ဘုရားပန်းအိုးလဲတဲ့ခါပန်းအရိုးတံပုပ်တာမဖြစ်ပဲပန်းကြာကြာခံအောင် ပြုလုပ်နည်းလျှို့ဝှက်ချက်

Posted by

ပန်းအိုးထိုးတဲ့အခါပန်းတွေကိုကြာကြာခံနေစေမယ့်နည်းလမ်းတွေရှိပါတယ်အလုပ်စားပွဲမှာအလှပန်းအိုးထိုးတာမျိုး ဖြစ်ဖြစ်၊သင့်အိမ်ဧည့်ခန်းမှာအလှဆင် တာမျိုးနဲ့ဘုရားမှာပန်းအိုးထိုးပြီးပန်းကပ်ပူဇော်တဲ့အခါပန်းတွေခဏလေးနဲ့ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်

အခု ဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေပဲ ဖြစ်ပါတယ်၁ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီးပန်းအိုးထိုးတာမျိုးကိုချက်ချင်းမလုပ်ဘဲ

ပန်းအရိုးရဲ့ အောက်ခြေပင်စည်ကို၂လက်မခန့်ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှထိုးပေးသင့်ပါတယ်ဒီလို ပြုလုပ်ပေးခြင်းဟာပန်းတွေ ရေစုပ်အားပိုမို ကောင်းမွန်စေပြီးကြာကြာခံစေပါတယ်

(၂)ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့
အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်ဒီလို ပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါပန်းအိုးထဲက ရေပုပ်နံ့လိုအနံ့မကောင်းတာမျိုးကိုဖယ်ရှားပေးနိုင်တဲ့အပြင်ပန်းအရိုးတံပုပ်ပြီးအညှိုးနွမ်းမြန်တာမျိုးကိုလည်းမဖြစ်စေနိုင်ပါဘူး

(၃)ပန်းအိုးထိုးပြီးတဲ့အခါအခန်းအပူချိန်ပေါ်မူတည်ပြီး ရေကိုရက်ခြား ဆိုသလိုပုံမှန်လဲလှယ် ပေးသင့်ပါတယ် ရေလဲတဲ့အခါတိုင်းလည်းပန်းအရိုးတံကိုလိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်

၄ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲက ရေထဲကိုမုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၁ဇွန်းစာခန့်ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေအချိန်ကြာလို့ အနံ့အသက်မကောင်းတော့တာမျိုးလည်းမဖြစ်စေနိုင်ပါဘူး

(၅)ပန်းတွေကြာကြာခံစေမယ့် နောက်ထပ်နည်းလမ်းကောင်းတခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲက ရေထဲကိုပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့သကြားလက်ဖက်ရည်ဇွန်းတဝက်စာခန့်ကို ရောစပ်ပြီးထည့်ပေးရမှာပါ

ပန်းသီးရှာလကာရည်ဟာပန်းအရိုးတံ တွေကိုပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီးသကြားကတော့ပန်းတွေကိုကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်ဟယ်လ်သင်(ဧရာဝတီ)
credit
zawgyi
ပန္းအိုးထိုးတဲ့အခါပန္းေတြကိုၾကာၾကာခံေနေစမယ့္နည္းလမ္းေတြရွိပါတယ္အလုပ္စားပြဲမွာအလွပန္းအိုးထိုးတာမ်ိဳး ျဖစ္ျဖစ္၊သင့္အိမ္ဧည့္ခန္းမွာအလွဆင္ တာမ်ိဳးနဲ႕ဘုရားမွာပန္းအိုးထိုးၿပီးပန္းကပ္ပူေဇာ္တဲ့အခါပန္းေတြခဏေလးနဲ႕ညွိုးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔စိတ္အႏွောင့္အယွက္ျဖစ္ရပါတယ္

အခု ေဖာ္ျပေပးမယ့္နည္းလမ္းေတြကေတာ့ပန္းအိုးထိုးတဲ့အခါပန္းေတြၾကာၾကာခံေနေစမယ့္နည္းလမ္းေတြပဲ ျဖစ္ပါတယ္၁ပန္းေတြဝယ္လာတဲ့အခါ ေရေဆးၿပီးပန္းအိုးထိုးတာမ်ိဳးကိုခ်က္ခ်င္းမလုပ္ဘဲ

ပန္းအရိုးရဲ႕ ေအာက္ေျခပင္စည္ကို၂လက္မခန႔္ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွထိုးေပးသင့္ပါတယ္ဒီလို ျပဳလုပ္ေပးျခင္းဟာပန္းေတြ ေရစုပ္အားပိုမို ေကာင္းမြန္ေစၿပီးၾကာၾကာခံေစပါတယ္

(၂)ပန္းအိုးထိုးတဲ့အခါပန္းအိုးထဲက ေရနဲ႕ အနီးစပ္ဆုံးျဖစ္ေနတဲ့
အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္ဒီလို ျပဳလုပ္ေပးျခင္းဟာရက္အနည္းငယ္ၾကာတဲ့အခါပန္းအိုးထဲက ေရပုပ္နံ႕လိုအနံ႕မေကာင္းတာမ်ိဳးကိုဖယ္ရွားေပးနိုင္တဲ့အျပင္ပန္းအရိုးတံပုပ္ၿပီးအညွိုးႏြမ္းျမန္တာမ်ိဳးကိုလည္းမျဖစ္ေစနိုင္ပါဘူး

(၃)ပန္းအိုးထိုးၿပီးတဲ့အခါအခန္းအပူခ်ိန္ေပၚမူတည္ၿပီး ေရကိုရက္ျခား ဆိုသလိုပုံမွန္လဲလွယ္ ေပးသင့္ပါတယ္ ေရလဲတဲ့အခါတိုင္းလည္းပန္းအရိုးတံကိုလိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္

၄ပန္းအိုးထိုးတဲ့အခါပန္းအိုးထဲက ေရထဲကိုမုန႔္ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္း၁ဇြန္းစာခန႔္ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာခံေစနိုင္တဲ့အျပင္ပန္းအိုးထဲကေရေတြအခ်ိန္ၾကာလို႔ အနံ႕အသက္မေကာင္းေတာ့တာမ်ိဳးလည္းမျဖစ္ေစနိုင္ပါဘူး

(၅)ပန္းေတြၾကာၾကာခံေစမယ့္ ေနာက္ထပ္နည္းလမ္းေကာင္းတခုကေတာ့ပန္းအိုးထိုးတဲ့အခါတိုင္းပန္းအိုးထဲက ေရထဲကိုပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္း၂ဇြန္းနဲ႕သၾကားလက္ဖက္ရည္ဇြန္းတဝက္စာခန႔္ကို ေရာစပ္ၿပီးထည့္ေပးရမွာပါ

ပန္းသီးရွာလကာရည္ဟာပန္းအရိုးတံ ေတြကိုပုပ္ေစနိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစနိုင္ၿပီးသၾကားကေတာ့ပန္းေတြကိုၾကာၾကာခံေစနိုင္တဲ့အစြမ္းရွိပါတယ္ဟယ္လ္သင္(ဧရာဝတီ)
credit