ဆောင်းတွင်းနဲ့ နွေရာသီမှာ ဘာအကာအကွယ်မှမပါပဲ နေပူထဲအကြာကြီးသွားရင် မျက်နှာအသားအရေထိခိုက်ပြီး နေလောင်ခံရပါလိမ့်မယ်။ မျက်နှာအသားအရေက အရေးကြီးတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။တကယ်လို့ နေလောင်ခံထားရရင်လည်း အိမ်မှာပဲ ပြန်လည်ကုသလို့ရအောင် အကောင်းဆုံးနည်းလမ်းလေး တွေမျှဝေပေးလိုက်တယ်နော်။
(၁)ရေများများသောက်ပါ
နေလောင်ခံထားရရင် အိမ်ပြန်ရောက်တာနဲ့ ရေများများသောက်ပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေပဲသောက်ပါ။
(၂) သခွားသီး
သခွားသီး ကို မွှေစက်နှင့်ကြိတ်ပြီး ရလာတဲ့အနှစ်ကို နေလောင်ဒဏ်ရာရသည့် အရေပြားပေါ်တွင် ကပ်ပေးပါ။ မျက်နှာပေါ်မှာလည်း ကပ်နိုင်ပါတယ်။ သခွားသီးမှာ ပါတဲ့ အကိုက်အခဲပျောက်စေသည့် အစွမ်းနှင့် အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် နေလောင်ဒဏ်ရာများကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။
(၃) လက်ဖက်ခြောက်
ရေနွေးကြမ်းသောက်ပြီး ကျန်သော လက်ဖက်ခြောက်ကို သန့်ရှင်းသောအဝတ်စနှင့် ထုပ်ပြီး နေလောင်ထားသည့် အရေပြားတွင် ကပ်ပေးပါ။ လက်ဖက်ခြောက်တွင် ပါဝင်သည့် တန်းနစ်အက်ဆစ်က နေလောင်ဒဏ်ရာမှ အပူများကို စုပ်ယူနိုင်သော ဂုဏ်သတ္တိရှိပါတယ်။
(၄) ဗီတာမင်အီး
နေလောင်နေသော အရေပြားတွင် ဗီတာမင်အီးအဆီလိမ်းပေးပါက အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်အီးက အင်တီအောက်ဆီးဒင့် တစ်မျိုုးလည်းဖြစ်ပါတယ်။
(၅) နောက်တစ်ခုက နို့အေးပါ။
သူက အရေပြားနေလောင်ဒဏ်ရာကို ကုသပေးသည့်အရာဖြစ်တယ်။ နို့ထဲတွင်ပါတဲ့ ပရိုတင်းက နေလောင်ဒဏ်ကြောင့် ဖြစ်သည့် အရေပြားဝေဒနာမှန်သမျှကို သက်သာစေနိုင်ပါတယ်။
(၆)ရေခဲရေနဲ့မျက်နှာသစ်ပါ
မျက်နှာသစ်တဲ့အခါမှာ ရေခဲရေနဲ့ သစ်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖြေးဖြေးချင်းစီ ဖိဖိပြီးသုတ်ပါ။ ပွတ်ပြီးသုတ်တာမျိုး မလုပ်ပါနဲ့။ ရေခဲတုံးကပ်ပေးလည်းရပါတယ်။ဒီလိုလုပ်ရာမှာ တခုသတိထားရမှာက နေပူထဲက ပြန်လာလာခြင်း မလုပ်ဖို့ပါ။
(၇) ရှားစောင်းလက်ပတ်အနှစ်လိမ်းပါ။
ရှားစောင်းအနှစ်က နေလောင်ခြင်းအတွက် အထိရောက်ဆုံးထဲကတစ်နည်းပါ။ရှားစောင်းလက်ပတ်မှာ Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ များပြားစွာ ပါဝင်ပါတယ်။
ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာ အရေပြားအနာတွေနဲ့ အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်တာ အချို့ကိုလည်းသက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။ရှားစောင်းအနှစ်ကိုလိမ်းပြီး 15မိနစ်ခန့်ကြာရင်ရေဆေးချပါ။
(၈) သဘောင်္သီးမှည့်နဲ့ ပျားရည် ရောစပ်ပြီးလိမ်းပါ။
သဘောင်္သီးမှည့်ကို ချေပြီး ပျားရည်အသင့်တင့်ရောကာ နေလောင်ပျက်စီးနေတဲ့ အသားအရေတွေပေါ်ကို လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်လောက်ထားပြီးနောက် ရေသန့်နဲ့ဆေးချပေးပါ။ ရေခဲသေတ္တာထဲထည့် အအေးခံပြီးမှ လိမ်းရင် အေးအေးလေးလည်း လိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။
(၉) အာလူးကပ်ပါ။
အာလူးကို ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားတွေနဲ့ နေလောင်ထားတဲ့ အသားအရေ နေရာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း တနေ့ ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ နေလောင်ခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၁၀) ဒိန်ချဉ်
ဒိန်ချဉ်ဟာ နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေနိုင်တဲ့အပြင် နေလောင်ခြင်းကြောင့် အသားအရေ နီမြန်းရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်ကို နေလောင်ထားတဲ့ အသားအရေပေါ် သုတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပေးပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။
Crd