အစွန်းချွတ်ဆေးတွေမသုံးဘဲရှူးဖိနပ်တွေကို ပြန်လည် ဖြူဖွေးစေမယ့်နည်းလမ်းများ

Posted by

အစွန်းချွတ်ဆေးတွေအသုံးပြုခြင်းဟာအခန့်မသင့်ရင်အဖြူရောင်Sneaker တွေကိုအရောင် ပြောင်းစေနိုင်ပါတယ်သင့်အနေနဲ့အဖြူရောင်Sneakerဖိနပ်လေးတွေကိုစီးရတာကြိုက်နှစ်သက်ပေမယ့်ညစ်ပေလွယ်တာကြောင့်သိပ်မစီးဖြစ်ဘူးဆိုရင်တော့ဒါတွေကို ဖြေရှင်းပေးမယ့်နည်းလမ်းကောင်းလေးတွေရှိပါတယ်

အစွန်းချွတ်ဆေးတွေအသုံးပြုခြင်းဟာအခန့်မသင့်ရင်အဖြူရောင်Sneaker တွေကိုအရောင်ပြောင်းစေနိုင်တာကြောင့် အစွန်းချွတ်ဆေးတွေအသုံးမပြုဘဲအဖြူရောင်ရှုးဖိနပ်တွေကို ပြန်လည်ဖြူဖွေးစေမယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁)သံပုရာသီးနှစ်လုံးကို
အရည်ညှစ်ပြီးယူထားတဲ့သံပရာရည်အနည်းငယ်နဲ့ ရေခပ်နွေးနွေးအနည်းငယ်ကို ရောစပ်ထားတဲ့အရည်ထဲကို အဖြူရောင်ရှုးဖိနပ်ထည့်ပြီးတညခန့် ရေစိမ်ထားပြီးမှပွတ်တိုက်သန့်ရှင်းပေးပါပြီးရင်တော့ရေခပ်နွေးနွေးနဲ့ဆေးကြောပေးပြီး
အခြောက်ခံထားလိုက်ရုံနဲ့ ဖြူဖွေးတောက်ပြောင်စေမှာ ဖြစ်ပါတယ်

၂ နေရောင်ခြည်ဟာဖိနပ်ပေါ်ကညစ်ပေနေတဲ့အစွန်းအထင်းတွေကို ပြန့်မသွားအောင်တားဆီးပေးနိုင်ပြီးသန့်ရှင်းရေးပြုလုပ်ရလွယ်ကူစေနိုင်တာကြောင့်ညစ်ပေနေတဲ့
အဖြူရောင်ရှုးဖိနပ်တွေကို နေပူပူမှာ ခြောက်သွေ့နေအောင်လှမ်းပြီးမှပန်းကန်ဆေးဆပ်ပြာဆီနဲ့ ရေနွေးအနည်းငယ်ကိုအသုံးပြုပြီးတိုက်ချွတ်ပေးခြင်းအားဖြင့်သန့်ရှင်းတောက်ပြောင် စေနိုင်ပါတယ်

(၃)မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး ဆေးကြော သန့်စင်ပေးခြင်းအားဖြင့်လည်းသင့်ရဲ့အဖြူရောင်ရှုးဖိနပ်တွေကို ပြန်လည်တောက်ပစေမှာ ဖြစ်ပါတယ်

(၄)အိမ်မှာအလွယ်တကူရှိတဲ့သွားတိုက်ဆေးအနည်းငယ်ကိုသွားပွတ်တံအဟောင်းတခုအသုံးပြုပြီးအဖြူရောင်ရှူးဖိနပ်တွေကိုပွတ်တိုက်ဆေးကြော ပေးခြင်းအားဖြင့်လည် ပြန်လည် ဖြူဖွေးတောက်ပြောင်စေနိုင်ပါတယ်
credit
zawgyi






credit