ဂိမ်းကို ဆယ်ကျော်သက်တွေ၊ ကလေးတွေသာ ကစားနိုင်ရင် တရားမျှတမှာ မဟုတ်ဘူးဆိုတဲ့ အသက်အကြီးဆုံး ဂိမ်းကစားသမား

ဂိမ်းတွေကို ဆယ်ကျော်သက်တွေ၊ ကလေးတွေသာ ကစားနိုင်ရင် တရားမျှတမှာ မဟုတ်ဘူးလို့ Gamer Grandma လို့ခေါ်တဲ့ ကြီးမားတဲ့ YouTube channel ရှိ ဂျပန်ဂိမ်းကစားသမား Hamako Mori က ပြောပါတယ်။ Mori ဟာ ၎င်းဂိမ်းကို လွန်ခဲ့တဲ့ ၃၉ နှစ်ကစတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ YouTube channel တစ်ခုကို ဖန်တီးခဲ့ပါတယ် ။

ထိုပါရမီရှိတဲ့ အဖွားက တစ်လလျှင် အနည်းဆုံး ဗီဒီယို ၄ ခုတင်ပါတယ် ။ သူမရဲ့ clip များ ပါဝင်မှုက console အသစ်တစ်ခု ဝယ်ပြီးနောက် Unboxing clips များ အပါအဝင် Game များ ဖြစ်တဲ့

Call of Duty, Resident Evil 3, Battlefield နဲ့ အခြားအရာများ ကဲ့သို့ဂိမ်းများကို ထုပ်လုပ်ပါတယ် ။ အချိန်ကြာမြင့်စွာ ဂိမ်းကစားပြီးနောက် Mori က “ဂိမ်းကစားခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ငါခံစားရတယ်။

ငါ့ဘဝကို များစွာပျော်ရွှင်စေတယ်” လို့ ဆိုခဲ့ပါတယ် ။ထိုမတိုင်မီက Mori ဟာ မွေးနေ့ပွဲအတွင်းမှာ သူမအကြိုက်ဆုံးဂိမ်းဖြစ်တဲ့ Grand Theft Auto V (GTA) မှာ ဂိမ်းများစွာကို နှစ်သက်ကြောင်းပြသတဲ့ ကလစ်ကို ထုတ်လွှတ်ခဲ့ပါတယ် ။

ထို့အပြင် အဘွားဟာ ဆယ်စုနှစ်များစွာ ကစားစရာများကို သိုလှောင်ထားခဲ့ပြီး ပထမတစ်ခုက ၁၉၈၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ဂျပန်မှာ ရောင်းချတဲ့ Cassette Vision ဖြစ်ပါတယ် ။

Mori ကို Guinness Book မှာ မှတ်တမ်းတင်ပြီးနောက် Mori ဟာ သူမရဲ့ YouTube channel မှတဆင့် သူမရဲ့ Follower အားလုံးကို ကျေးဇူးတင်ကြောင်း ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ် ။ “လောကမှာ ငါတစ်နည်းနည်းနဲ့ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှမထင်ခဲ့ဘူး ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။credit
zawgyi

ဂိမ္းေတြကို ဆယ္ေက်ာ္သက္ေတြ၊ ကေလးေတြသာ ကစားနိုင္ရင္ တရားမွ်တမွာ မဟုတ္ဘူးလို႔ Gamer Grandma လို႔ေခၚတဲ့ ႀကီးမားတဲ့ YouTube channel ရွိ ဂ်ပန္ဂိမ္းကစားသမား Hamako Mori က ေျပာပါတယ္။ Mori ဟာ ၎ဂိမ္းကို လြန္ခဲ့တဲ့ ၃၉ ႏွစ္ကစတင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ YouTube channel တစ္ခုကို ဖန္တီးခဲ့ပါတယ္ ။

ထိုပါရမီရွိတဲ့ အဖြားက တစ္လလွ်င္ အနည္းဆုံး ဗီဒီယို ၄ ခုတင္ပါတယ္ ။ သူမရဲ႕ clip မ်ား ပါဝင္မႈက console အသစ္တစ္ခု ဝယ္ၿပီးေနာက္ Unboxing clips မ်ား အပါအဝင္ Game မ်ား ျဖစ္တဲ့

Call of Duty, Resident Evil 3, Battlefield နဲ႕ အျခားအရာမ်ား ကဲ့သို႔ဂိမ္းမ်ားကို ထုပ္လုပ္ပါတယ္ ။ အခ်ိန္ၾကာျမင့္စြာ ဂိမ္းကစားၿပီးေနာက္ Mori က ဂိမ္းကစားျခင္းဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ငါခံစားရတယ္။

ငါ့ဘဝကို မ်ားစြာေပ်ာ္႐ႊင္ေစတယ္ လို႔ ဆိုခဲ့ပါတယ္ ။ထိုမတိုင္မီက Mori ဟာ ေမြးေန႕ပြဲအတြင္းမွာ သူမအႀကိဳက္ဆုံးဂိမ္းျဖစ္တဲ့ Grand Theft Auto V (GTA) မွာ ဂိမ္းမ်ားစြာကို ႏွစ္သက္ေၾကာင္းျပသတဲ့ ကလစ္ကို ထုတ္လႊတ္ခဲ့ပါတယ္ ။

ထို႔အျပင္ အဘြားဟာ ဆယ္စုႏွစ္မ်ားစြာ ကစားစရာမ်ားကို သိုေလွာင္ထားခဲ့ၿပီး ပထမတစ္ခုက ၁၉၈၀ ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႕က ဂ်ပန္မွာ ေရာင္းခ်တဲ့ Cassette Vision ျဖစ္ပါတယ္ ။

Mori ကို Guinness Book မွာ မွတ္တမ္းတင္ၿပီးေနာက္ Mori ဟာ သူမရဲ႕ YouTube channel မွတဆင့္ သူမရဲ႕ Follower အားလုံးကို ေက်းဇူးတင္ေၾကာင္း ဗီဒီယိုတစ္ခုတင္ခဲ့ပါတယ္ ။ ေလာကမွာ ငါတစ္နည္းနည္းနဲ႕ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ငါဘယ္တုန္းကမွမထင္ခဲ့ဘူး ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။credit

Leave a Reply

Your email address will not be published.