နှစ်ချီလေငန်းကို ပျောက်ဖို့အာမခံတဲ့ တိုင်းရင်းဆေးဆရာကြီး၏ လက်တွေ့ကုသတဲ့နည်း

လေငန်းဖြစ်တာ နှစ်နဲ့ချီနေပါပြီ။ ပါးစပ်က ရွဲ့ပြီးတော့ အပေါင်းအသင်းတွေတောင် မတွေ့ရဲလောက်အောင်ပါပဲ။

ဒီလိုအဖြစ်ကို ဆရာကြီးရဲ့ဆေးနည်းနဲ့တွေ့မှပဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေ အတွက်လည်း ဆရာကြီး

ရဲ့ ခွင့်ပြုချက်ဖြင့် ကုသိုလ်ဖြစ် ပြန်လည်ဝေမျှပေးပါတယ်။နှစ်ချီလေငန်းနှင့်ပါးရွဲ့ ပါးစပ်ရွဲ့ သူများအတွက်ဆေးနည်း/

ကြွေပုတ်အလုံး = ၁၀ လုံး မီးဖုတ်ပါ အက်ကွဲလာလျှင် အမှုန့်ညက်အောင်ထောင်းပြီး အမှုံ့ချယူပြီး လေလံဲုသော

ပုလင်း ( သို့ ) ဘူး ထဲထည့်သိမ်းထားပါ ။လေငန်းနှင့်ပါးရွဲ့ ပါးစပ်ရွဲ့သူအားလူးမည့်အချိန်တွင် အထက်ပါ ဆေးအမှုန့်

ကို လိမ်းရမည့် အနေအထားကို အကြမ်းပုဂံလုံးထဲသို့ထည့်ပါ။

ထို့နောက် ပရုပ်နှင့် မှင်သော်ကိုလည်း သင့်တင့်အောင်မှန်းပြီး ရောစပ်ထည့်ပါ ။( မှင်သော်ကို အမှုန့်ထောင်းပါ )

ထိုသုံးမျိုးရောစပ်ထည့်ပြီးလျှင် ရှောက်ရည်တခြမ်းခန့် လိမ်းလောက်ရုံ ညှစ်ထည့်ပါ ။

ထိုအခါ ဆေးရည်မှာ ဆူပွက်လာပါလိမ့်မည် ထိုဆေးရည်အား လေငန်းရောဂါဖြစ်နေသော နေရာအား ပြန်တည့်အော

င်ဆွဲလူးပေးပြီးလျှင် ရှောက်သီးတစ်လုံးဖြင့် အလိုက်သင့်ပြန်ဆွဲပေးရပါသည် ။လေငန်းရောဂါဖြစ်နေသော မေးရွဲ့ ပါး

ရွဲ့ မျက်စိနှိမ့် စသည့်နေရာများကို ဘယ်ဖက်မှဖြစ်လျှင် ဘယ်ဖက်သို့ ညာဖက်မှဖြစ်လျှင် ညာဖက်သို့ ဆေးရည်ကို

ဆွဲလူးပေး လိမ်းပေးပြီးလျှင် ၎င်း လိမ်းပြီးသောနေရာများကို ရှောက်သီးဖြင့်

လှိမ့်ဆွဲ … ဆွဲပေးခြင်း အားဖြင့် ပြန်တည့်သွားပါလိမ့်မည် ။မှတ်ချက် ။ ။ ကြွေပုတ် ကြွေးပစ်ကစားသောကြွေစေ့

/ / မှင်သော် / / ပရုပ် တို့အား ပရဆေးဆိုင်များတွင် ရရှိနိုင်ပါသည် ။မှင်သော် ၁ ကျပ်သား ၄၀၀၀ ခန့် ၊ပရုပ်

၁ ကျပ်သား ၁၀၀၀ ခန့် ရှိပါသည်။ ။တိုင်းရင်းဆေးဆရာကြီး ဦးတင်ထွေး လက်တွေ့ကုသသောဆေးနည်းဖြစ်ပါသည် ။

crd

Leave a Reply

Your email address will not be published.