် ရေနွေးတစ်အိုးရယ်၊ မုန့်ဖုတ်ရာမှာ သုံးတဲ့ မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းရယ်၊
ချေးတွန်းကျောက်လို့ လူသိများကြတဲ့ ရေမြှုပ်ကျောက်ရယ်၊ ဆား (၂) ဇွန်းရယ် လိုအပ်ပါတယ်။ကြွေဇလုံ
(သို့) စတီးလ်ဇလုံ ထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးကိုထည့်လိုက်ပါ။ရေနွေးထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့
ဆားနည်းနည်း ရောလိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။သမသွားပြီဆိုရင် ခြေထောက်ကို ရေ
ထဲမှာနှစ်ပြီး (၁၅) မိနစ်လောက် စိမ်ပေးလိုက်ပါ။
(၁၅) မိနစ်ကြာအောင် စိမ်ပြီးရင် ခြေထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့ အရေ
ပြားဆဲလ်သေလွှာတွေ ကွာကျသွားအောင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။
အဆင့် (၂)- ချေးချွတ်ခြင်း
ဆဲလ်သေတွေကို ဖယ်ရှားပြီးပြီဆိုရင်တော့ ချေးချွတ်လို့ရပါပြီ။ချေးချွတ်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆီ (၂) ဇွန်း နဲ့ သကြားအနည်းငယ်ဖြစ်ပါတယ်။အရင်ဆုံး ကြွေဇလုံတစ်လုံးထဲမှာ ဆီ (၂) ဇွန်းနဲ့ သကြား
(၁) ဇွန်းကို ထည့်လိုက်ပါ။သမအောင်မွှေပြီးရင်တော့ သဘာဝချေးချွတ်ဆေး (scrub) လေးက
အဆင်သင့်ဖြစ်သွားပါပြီ။အဲဒီ ချေးချွတ်ဆေး (scrub) လေးနဲ့ ခြေထောက်နဲ့ဖနောင့်ကို (၅) မိ
နစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။
ပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။
အဆင့် (၃)- အစိုဓာတ်ထိန်းသိမ်းခြင်း
ချေးချွတ်ပြီးပြီဆိုရင်တော့ အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း (moisturizer) သုံးဖို့လိုအပ်လာပါပြီ။
မိမိနှစ်သက်ရာ moisturizer တစ်မျိုးမျိုးကို သုံးပြီး အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းလို့ ရပါတယ်။
Moisturizer သုံးမယ်ဆိုရင် ခရင်မ်ကို ခြေဖဝါးတစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရမှာဖြစ်ပြီး ပြီးရင် ခြေ
အိတ်အပါးလေးနဲ့ ခဏလောက် စွပ်ထားပေးလိုက်ပါ။ ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။
ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။
credit