အပင်ကို(ထုံးသုတ်သင့်တဲ့)အကြောင်းအရင်းနှင့်အကျိုးကျေးဇူးများ

Posted by

သစ်ပင်စိုက်သူတိုင်းအပင်ကိုထုံးသုတ်သင့်တဲ့အကြောင်းအရင်းနှင့်အကျိုးကျေးဇူးများသစ်ပင်စိုက်တဲ့သူတိုင်းသစ်ပင်ကိုထုံးသုတ်ရမှာသိပါတယ်ဒါပေမယ့်ဘာလို့သုတ်လဲတော့ လူတိုင်းမသိပါဘူးသိပြီးသူများကျော်သွားပါထုံးဘာလို့သုတ်သလဲကျွန်တော်တို့ ဆောင်းရာသီမှာ နေ့ဘက်မှာပူပြီးညဘက်မှာ အေးပါတယ်။

နေ့ဘက်မှာပူတဲ့အပူဟာညဘက်မှာ အေးခြင်းကြောင့်အပင်ဟာအပူကို ပြန်လည်မစွန့်ထုတ်ပဲအပူကိုစုတ်ယူထားပါတယ်ယင်းအပူဟာအခေါက်ရဲ့အတွင်းပိုင်းမှာအောင်းနေတက်ပြီးယင်းအပူကြောင့်အခေါက်နဲ့ကပ်လျှက် ရှိနေတဲ့(xylem)ရေကြောနဲ့phloemအစာကြောတွေရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်နိုင်တော့ပါဘူးယင်းသို့အပူအအေးမညီမျှမှုဆက်တိုက် ဖြစ်လာတဲ့

အခါမှာအစာကြောရေကြောများတဖြည်းဖြည်းပျက်စီးလာပါတယ်ယင်းသို့ပျက်စီးခြင်းကြောင့်အပင်ရဲ့အခေါက်ကိုအာဟာရတွေမရောက်ရှိနိုင်ပဲအပင်ရဲ့အခေါက်ဟာပျက်စီးပြီးကွဲအက်လာပါတယ်လူတွေ ဆောင်းရာသီမှာ

အသားအရေပျက်စီးသကဲ့သို့အပင်အခေါက်တွေဟာလည်းပျက်စီးပါတယ်ဒီလိုအခေါက်တွေကွဲအပ်ခြင်းကြောင့်အခေါက်ကွဲတွေရဲ့အတွင်းပိုင်းဟာအင်းဆက်insectပိုးများခိုအောင်းရာအိမ်သဖွယ်ဖြစ်လာပါတယ်၎င်းအင်းဆက်များနှင့်အတူ

ဘက္တီးရီယား(bacteria)ပိုးများနှင့်မှိုများပါပါလာတက်ပြီးအပင်ကို ရောဂါဝင်စေပါနိုင်ပါတယ်ထိုအပြင်အခေါက်ကွဲများကြားမှပင်စည်ထိုးပိုးStem Borerဟာ လွယ်ကူစွာဝင်ရောက်နိုင်ပြီးပင်စည်ကိုဖျက်ဆီးပါတော့တယ်

ပင်စည်ထဲပိုးဝင်ရင်ကျွန်တော်တို့သတ်ဖို့ခက်ခဲပါတယ်ဒီလို ဖြစ်စဉ်မဖြစ်အောင်အပင်ကိုထုံးသုတ်ခြင်းဖြင့်ကျွန်တော်တို့ကာကွယ်နိုင်ပါတယ်ထုံးသုတ်ခြင်းဖြင့်ထုံးဟာအဖြူရောင်ဖြစ်ခြင်းကြောင့် နေရဲ့အလင်းကိုအရောင်ပြန်နိုင်ပြီး

အပူကိုအပင်မှမစုတ်ယူနိုင်တော့ပါဘူးအပူသက်သာခြင်းကြောင့်အခေါက်များမပျက်စီးနိုင်တော့သဖြင့်အပင် ရောဂါဝင်ခြင်းမှလည်းကာကွယ်ပြီးသား ဖြစ်သွားပါတယ်ထုံးသုတ်ရာမှာဆာလဖာ(ခေါ်)ကန့်အနည်းငယ်ထည့်ပြီး

သုတ်ခြင်းဖြင့်မှိုရောဂါကိုကာကွယ်နိုင်ပါတယ်ထို့အတူတမာဆီနဲ့ရောပြီးထုံးသုတ်ခြင်းဖြင့်လည်း ရောဂါပိုးမွှားများ သေစေခြင်း၊ ခြ၊ပုရွက်ဆိတ်ပင်စည်ထိုးပိုး(Stem Borer)အေခါက္ထိုးပိုးSkin Borerများ၏ဇီဝကမ္မဖြစ်စဉ်များကမောက်ကမ ဖြစ်ပြီးအပင်ကိုဖျက်ဆီးခြင်းမှကာကွယ်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်

ထုံးသုတ်ရာမှာတစ်ခါတည်းအပြီးမသုတ်ပဲပထမအကြိမ်ခပ်ပါးပါးသုတ်ပြီးခြောက်သွားမှတခါထပ်သုတ်တာပိုကောင်းပါတယ်ဒါကြောင့်မန်ဂျန်ရှားကိုစိုက်ပျိုးသူများအနေဖြင့်မိမိတို့အပင်ကိုမိုးကုန်တာနဲ့ထုံးသုတ်ထားသင့်ပါကြောင်းတင်ပြလိုက်ပါတယ်
credit
zawgyi









credit