၅ ရက်အတွင်း လုံးဝ ပျောက်ပါသည်။ ဒီဆေးနည်းလေးကတော့ ကျွန်မ မျက်မြင် ဆေးနည်းလေး ဖြစ်တာ
ကြောင့် မျှဝေ ပေးလိုက်ပါတယ်။ ကျွန်မမောင်လေး ခြေထောက်မှာ ကြွက်နို့ပေါက်တာ သုံးလုံးထိ ဖြစ်လာပါရဲ့။ ဆေးနည်း
တွေ စမ်းကြည့်ပေမဲ့ မပျောက်ပါဘူး။မုံထူး ကျေးရွာက ကိုညိုမောင် ပြောပြတဲ့ ဆေးနည်းနဲ့ သုံးရက်
ပဲ ကြာပါတယ်။ ကြွက်နို့ လုံးဝ ပျောက်သွားပါတယ်။ ကိုယ်တိုင် ကြွက်နို့ပေါက်တဲ့ မောင်လေးက စိ
တ်ရှည်ရှည်နဲ့ လိမ်းနည်း
အဆင့်ဆင့်အပြင် ခြံထဲကဧကရာဇ် အပင် အမြစ်တို့ကိုပါ ဓာတ်ပုံရိုက်ပေးလို့ သေသေချာချာ တင်ပေး
လိုက်ပါတယ်။သူ့ခြေထောက်မှာ ကြွက်နို့က အ မာရွတ်လောက်ပဲ ထင်ကျန်ခဲ့ပါတော့တယ်။ဆေးနည်းက
တော့ ဆန်အနည်းငယ်
ယူပါ။ ရေအနည်းငယ်ဖြင့် ဖျော်ပါ။ (မည်သည့်ဆန်မဆို)ဧကရာဇ် အမြစ်ကိုယူပြီး ဆန်ဆေးရည် အန
ည်းငယ်ဖြင့် ခပ်ပျစ်ပျစ် သွေးလိမ်းပါ။(အနာကို သွေး ထွက်အောင် ကုတ်ဖဲ့စရာ လုံးဝမလိုပါ) သနပ်
ခါး လိမ်းသလို ခပ်ပျစ်ပျစ်
လေး လိမ်းထားပါ။ဆေးခြောက်အောင် ထားပါ။ ရေ မစိုပါစေနှင့်။ အဝတ်စည်းထားရန် မလိုပါ။
တစ်နေ့ ၃ ကြိမ် နံနက် နေ့လည် ည လိမ်းပေးပါ။ မှတ်ချက် မောင်လေးကတော့ အလုပ် မ
အားလို့ တစ်နေ့ ၂ ကြိမ် နံနက် ညသာ လိမ်းပါသည်။၅ ရက်လောက်နေလျှင် လုံးဝ ပျောက်
ကင်းသွားပါမည်။
မုံထူး ကျေးရွာမှ ကိုညိုမောင်နှင့် မောင်ကျော်ကြီးအား အထူး ကျေးဇူးတင်ပါကြောင်း။ ကြွက်နို့
တွေပွားပြီး သတ်မရလို့ စိတ်ညစ်နေသူများအတွက် လက်တွေ့ ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူခြင်း မျှဝေခြင်းများ ပြုလုပ်နိုင်ပါတယ်။
crd