ဒီတစ်ခါ မိတ်ဆွေတို့ကို ပြောပြမယ့် ကျန်းမာရေးဗဟုသုတကတော့ သွေးကြောထုံးခြင်း၊ သွေးကြောဆုံခြင်းကို ခရမ်းချဉ်သီးဖြင့်ကုသနိုင်တဲ့ သဘာဝဆေးနည်းပဲ ဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်ပြီး ဆေးရုံဆေးခန်းကို အလွယ်တကူ
တက်နိုင်သူတွေအတွက်တော့ ခေတ်မီဆေးကုထုံးများစွာ ရှိနေပေမယ့် ဆေးရုံနဲ့အလှမ်းဝေးသူများအတွ
က်တော့ ဒီသဘာဝကုထုံးဟာ တကယ်ကို အကျိုးရှိစေမှာပါ။ ခရမ်းချဉ်သီးဟာ လူသားတွေအတွက်
အာဟာရအဖြစ် အကျိုးပြု
ပေးနိုင်ရုံမက ကျန်းမာရေးအတွက်ကိုလည်း များစွာအထောက်အကူပြုပေးနိုင်တဲ့ အံ့ဖွယ်သဘာဝဆေး
တစ်မျိုး ဖြစ်နေပါတယ်။ အလှအပအတွက်ခရမ်းချဉ်သီး ဆိုတဲ့အကြောင်းကို အရင်ပတ်က တင်ပြပေးခဲ့ပြီးပြီမို့ ဒီတစ်ခါတော့
အကြောထုံးခြင်းအတွက် ခရမ်းချဉ်သီးကုထုံးအကြောင်းကို ပြောပြပါမယ်။
(၁) ခရမ်းချဉ်သီး အစိမ်း၂ လုံးခန့်ကို သန့်စင်အောင် ဆေးကြောပြီး အကွင်းလိုက် လှီးထားပါ။(၂)
ပုံထဲမှာမြင်ရတဲ့အတိုင်း အကြောထုံးတဲ့နေရာကို ခရမ်းချဉ်းကွင်းကို အုပ်ထားပါ။ လိုအပ်ပါက ပတ်တီးခပ်ဖွဖွလေး စည်းပေး
ထားပါ။(၃) ခဏအကြာမှာ စပ်ဖျင်းဖျင်းခံစားလာရင် ခွါလိုက်ပါ။ အဲဒီနေရာကို ရေအေးနဲ့ ဆေးပေး
လိုက်ပါ။ တစ်ရက်ကို ၄ ကြိမ်ခန့် ဆက်တိုက်လုပ်ပေးပါ။ခရမ်းချဉ်သီးကို အစိမ်းရော အမှည့်
(အနီရောင်)ပါ အသုံးပြုနိုင်ပါတယ်။
ပျော့နေတဲ့အသီးကိုမသုံးပဲ ခပ်လတ်လတ်၊ မာဆတ်ဆတ်လေးဆိုရင် ပိုအဆင်ပြေစေပါမယ်။ ဘေးထွက်
ဆိုးကျိုးမရှိတဲ့ သဘာဝနည်းဖြစ်တဲ့အတွက် စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါတယ်။ ၂ ပတ်အတွင်း ပုံထဲကအတိုင်း
သိသာစွာ ပျောက်ကင်းသွားပါလိမ့်မည်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ။
Credit